Sunday, July 22, 2012

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် သရုပ်ဆောင်ရွေးပွဲကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် ပဏာမ ရွေးချယ်ထားတဲ့ သရုပ်ဆောင် ၁၁ ဦးကို ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ တွေ့ဆုံပြီး လူတွေ့ စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
RFA

Saturday, July 21, 2012

ရခိုင်သားတစ်ယောက် ဆေးလိပ်မီးနဲ့အထိုးခံရတဲ့အပြင် ခန္ဓာကိုယ်လဲ ရိုက်ပုတ်ခံရ

 
2012-07-19 19.28.01 






ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ၄၈-ကျေးရွာထဲမှ ထိုင်းပုလိပ်ဂိတ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ် မင်းကင်းဆိပ်ကျေးရွာမှ ဦးမောင်ဝင်းတင်သည် ထိုင်းနိုင်ငံ လက်မှတ်(ပါ့စ်ပေါ့)မရှိလို့ အဖမ်းခံရသောကြောင့် ပုလိပ်ခွေးလို့ခေါ်သော ထိုင်းပုလိပ်မှာမွေးစားထားသော အသက်(၂၀) ကျော်ရှိတဲ့ ဇာနေ(ဗမာလူမျိုး)က ဆေးလိပ်မီးနှင့်ထိုး၊ ခြေနဲ့ကန် ခန္ဓယ်ကိုယ် တစ်ခုလုံးကို ရိုက်ပုတ်ပြီး လူမဆန်စွာညှင်းပင်း နှိပ်စက်မှုများကို ခံခဲ့ရကြောင်း မနေ့က သတင်းရရှိသည်။

ရခိုင်လွတ်မြောက်ရေးတပ်မတော်(ALA)နှင့် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့တို့ တနာရီကြာတိုက်ပွဲဖြစ်


2221ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် (Arakan Liberation Army) နှင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီမူဆလင်ဟု ယူဆရ သည့် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့တို့ ရခိုင်ပြည် စိုင်းတင်ချောင်း အဖျားပိုင်း ခမောင်းချောင်း (ဘင်္ဂလား-ရခိုင်ပြည် ကျော်လမ်း) တွင် ဇူလိုင် လ ၁၅ ရက်နေ့က နံနက် ၇ နာရီ တွင် စတင်ဖြစ်ပွားခဲ့ကြ၍ ၁ နာရီကြာတိုက်ပွဲဖြစ်ပွား ခဲ့ကြာင်း သိရှိရသည်။

UNHCR မှ သမ္မတ ဦးသိန်းစိန် တိုက်တွန်းချက်ကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန် ဂျပန်တွင် တောင်းဆို


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေဖြင့်  သမ္မတ ဦးသိန်းစိန်မှ တိုက်တွန်းချက်ကို လက်ခံပြီး လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်းဆိုသော ဆန္ဒပြပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ နိုင်ငံသားများက ယခုလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ တောင်းဆို ဆန္ဒပြပွဲအား ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်)  A.U.N (Japan)မှ    ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲတွင်  မြန်မာနိုင်ငံသား ၁၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

စစ်တွေမြို့ မင်းဂံ ရပ်ကွက် တိုက်ခိုက်ခံရ


မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရှိ ရပ်ကွက်တချို့ကို မွတ်ဆလင် လူအုပ်စု တစ်ခုက  ယနေ့ ညနေပိုင်းတွင် ၀င်ရောက် တိုက်ခိုက် ခဲ့ကြောင်း သတင်းရရှိသည်။

ဗလီမှ အဆင်းတွင် ယခုကဲ့သို့ အုပ်စုလိုက် ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မင်းဂံ ဒေသခံတဦးက ယခုကဲ့သို့ပြောသည်။

ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
လွှတ်တော်အတွင်း ရောက်ရှိနေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများနှင့်ပတ်သက်၍ ခေါင်းစဉ်တခု တင်သွင်းကာ ဆွေးနွေးသင့်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်

ဦးအောင်သန်းဦး၏ ပင်လယ်ကိုးသွယ် ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်နေသော လယ်သိမ်းယူခံရသည့် လယ်သမားများ (ဓာတ်ပုံ – ဇွဲထက်/ ဧရာဝတီ)
သတင်း
ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွာ ၉ ရွာက လယ်ဧက သောင်းချီ အသိမ်းခံထားရတဲ့ လယ်သမား တထောင်ကျော် ထဲက လယ်သမား ၃၀၀ နီးပါးဟာ သူတို့လယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်သမားအခွင့်အရေး ရရှိရေးတို့အတွက် လယ်မြေသိမ်းယူ ထားတဲ့ ကုမ္ပဏီ ၁၆ ခုထဲက တခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရုံးရှေ့မှာ ဒီနေ့ စုရုံး ဆန္ဒပြခဲ့ပါတယ်။

အလုပ်သမား သမဂ္ဂ ခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု သက်ဆိုင်ရာသို့ တင်ပြမည်

မြန်မာနိုင်ငံတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်သမား သမဂ္ဂများ ဖွဲ့စည်းခွင့်ပေးရေး တောင်းဆိုသည့်
အလုပ်သမား ခေါင်းဆောင်များ အလုပ်မှ ထုတ်ပယ်ခြင်း ခံနေရသည့် ကိစ္စနှင့် ပတ်သက်၍ အလုပ်သမား ၀န်ကြီးဌာန အလုပ်သမားခုံ သမာဓိရုံးနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြသွားရန်ရှိကြောင်း နိုင်ငံတကာ အလုပ်သမား အဖွဲ့
(ILO) မှ နည်းပညာ ဆိုင်ရာအကြံပေး အရာရှိ ရော့ခ် ၀ီလ်စင်က ပြောသည်။
ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရသည့် ဆန္ဒပြနေသော တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ(ဓာတ်ပုံ – ဧရာဝတီ)

မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန် လာပြီ


၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့တဲ့ အသက်၂၃ နှစ်အောက် မြန်မာ ဘော လုံး အသင်း (ဓာတ်ပုံ – Getty Images)
သယံဇာတ အများအပြား ထွက်တယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာမထင်ပေါ်နိုင်ပဲ ငုပ်လျှိုးနေခဲ့တာကြာပါပြီ။ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”လို့ ဆောင်ပုဒ်ရှိပေမယ့် ယခုအချိန်ထိ အာရှအဆင့်ပွဲတွေ ရောက်ဖို့တောင် အရှိန် ယူနေဆဲပါ။

အာဇာနည် ခေါင်းဆောင် ၉ ဦး အတွက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဆွမ်းကပ်


နောက်ကြည့်မှန်ကို ထုဆစ်ရန် ဒါရိုက်တာဝင်းထွန်းထွန်းဝယ်ယူ

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင် ရေးသားထားသည့်နောက်ကြည့်မှန်ဝတ္ထုစာအုပ်အား ဒါရိုက်တာဝင်းထွန်းထွန်း ကဗွီဒီယိုရိုက်ကူးရန် ဝယ်ယူလိုက်ပြီဖြစ်သည်။
 

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ယာဉ်တိုက်/တိမ်းမှောက်မှု (၁၂)မှုရှိ

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်း ဘရိတ်ပေါက်၍ (၅)စီးဆင့်တိုက်မှုအပါအဝင် ဇူလိုင်လ (၁)ရက်နေ့မှ- ဇူလိုင်လ (၁၈)ရက်နေ့အထိယာဉ်တိမ်းမှောက်မှုနှင့်ယာဉ်တိုက်မှုပေါင်း (၁၂)ခု ဖြစ်ပွားခဲ့ကြောင်းမထသ(ဗဟို)ကော်မတီက သိရှိရသည်။
 

မြောင်မြို့ ဓာတ်ပေါင်းမြဉ္ဖူစေတီမှ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့ မြို့လယ်ရပ်ရွှေပေါ်ကျွန်းဘုရားဝင်းအတွင်း အရှေ့မြောက်ရပ်ရှိ ဓာတ်ပေါင်းမြဉ္ဖူစေတီအား ပြုပြင်မွန်းမံရာ၌ ရှေးဟောင်းဘုရား(၃၃)ဆူ တွေ့ရှိကြောင်းဒေသခံများက ဆိုသည်။
 

မန္တလေးစက်မှုဇုန်(၂)ဆောက်လုပ်စဉ်က လယ်သိမ်းဆည်းခံတောင်သူများ နစ်နာကြေးမရသေးဟုဆို

မန္တလေးစက်မှုဇုန်(၂)အတွက် ရွာသစ်ကလေးကျေးရွာတောင်သူများထံက သိမ်းယူခဲ့သောကွင်းအမှက် (၅၁၈)  လယ်မြေဧကပေါင်း (၃၅၅.၃၅)ဧကအတွက် နစ်နာကြေးမရသေးကြောင်းဒေသခံတောင်သူများထံက သိရှိရသည်။


ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံရသူများအတွက် မျှတမှုရှိစေရန် ဒေသခံများမျှော်လင့်

ခိုင်ပြည်နယ်တွင် ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သော ပုဒ်မ(၁၄၄)ညမထွက်ရအမိန့်ကြောင့် စစ်တွေမြို့တွင် ဖမ်းဆီးခံရသူများ အားတရားစီရင်ရာ၌ မျှမျှတတဖြစ်ရန်ဒေသခံများ က လိုလားလျှက်ရှိသည်။