Thursday, August 9, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဆိုင်းဘုတ် တင်ခွင့်မရတဲ့ တွံတေးမြို့




ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ်၊ အရိုးတောင် ကျေးရွာအုပ်စု ဇောတိကျေးရွာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ်တင် ရုံးခန်းသစ်ဖွင့်ဖို့ သက်ဆိုင်ရာ
ကော်မရှင်ကို အကြောင်းကြားစာ တင်သွင်း လျှောက်တင်တဲ့ အပေါ် ကော်မရှင်က ဆိုင်းဘုတ် တင်ခြင်းကို တားမြစ် ပိတ်ပင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ 
တွံတေးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဆိုင်းဘုတ်တင် ရုံးခန်းသစ် ဖွင့်မယ်ဆိုရင် တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ
ဦးစံသိန်းတင်တဲ့ ဆိုင်းဘုတ်တွေကိုသာ အတည်ပြုမှာ ဖြစ်တယ်လို့ ကော်မရှင်က ဆိုပါတယ်။ ဒုဥက္ကဌ ဦးစံသိန်းဟာ အာဏာပိုင်တွေ ဓနရှင်တွေနဲ့ ပူးပေါင်းပြီး အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် တင်ပြီးဖြစ်တဲ့ ရပ်ကွက်တွေမှာ ဆိုင်းဘုတ် ၂ ခုစီဖြစ်အောင် လုပ်နေတယ်လို့ ဆိုပါတယ်။ ဦးစံသိန်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ဆိုင်းဘုတ်တွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးခန်းဘေးက ဇရပ်ပျက်တွေလို နေရာမျိုးကို ရွေးချယ်ပြီး လိုက်တင်နေတာ ဖြစ်တယ်လို့ ဒေသခံ အဖွဲ့ဝင်တွေက ဆိုပါတယ်။
အခုလို ဖြစ်ပျက်နေတာတွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သိရှိပြီး လာရောက် ဖြေရှင်းပေးဖို့ တွံတေးမြို့နယ်မှာ ရှိတဲ့ အဖွဲ့ချုပ်
အဖွဲ့ဝင်တွေက တောင်းဆို နေကြပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။