Thursday, August 9, 2012

 အင်းစိန်မြို့နယ်တွင် ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှ တစ်ဆင့် ဂုံးတံတား ပလက်ဖောင်း ကျော်တက်မှုဖြစ်ပွား



boxer
အင်းစိန်ဂုံးတံတား အဆင်းတွင် ဘရိတ်ပေါက်ကာ ပလက်ဖောင်းအား ၀င်ရောက်တိုက်မိခဲ့သော ယာဉ်အား မီးသတ်တပ်ဖွဲ့ မှ ပြုပြင်ရှင်းလင်းမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန် မြို့နယ်ရှိ၊ ဂုံးတံတား ပလက်ဖောင်းအား ကျော်တက်မှုဖြစ်စဉ်တစ်ခု သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်ကျင် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

အဆိုပါ ဆီဘောက်စာကားမှာ လှိုင်သာယာမြို့နယ်မှ ခရမ်း၊ သုံးခွသို့ထွက်ခွာလာသော အဏ္ဍာဝါလွှမ်း ကုမ္ပဏီပိုင်ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရှိရသည်။
“ရှေကဖြတ်သွားတဲ့ စက်ဘီးကိုရှောင်လိုက်တာမှာ အရှိန်လွန်ပြီး ဘရိတ်ပေါက်သွားပြီး ရှေ့မှာရှိနေတဲ့ ခရီးသည်တင်ကားတွေကို တိုက်မိသွားမှာစိုးတဲ့အတွက် တံတားဂုံအဆင်းမှာရှိတဲ့ ပလက်ဖောင်းကိုပဲ အရှိန်သတ်တဲ့ အနေနဲ့ တိုက်လိုက်ခဲ့တာပါ” ဟု ဖြစ်စဉ်ကျူးလွန်သူ ယာဉ်မောင်း ကိုသန်းဇော်မိုးက ပြောကြားခဲ့သည်။
“သူ့ကားကို ဘရိတ်ပေါက်နေတဲ့အချိန်မှာ ရှေ့မှာခရီးသည်တင်ကားတွေ ရှိတယ်။ ဒီအချိန် မှာ သူဒီလို ဆုံးဖြတ်ချက်ချလိုက်တာ အရမ်းကောင်းတယ်လို့ပြောရမယ်” ဟု ယာဉ်ထိန်းရဲတစ်ဦး ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။