ပြည်တွင်းရွှေဈေးနှုန်းများမှာ လွန်ခဲ့သောနှစ်ပတ်ကထက် ရွှေတစ်ကျပ်သားလျှင် ကျပ် ခုနှစ်ထောင်ဝန်းကျင် မြင့်တက်လာသော်လည်း အရောင်းအဝယ်လျော့ကျသွားခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ရွှေကုန်သည်ကြီးများက ဆိုသည်။
Friday, August 3, 2012
အချိုရည်နှင့်အားဖြည့်အချိုရည်များအား တစ်ပတ်(၂)ဗူးသာ သောက်သုံးသင့်
အချိုရည်နှင့် အားဖြည့်အချိုရည်များအား အလွန်အကျွံသောက်သုံးခြင်းဖြင့်အရိုးပါး ရောဂါ ၊ဆီးလမ်းကြောင်းကျောက်တည် သည့် ရောဂါ၊ဆီးချိုနှင့်အဝလွန်ရောဂါများပါဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန်များထံကသိရှိရသည်။
ကန်ကြီးထောင့်မြု့နယ်တွင် သြဂုတ်လ(၁)ရက်နေ့က တာကျိုးပေါက်မှုတစ်ခုဖြစ်ပွား
![]()
လွန်ခဲ့သည့်မေလအတွင်းက အပြီးသတ် တည်ဆောက်ခဲ့သည့် ကန်ကြီးထောင့်မြို့နယ်ရှိ ဒါးကမြို့နှင့် မန္တလေးကုန်းကျေးရွာသို့ ဆက်သွယ်ဖေါက်လုပ် ထားသည့် အရှည်ပေ(၃ရ၀၀) ကျော်ရှိသသည့် ကျေးရွာချင်းဆက် မြေသားရေထိန်းတာတမံတစ်ခု သြဂုတ်လ(၁)ရက်နေ့ နံက်ပိုင်းက ဒါးကမြစ်ရေကြီးမှုကြောင့် တာအလည်ခန်မှ နေ၍ အကျယ်ပေ(၁၆၀)ခန်ကျိုးပေါက်သွားကြောင်း သိရှိရသည်။
|
ပူတာအို ဆန်ပြတ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်းမှာ ဆန်စပါးပြတ်လပ်နေတာကြောင့် ဆန်တပြည်ကို ကျပ် ၄၀၀၀ နဲ့တောင် ၀ယ်ယူဖို့ မရှိ ဖြစ်နေပါတယ်။ ဒီလို ဆန်ပြတ်လပ်တာဟာ တလကျော်ရှိလာနေပြီး ပြီးခဲ့တဲ့ အပတ်တွေက အစိုးရက ဆန်ကို လေယာဉ်နဲ့ တင်ပို့ပေးနေပေမဲ့လည်း ဒေသခံတွေအတွက် ၀ယ်ယူဖို့ အခက်အခဲတွေ ရှိနေဆဲဖြစ်ပါတယ်။ ဆန်ပြတ်လပ်မှုကြောင့် အချို့ ဒေသခံတွေဟာ ဆန်ပြုတ်သောက်နေကြရ သလို သက်ကြီးရွယ်အို တချို့ အသက်ဆုံးရတာတွေလည်း ရှိနေတယ် လို့ ဒေသခံတယောက်က ပြောပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ ကမ္ဘာ့ဘဏ် ကနေပြီးတော့ ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့သွားမယ် ဆိုတဲ့အကြောင်းကိုတော့ ကမ္ဘာ့ဘဏ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့က ကမ္ဘာ့ဘဏ် ဌာနေ ရုံးဖွင့် လှစ်ပွဲမှာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ပဲန်မလာ ကောက်စ် ကနေပြီးတော့ အခုလို ပြောသွားတာ ဖြစ်ပါ တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။
တက္ကသိုလ်ပညာ အဆင့်မြင့်ရေး ငွေကြေး လိုအပ်တယ်လို့ မင်္ဂလာမြန်မာပြောဆို
2012-08-02
မြန်မာနိုင်ငံရဲ့ပညာရေး အဆင့်မြင့်လာဖို့ ဆောင်ရွက်တဲ့ နေရာမှာ တက္ကသိုလ် ဆရာ ဆရာမတွေရဲ့ အရည်အချင်း မြှင့်တင်ရေးက တဆင့် ကျောင်းသူ ကျောင်းသားတွေအတွက် သင်ကြားပို့ချတဲ့ အရည်အသွေး ကောင်းလာဖို့ ဆိုတဲ့ပုံစံမျိုးနဲ့ ပထမ ခြေလှမ်းအဖြစ် နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်နေကြောင်း မင်္ဂလာ
ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ
2012-08-02
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။
အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ
2012-08-02
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်
2012-08-02
မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး
2012-08-02
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။
senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
ရရက်သားသမီးများအတွက် ဗေဒင် (1.8.2012 - 7.8.2012) ဒေါက်တာ
မမျှော်လင့်သောအရာတွေဖြစ်ပေါ်လာမည်။ အထင်လွဲမှားမှုတွေဖြစ်မည်။ အတိုက်အခံတွေကြုံမည်။ ရုတ်တရက်ခရီးများထွက်ဖြစ်မည်။ ရွှေ၊ စက်တို့ ၀င်မည်။ ထွက်မည်။ စီးပွားစပ်တူရှယ်ယာများခွဲထွက်မည်။ လုပ်ရန် စိတ်ကူးရှိပြီးမလုပ်ဖြစ်တာမျိုး ကြုံတတ်သည်။ ကတိပေးပြီးမှ ပျက်ကွက်မှု ဖြစ်မည်။ ခရီးသွားဖြေရသောစာမေးပွဲများအောင်မြင်မည်။ လုပ်ငန်းပြောင်းလဲမှုရွှေ့ ပြောင်းမှုဖြစ်မည်။ မင်္ဂလာစကားပြောရမည်။
အကျိုးပေးဂဏန်း - ၀၊ ၁၊ ၆။
အထူးဟော - အဆိုးပြီးလျှင် အကောင်းဆိုတာလာစမြဲပါ။
ယတြာ - အိမ်ဘုရားကိုတနင်္ဂနွေ နံနက်တွင် အုန်းဆွမ်းကပ်လှူပါ။
တရုတ်သို့ တရားဝင် ဆန်တင်ပို့ခွင့် ဆန်ကုန်သည်ကြီးများအသင်း လိုလား
နယူးဒေလီ (မဇ္ဈိမ) ။ ။ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံဘက်မှ ဆန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်သွင်းခွင့်ကို ဆန်ကုန်သည်ကြီးများအသင်းက လိုလားလျက်ရှိသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင် ကုန်စည်ဖလှယ်ခွင့် ပြုထားသည့် စာရင်းတွင် ဆန် မပါဝင်၍ မှောင်ခိုလမ်းကြောင်း မှ ဆန်ကုန်သည်များက တရားမဝင် တင်ပို့နေကြရာ ဈေးနှိမ်အဝယ်ခံရခြင်းများနှင့် ကြုံတွေနေကြပြီး တရားဝင် ကုန်သွယ်ခွင့် ရှိစေလိုကြောင်း အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောသည်။
Subscribe to:
Posts (Atom)
.jpg)

