Thursday, August 9, 2012

အမျိုးသမီးကာယကြံ့ခိုင်မှုမယ်များပထမအကြိမ်ဝင်ပြိုင်ကြမည့်ကွမ်ကျိုးပြိုင်ပွဲ


တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် ကျင်းပပြုလုပ်မည့် (၄၆)ကြိမ်မြောက် အာရှကာယ ဗလနှင့်ကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ အမျိုးသမီးကာယ ကြံ့ခိုင်မှု အားကစားမယ်များ ပထမဦးဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဆိုင်းဘုတ် တင်ခွင့်မရတဲ့ တွံတေးမြို့



မောင်တောတွင် ဗုံးခွဲမည်ဆိုသော သတင်းကြောင့် အာဏာပိုင်များက လူစုလူဝေး မလုပ်ရန် ညွှန်ကြား



ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အကြမ်းဖက်သမားများက ဗုံးဖေါက်ခွဲမည် ဆိုသော သတင်းများကြောင့် အာဏာပိုင်များက ယနေ့တွင် ဈေးဆိုင်တန်းများ၊ လမ်းဘေးဈေးများကို ပိတ်ခိုင်းထားကြောင်း သတင်း ရရှိသည်။

ဆိုဒီ အစိုးရမှ လူမျိုးတုန်း သတ်ဖြတ်မူ ကျူးလွန်နေကြောင်း မြန်မာကို စွပ်စွဲ

ဆိုဒီအာရေးဗီးယား အစိုးရမှ ဗုဒ္ဓဘာသာ မြန်မာ အစိုးရသည် ရိုဟင်ဂျာ ဆိုသူများ အပေါ် လူမျိုးတုန်း သတ်ဖြတ်မူများ ပြုလုပ်နေကြောင်း တနင်္လာနေ့က စွပ်စွဲ ပြောကြားလိုက်သည်ဟု ဘင်္ဂလာဒေခ်ျ့ မှ ထုတ်ဝေသော The Daily Star သတင်းစာ အပါအ၀င် သတင်းစာ အများအပြားက ယနေ့ ဖေါ်ပြသည်။
အိန္ဒိယကို တရုတ်သမ္မတ လာရောက်လည်ပတ်စဉ် မိမိကိုယ်ကို မီးရှို့၍ ဆန္ဒပြသူ အသက် ၂၇ နှစ်အရွယ် တိဗက် လူငယ် တစ်ဦး၏ ပုံကို ရိုဟင်ဂျာ တစ်ဦး၏ ပုံဖြစ်သည်ဟု ဆိုကာ ပုံမှားရိုက်ပြီး  နိုင်ငံတကာ တွင် လိမ်လည်ပြီး ဖေါ်ပြခဲ့ကြသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ယနေ့ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

၈၈၈၈ နေ့အား သမိုင်းဝင်နေ့အဖြစ် တရားဝင်သတ်မှတ်စေလို


(၈)ရက်(၈)လ(၈၈)ခုနှစ် အထိမ်းအမှတ်နေ့အား မြန်မာနိုင်ငံသမိုင်းဝင် နေ့တစ်နေ့အဖြစ် တရားဝင် သတ်မှတ်ပေးရန် ၂၄နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့အခမ်းအနား သဘောထား ကြေညာ ချက်တွင် ထည့်သွင်းထားကြောင်း (၈၈)ကျောင်းသား ကိုတိုးကျော်လှိုင်က ရှစ်လေးလုံး နှစ်ပတ်လည် နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

ငမိုးရိပ်ရေလွှဲဆည်အနီးရှိ ကျေးရွာများတွင် ရေကြီးမှုကြောင့်စပါးများပျက်စီး ၍ လူတစ်ဦးသေဆုံး


ငမိုးရိပ်ရေလွှဲဆည် ရေထွက်ပေါက်များ ပိတ်ဆို့ထားခြင်းနှင့်အတူ ရက်ဆက်မိုးရွာသွန်းခြင်းကြောင့် ဒဂုံအရှေ့ပိုင်းနှင့် လှည်းကူးမြို့နယ်ရှိ ရွာ(၁၁)ရွာတွင် ရေဘေးဒုက္ခ ရင်ဆိုင်ခဲ့ရပြီး လူတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်တွင် အကြီးမားဆုံးရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ လိုအပ်ချက်များရှိနေ


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး   ရေကြီးမှုဖြစ်ပေါ်ကာ ဒေသခံရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။

စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်


ကမ္ဘာလှည့်ခရီးသည်များ တည်းခိုမှုအခက်အခဲအဆင်ပြေစေရန် ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံးချုပ်အား အဆင့်မြင့်ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရှိရသည်။

ရွှေဘိုနယ်တွင် အစုချလယ်စိုက်စနစ်က နှစ်ဦးနှစ်ဖက်အဆင်ပြေ


စပါးစိုက်တောင်သူများအနေဖြင့် လယ်အလုပ်သမားများနှင့် ဖက်စပ်၍ လယ်အစုချစိုက်ပျိုးရေး စနစ်ဖြင့် စိုက်ပျိုးလာခြင်းကြောင့် လယ်ယာမဲ့တောင်သူအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း တောင်သူများထံက သိရသည်။

ဝန်ထမ်းများ မိုဘိုင်းဖုန်း အရစ်ကျဝယ်ယူသည့် ကာလ ပြင်ဆင်သတ်မှတ်

ရန်ကုန် (မဇ္ဈိမ) ။       ။ အစိုးရဝန်ထမ်းများအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ GSM နှင့် WCDMA Sim ကတ်များ အရစ်ကျစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးနေရာ ပေးချေရမည့် ကာလအား ငါးလမှ တနှစ်ကျော်သို့ ပြောင်းလဲလိုက်
ကြောင်း ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူ နှစ်သောင်းနီးပါး ဒဏ်ရိုက်ခံရ

ရန်ကုန် (မဇ္ဈိမ) ။      ။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများအား ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု
ကော်မတီက ဇန်နဝါရီလမှ စတင် အရေးယူခဲ့ရာ ဇူလိုင်လ ကုန်အထိ ၁၉,၄၉၂ ဦးကို ဒဏ်ကြေးတပ် အရေးယူခဲ့သည်။

FEC ကို လာမည့်နှစ် မတ်လအတွင်း ဖျက်သိမ်းဖွယ်ရှိ

ရန်ကုန် (မဇ္ဈိမ) ။       ။ နှစ်ပေါင်း ၂ဝ ကြာ အသုံးပြုလာခဲ့သည့် နိုင်ငံခြားငွေ လဲလှယ်ခွင့် လက်မှတ် ဖြစ်သည့် Foreign Exchange Certificate - FEC ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် ကုန်မည့် ၂ဝ၁၃ ခုနှစ်၊ မတ်လအတွင်း ဖျက်သိမ်း သွားရန်ရှိသည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း က မဇ္ဈိမကို ပြောသည်။ 

အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကျောင်းသားတပ်မတော် မယုံကြည်

ချင်းမိုင်(မဇ္စျိမ) ။       ။ သမ္မတ ဦးသိန်းစိန်အနေဖြင့် ဒီမိုကရေစီလမ်းကြောင်း တည်ဆောက်နေသည်ဟု ဆိုသော်လည်း ကချင်ပြည်နယ်အတွင်းမှာမူ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့အကြား ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေ သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ကျောင်းသားတပ်မတော် က ပြောဆိုလိုက်သည်။

ကချင်ပြည်နယ်၊ ပူတာအို ဆန်ပြတ်နေဆဲ

ချင်းမိုင်(မဇ္စျိမ) ။      ။ ဆန်ရှားပါးမှု ကြုံတွေ့နေရသော ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအို ခရိုင်အတွင်းရှိ ကျေးရွာ များအား ကြံ့ခိုင်ရေးပါတီမှ ဆန်များ ရောင်းချပေးခြင်း ရပ်တန့်သွား၍ ဒေသခံများ ပိုမိုကြပ်တည်းလျက်ရှိသည်ဟု ပူတာအိုမြို့ခံများက ပြောသည်။