Thursday, August 9, 2012

 ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်စတင်


၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက စတင်၍ ထွက်ခွာခဲ့ကြောင်း သိရသည်။ အဆိုပါခရီးစဉ်တွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ အပါအ၀င်အဖွဲ့ဝင် ၅၀ ၀န်း ကျင်ခန့် သွားရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါခရီးစဉ်တွင် မန္တလေးမြို့တွင် သြဂုတ်လ ၈ ရက်နေ့တွင် ပြု လုပ်မည့် ၈၈၈၈ အရေးတော်ပုံ ငွေရတုအကြို ၀ါဆိုသင်္ကန်းကပ်လှူပွဲသို့ စတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး မန္တလေးမြို့မှတစ်ဆင့် မြစ်သားမြို့နယ်၊ မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်းတောင်းမြို့များနှင့် ရှမ်းပြည်နယ် နောင်ခမ်းမြို့များသို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့သို့ ကိုမင်းဇေယျာ ဦးဆောင်သည့် အဖွဲ့ဝင်ငါးဦးမှာ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့မှ လေကြောင်းလိုင်းဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၉ ရက်နေ့တွင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့ ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးသည်  မြစ်သားမြို့သို့ စတင်ထွက်ခွာပြီး ထိုမှတစ်ဆင့် မုံရွာ၊ ပခုက္ကူ၊ ရေစကြို၊ ကျောက်ပန်း တောင်းမြို့များသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်သွား ရောက်မည်ဖြစ်သည်။ 
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးတို့သည်  ရှမ်းပြည်နယ် နောင်ခမ်းသို့ ငါးရက်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး အဆိုပါ ခရီးစဉ်အတွင်း အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာသူများအား စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘ၀ အခက်အခဲများ ဖြေရှင်းနိုင်ရန် စွမ်းရည်မြှင့်တင်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။