Thursday, August 9, 2012
 မော်တော်ယာဉ်ဈေးနှုန်းများ သတ်မှတ်မှုသည် အမှန်တကယ် ပေါက်ဈေးများနှင့် ယုတ္တိမတန်ဘဲ ကွာဟမှုရှိ၍ တင်သွင်းသူများ နစ်နာ
မော်တော်ယာဉ် တင်သွင်းခွင့်ပြုသည့် ဈေးနှုန်းများသတ်မှတ်ရာတွင် အမှန်တကယ် ပေါက်ဈေးများဖြင့် ယုတ္တိမတန်ဘဲ ကွာဟမှုနေသည့်အတွက် ကားတင်သွင်းသူများ နစ်နာလျက်ရှိ ကြောင်း သတင်းရရှိပါသည်။ 
ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်သည့် လုပ်ငန်းသုံးမော်တော်ယာဉ် များအတွက် ဈေးသတ်မှတ်မှုစာရင်း အရ ကုန်သေတ္တာပါလုပ်ငန်းသုံးကား (Box Truck) နှင့် Truck ကားဈေးနှုန်းများ သတ်မှတ်ပေးမှုသည်ပင် များစွာကွာဟနေကြောင်း၊ မည်သို့မျှ ပေါက်ဈေးမဟုတ်သည့် ဈေးများကို လက်တန်းဈေးသတ်မှတ်ပေးသကဲ့သို့ ဖြစ်နေကြောင်း ကားတင်သွင်းသူများက ဆိုသည်။
''Box Truck နဲ့ ရိုးရိုး Truck က အလွန်ဆုံးကွာ အမေရိကန်ဒေါ်လာ ၅၀၀-၁၀၀၀ လောက်ပဲရှိတာ အခု ၂၀၀၂ မော်ဒယ် Box Truck ကို ၁၄၀၀၀၊ ၂၀၀၃ မော်ဒယ်ဆို ၁၄၇၀၀ သတ်မှတ်တယ်။ ရိုးရိုး  Truck ကျတော့ ၂၀၀၂ မော်ဒယ်ကို ၅၉၀၀၊ ၂၀၀၃ မော်ဒယ်ကို ၆၁၀၀ သတ်မှတ်တယ်။  Truck နဲ့ ရိုးရိုး Truck သတ်မှတ်ပေးတဲ့ဈေးက နှစ်ဆကျော်ကွာနေပြီ။  ဘယ်လိုမှ မပေါက်တဲ့ဈေးတွေ ဖြစ်နေတယ်။ ဈေးနှုန်းသတ်မှတ်တဲ့သူတွေက လက်တန်း သတ်မှတ်နေတယ်။ ဈေးကစားချင်သလို သတ်မှတ်ပေးတဲ့သဘော ဖြစ်နေတယ်။ ဒီလို ဈေးသတ်မှတ်တဲ့နှုန်းအရဆို Box Truck တင်သွင်းထားတဲ့ ကုမ္ပဏီတွေက ဒီဈေးကိုပြပြီး ဈေးတင်ခေါ်လို့ရပြီ၊ ဈေးကစားလို့ရပြီ''ဟု ကားတင်သွင်းသူ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
Brand New ကားသစ်များ တင်သွင်းခွင့်ပေးရာတွင်လည်း အိမ်စီးကားများတွင် လက်ရှိပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ပင် မရနိုင်သည့် ၁၃၅၀ စီစီအောက် ကားများအား အမေရိကန်ဒေါ်လာ ၅၀၀၀ သာ သတ်မှတ်ပေးခြင်းမှာလည်း ဥပ ဒေ၊ စည်းကမ်းဖြင့် သတ်မှတ်ခြင်း မဟုတ်ဘဲ လိုသလို သတ်မှတ်ပေးသည့် အနေအထားဖြစ်ကြောင်း ကားလုပ်ငန်းရှင်များက ပြောကြားခဲ့သည်။
''အရင်ဆုံးပြောချင်တာက မူဝါဒ မကြာခဏ ပြောင်းတာ ပြည်သူကောင်းစားဖို့ ပြောတယ်၊ ဒီနေ့အထိ ဘယ်သူတွေ ကောင်းစားနေလို့လဲ။ ဒါကို မေးချင်တယ်။ နိုင်ငံတကာ ပေါက်ဈေးနဲ့ မရနိုင်တဲ့ ၁၃၅၀ စီစီ အောက်ကားကို ဒေါ်လာ ၅၀၀၀ နဲ့ သတ်မှတ်တယ်၊ ကျန်တဲ့ကားတွေကို လက်တန်းနှုန်းနဲ့ သတ်မှတ်တယ်။ လုပ်ငန်းသုံးကားလာပြန်တော့ ကုန်ကားတွေကို ပေါက်ဈေးမဟုတ်တာ သတ်မှတ်တယ်။ Box Truck နဲ့ ရိုးရိုး Truck က ဘာမှ ကွာတာမဟုတ်ဘူး။ ဒါကို နှစ်ဆနီးပါး ဈေးခွာထားတဲ့အတွက်  Box Truck သွင်းထားတဲ့သူတွေ အကျိုးဖြစ်တယ်။ နောက်သွင်းမယ့်သူတွေ ပိုကုန်ကျစရိတ်များတယ်။ ဘယ်သူတွေကို အကျိုးဖြစ်စေသလဲ။ ကျွန်တော်ပြောချင်တာက မူဝါဒချမှတ်သူတွေအနေနဲ့ ပြောင်းချင်တိုင်းပြောင်းလို့ ရတယ်ဆိုတာ လက်ခံတယ်။ ဒါပေမယ့် တကယ်ကောင်းမှပြောင်း၊ ပြောင်းတယ်ဆိုရင်လည်း တစ်ကြိမ်နှစ်ကြိမ်နဲ့တင် ပြီးပြတ်သင့်တယ်။ အခုလူလတ်တန်းစားတွေ ဒုက္ဓဖြစ်ရတာက မူဝါဒကြောင့်ပဲ။ အစကတည်းက ဒါဆို ဒါပဲဖြစ်ရမှာပေါ့။ အခုက ပြည်သူတွေ ကောင်းဖို့ဆိုရင် ပြင်ရမှာပဲ ပြောပြီး ပြင်တာကလည်း စည်းမရှိ၊ ဥပဒေမရှိ လက်တန်းတွေ လုပ်နေတာကတော့ ပြည်တွင်းလုပ်ငန်းရှင်တင်မကဘူး၊ နိုင်ငံတကာက လုပ်ငန်းရှင်ကလည်း ယုံမှာမဟုတ်ဘူး''ဟု ကားအရောင်း ပြခန်း ဖွင့်လှစ်ထားသူတစ်ဦးကလည်း ပြောပြခဲ့သည်။
ယာဉ်အိုယာဉ်ဟောင်း အပါအ၀င် လူပုဂ္ဂိုလ်တစ်ဦးချင်း တင်သွင်းခွင့်ပေးခဲ့သည့်အချိန်အထိ မော်တော် ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ မူဝါဒများ မကြာခဏ ပြောင်းလဲခြင်းကြောင့် ပြည်တွင်း လုပ်ငန်းရှင်များသာမက နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများပါ လာရောက်ရန် မဖြစ်နိုင်ကြောင်းကိုလည်း ကားအရောင်းပြခန်း ဖွင့်လှစ်ထားသူများက သုံးသပ်ခဲ့ကြပါသည်။
''နေပြည်တော်မှာလုပ်တဲ့ မီဒီယာ တွေ့ဆုံပွဲတစ်ခုမှာ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်သူတွေ အကျိုးရှိမယ်ဆိုရင် ဒီနေ့ ပြင်ဖို့လိုရင် ဒီနေ့ ပြင်မယ်။ မနက်ဖြန် ပြင်ဖို့လိုရင် မနက်ဖြန်ပြင်မယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် စည်းကမ်းဥပဒေနဲ့ စနစ်တကျ တွက်ချက်ပြုပြင်တာမျိုးပဲ ဖြစ်သင့်တယ်။ စည်းကမ်း မရှိ၊ ဥပဒေမရှိလုပ်လို့တော့ မဖြစ်ဘူး။ ပြည်သူအကျိုးရှိမယ်ဆိုတာ ဘယ်လို Criteria နဲ့ လုပ်သလဲက အရေးကြီးတယ်။ လူအများစုအကျိုးအတွက် စဉ်းစားဖို့ လိုသလို၊ လူနည်းစုကိုလည်း ထည့်တွက်သင့်ပါတယ်''ဟု ကားတင်သွင်း ရောင်းဝယ်သူ ကိုထွဋ်က ပြောပါသည်။
သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများမှ ချမှတ်သည့်မူဝါဒများအတိုင်း ကားအရောင်းပြခန်း ဖွင့်လှစ်ထားသူများကလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ မကြာခဏ ပြန်လည်ပြောင်းလဲပြင်ဆင်သည့် မူဝါဒများကြောင့် ဖြစ် ပေါ်လာသည့် အကျိုးဆက်များအပေါ် မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်တင်သွင်းရောင်းချသူများအသင်း(ယာယီ)ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း(ယာယီ)က  ''အစိုးရက လုပ်ချင်တဲ့မူဝါဒကို ကျွန်တော်တို့ လိုက်ရမှာပါ။ သွားတဲ့မူကိုသိရင်တော့ ပိုကောင်းတာပေါ့ နော်။ နောက်တစ်နှစ်ကို ဘာပြောင်းမလဲ မသိဘူး။ ဒီတစ်နှစ်တောင် တစ်လ တစ်လ ဘာပြောင်းမလဲမသိဘူး။ အဲဒီဟာအတွက် ကျွန်တော်တို့ Feeling ဖြစ်နေတာပါ။ သူတို့ကိုလည်း အကြံဉာဏ်ပေးတယ်။ ကျွန်တော်တို့အတွက်ကတော့ ရှုံးတာလည်း ပြဿနာမရှိပါဘူး၊ မြတ်တာလည်း ပြဿနာမရှိပါဘူး။ လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ ပြောတာက ရှုံးတာ၊ မြတ်တာကို ပြောတာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း လက်ခံတယ်။ အဓိကပြဿနာက ပေါ်လစီတည်ငြိမ်မယ့်ဟာကို အကြံပြု တာပါ။ သူပြောတဲ့နိုင်ငံခြားက FDI လာမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာမယ်။ ကျွန်တော်ပြောတာ မဖြစ်နိုင် ဘူးဆိုတာပဲ၊ ဘာလို့မဖြစ်နိုင်သလဲဆိုတော့ ဥပဒေကိုကြည့်ရမယ်။ ဒီဥပဒေ ဘယ်လောက်ခိုင်မာသလဲ၊ Position ဘယ်လောက်ရှိမလဲ၊ ရောင်းတန်းက ဘယ်လောက်တောင်အရင်းကျေမလဲ ဒါကိုကြည့်ရမယ်။ ပြည်ပကလာဖို့ နေနေသာသာ၊ ပြည်တွင်းက လူတွေတောင် ယက်ကန်ယက်ကန် ဖြစ်နေတာလေ။ လာတော့ကြည့်ကြတယ်။ တကယ်တမ်းလုပ်ဖို့တော့ မဖြစ်နိုင်သေးဘူး။ မဖြစ်နိုင်သေးတဲ့ အခြေအနေကကို မဖန်တီးနိုင်သေးဘူး။ ဥပဒေကလည်း အခိုင်အမာမရှိဘူး။ တချို့ဥပဒေတော့ ရှိတယ်။ မြန်မာပြည်မှာ ဥပဒေကို ကိုင်ပြီး မလုပ်ဘူး။ ကျွန်တော်တို့သွားတာ အမိန့် ကြေညာစာနဲ့ သွားရတယ်''ဟု ပြောကြားခဲ့ကြောင်း Automobile ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရပါသည်။
၂၀၀၂ ခုနှစ် မော်ဒယ်အထက် တင်သွင်းခွင့်ပြုထားသည့် ကုန်တင်ယာဉ်(Truck) CIF ဈေးနှုန်းများ (အမေရိကန်ဒေါ်လာ)
ယာဉ်တန်ချိန်၂၀ဝ၂၂၀ဝ၃၂၀ဝ၄၂၀ဝ၅၂၀ဝ၆၂၀ဝ၇၂၀ဝ၈၂၀ဝ၉၂၀၁၀၂၀၁၁၂၀၁၂
၁ တန်၅၉၀ဝ ၆၁၀ဝ ၆၃၀ဝ ၆၅၀ဝ ၁၀ဝ၀ဝ ၁၂၀ဝ၀ ၁၄၀ဝ၀ ၁၆၀ဝ၀ ၁၈၀ဝ၀ ၂၀ဝ၀ဝ ၂၂၀ဝဝ
၂ တန်၆၉၀ဝ ၇၁၀ဝ ၇၃၀ဝ ၇၅၀ဝ ၁၁၀ဝ၀ ၁၃၀ဝ၀ ၁၅၀ဝ၀ ၁၇၀ဝ၀ ၁၉၀ဝ၀ ၂၁၀ဝ၀ ၂၃၀ဝ၀ 
၃ တန်၁၆၀ဝ၀ ၁၈၀ဝ၀ ၂၀ဝ၀ဝ ၂၂၀ဝ၀ ၂၄၀ဝ၀ ၂၆၀ဝ၀ ၂၈၀ဝ၀ ၃၀ဝ၀ဝ ၃၂၀ဝ၀ ၃၄၀ဝ၀ ၃၆၀ဝ၀ 
၎ တန် ၁၇၀ဝ၀ ၁၉၀ဝ၀ ၂၁၀ဝ၀ ၂၃၀ဝ၀ ၂၅၀ဝ၀ ၂၇၀ဝ၀ ၂၉၀ဝ၀ ၃၁၀ဝ၀ ၃၃၀ဝ၀ ၃၅၀ဝ၀ ၃၇၀ဝ၀ 
၅ တန်၁၈၀ဝ၀ ၂၀ဝ၀ဝ ၂၂၀ဝ၀ ၂၄၀ဝ၀ ၂၆၀ဝ၀ ၂၈၀ဝ၀ ၃၀ဝ၀ဝ ၃၂၀ဝ၀ ၃၄၀ဝ၀ ၃၆၀ဝ၀ ၃၈၀ဝ၀ 
၇ တန်၂၀ဝ၀ဝ ၂၂၀ဝ၀ ၂၄၀ဝ၀ ၂၆၀ဝ၀ ၂၈၀ဝ၀ ၃၀ဝ၀ဝ ၃၂၀ဝ၀ ၃၄၀ဝ၀ ၃၆၀ဝ၀ ၃၈၀ဝ၀ ၄၀ဝ၀ဝ 
၉ တန် ၂၂၀ဝ၀ ၂၄၀ဝ၀ ၂၆၀ဝ၀ ၂၈၀ဝ၀ ၃၀ဝ၀ဝ ၃၂၀ဝ၀ ၃၄၀ဝ၀ ၃၆၀ဝ၀ ၃၈၀ဝ၀ ၄၀ဝ၀ဝ ၄၂၀ဝ၀ 
၁၀ တန် ၂၃၀ဝ၀ ၂၅၀ဝ၀ ၂၇၀ဝ၀ ၂၉၀ဝ၀ ၃၁၀ဝ၀ ၃၃၀ဝ၀ ၃၅၀ဝ၀ ၃၇၀ဝ၀ ၃၉၀ဝ၀ ၄၁၀ဝ၀ ၄၃၀ဝဝ
၂၀၀၂ ခုနှစ် မော်ဒယ်အထက် တင်သွင်းခွင့်ပြုထားသည့် ကုန်သေတ္တာပါယာဉ်(Box Truck) CIF ဈေးနှုန်းများ(အမေရိကန်ဒေါ်လာ)
ယာဉ်တန်ချိန်၂၀ဝ၂၂၀ဝ၃၂၀ဝ၄၂၀ဝ၅၂၀ဝ၆၂၀ဝ၇၂၀ဝ၈၂၀ဝ၉၂၀၁၀၂၀၁၁၂၀၁၂
၁ တန်၁၄၀ဝ၀၁၄၇၀ဝ၁၅၅၀ဝ၁၆၃၀ဝ၁၇၀ဝ၀၁၈၁၀ဝ၁၉၀ဝ၀၂၀၂၀ဝ၂၁၀ဝ၀၂၂၂၀ဝ၂၃၀ဝဝ
၂ တန်၁၇၅၀ဝ၁၈၄၀ဝ၁၉၃၀ဝ၂၀၃၀ဝ၂၁၀ဝ၀၂၂၇၀ဝ၂၄၀ဝ၀၂၅၂၀ဝ၂၆၀ဝ၀၂၇၇၀ဝ၂၉၀ဝဝ
၃ တန်၂၁၉၀ဝ၂၃၀ဝ၀၂၄၂၀ဝ၂၅၄၀ဝ၂၇၀ဝ၀၂၈၄၀ဝ၃၀ဝ၀ဝ၃၁၅၀ဝ၃၃၀ဝ၀၃၄၇၀ဝ၃၆၀ဝဝ
၎ တန်၂၂၆၀ဝ၂၃၇၀ဝ၂၄၉၀ဝ၂၆၂၀ဝ၂၇၀ဝ၀၂၉၂၀ဝ၃၁၀ဝ၀၃၂၄၀ဝ၃၄၀ဝ၀၃၅၇၀ဝ၃၇၀ဝဝ
၅ တန်၂၃၂၀ဝ၂၄၄၀ဝ၂၅၆၀ဝ၂၇၀ဝ၀၂၈၀ဝ၀၃၀၁၀ဝ၃၂၀ဝ၀၃၃၄၀ဝ၃၅၀ဝ၀၃၆၈၀ဝ၃၉၀ဝဝ
၆ တန်၂၃၉၀ဝ၂၅၁၀ဝ၂၆၄၀ဝ၂၇၈၀ဝ၂၉၀ဝ၀၃၁၀ဝ၀၃၃၀ဝ၀၃၄၄၀ဝ၃၆၀ဝ၀၃၇၉၀ဝ၄၀ဝ၀ဝ
၇ တန်၂၄၆၀ဝ၂၅၉၀ဝ၂၇၂၀ဝ၂၈၆၀ဝ၃၀ဝ၀ဝ၃၁၉၀ဝ၃၄၀ဝ၀၃၅၅၀ဝ၃၇၀ဝ၀၃၉၀ဝ၀၄၁၀ဝဝ
၈ တန်၂၅၄၀ဝ၂၆၇၀ဝ၂၈၀ဝ၀၂၉၅၀ဝ၃၁၀ဝ၀၃၂၉၀ဝ၃၅၀ဝ၀၃၆၅၀ဝ၃၈၀ဝ၀၄၀၂၀ဝ၄၂၀ဝဝ
၉ တန်၂၆၁၀ဝ၂၇၅၀ဝ၂၈၈၀ဝ၃၀၃၀ဝ၃၂၀ဝ၀၃၃၉၀ဝ၃၆၀ဝ၀၃၇၆၀ဝ၃၉၀ဝ၀၄၁၄၀ဝ၄၃၀ဝဝ
၁၀ တန်၂၆၉၀ဝ၂၈၃၀ဝ၂၉၇၀ဝ၃၁၃၀ဝ၃၃၀ဝ၀၃၄၉၀ဝ၃၇၀ဝ၀၃၈၇၀ဝ၄၁၀ဝ၀၄၂၆၀ဝ၄၅၀ဝဝ
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။