Thursday, August 9, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ်တစ်ကြိမ်တွေ့ဆုံမည်ဖြစ်ကြောင်း သြဂုတ် ၆ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာ တွင်ပြုလုပ်သည့် တိုင်းရင်းသားပါတီ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ''သြဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီမှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဖြစ်ပါတယ်။ တွေဆုံစဉ်မှာ ဒေါ် အောင်ဆန်းစုကြည် ပြောခဲ့တာက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တချို့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဥပမာ ရင်းနှီးမြှုပ်နှံမှု ဥပဒေဆွေးနွေးရာမှာ တိုင်းရင်းသားတွေလည်း ပါဝင်ဖို့လိုတယ်။ လွှတ်တော်မှာ ပြောဖို့ အလေ့အထမရှိတဲ့ ပြောဆိုမှုတွေကို ပူးပေါင်းတင်ပြဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ နှစ်ပတ်တစ်ကြိမ် တွေ့ဆုံဖို့လည်း စီစဉ်ခဲ့ကြပါတယ်''ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်၊ မွန်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်၊ ပအို့တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်၊ ၀တိုင်ရင်းသားလွှတ် တော်ကိုယ်စားလှယ်များနှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။