ဒေါ်အောင်ဆန်းစုကြည် ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့လက်ခံရယူ
Thursday, June 28, 2012
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး
2012-06-27
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့
အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း
အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြထားပါတယ်။
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
NLD ဦးဥာဏ်ဝင်းအပေါ် ကော်မရှင်တရားစွဲဆိုမှု သက်သေ ၂၀ ခန့်ထွက်ဆိုမည်
2012-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး
ဦးဥာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို
နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
ဒီအမှုမှာ နှစ်ဘက်သက်သေ အယောက် ၂၀ လောက် စစ်ဆေးမှာဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက RFA ကိုပြောပါတယ်။
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မယ်တော်ဆေးခန်း လေ့လာ
2012-06-27
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆) နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင် နဲ့ တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေ ပေးအပ်ခဲ့ပါတယ်။
RFA
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
အစိုးရသတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေး နေပြည်တော်မှာဆွေးနွေး
2012-06-27
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။
Photo: ministry of information.gov.mm
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
အညတြ သူရဲကောင်းဆုရ နိုင်ငံရေးအကျဉ်းသား ရခိုင်ဒုက္ခသည်တွေအတွက် ငွေလှူ
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလက်ျာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
RFA
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
ကချင်ဒုက္ခသည်တွေအတွက် အရေးပေါ်ဆေးဝါးများလိုအပ်နေ
2012-06-27
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
AFP
Wednesday, June 27, 2012
ဒေါနတောင်ကျရေ အရှိန်ကြောင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာပြီး လှိုင်းဘွဲ-ဘားအံ ချိတ်ဆက် ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့ရာ ကုန်စည်စီဆင်းမှု ယာယီပြတ်တောက်မှု ဖြစ်ပေါ်
ဇွန်လ ၂၃ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေါနတောင်ကျရေများ
စီးဆင်းလာကာ လှိုင်းဘွဲချောင်းရေ မြင့်တက်မှုကြောင့် ကရင်ပြည်နယ် အရှေ့ဘက်
လှိုင်းဘွဲမြို့နယ်ရှိ ခရီးသည်နှင့် ကုန်စည်စီးဆင်းမှု မပြတ်တောက်ရန်
တည်ဆောက်ထားသော ယာယီ ဘေလီသံပေါင်တံတား နစ်မြုပ်ခဲ့၍ မော်တော်ယာဉ်များ
သွားလာ၍ မရနိုင်ဘဲ ကုန်စည်စီးဆင်းမှု ယာယီ ပြတ်တောက်မှု ဖြစ်ပေါ်လျက်
ရှိနေကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် 'ကဏ္ဍပေါင်းစုံ ကနဦး လိုအပ်ချက်လေ့လာဆန်းစစ်မှု စစ်တမ်း' ကောက်ယူသွားမည်
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတစ်ခုအား တွေ့ရစဉ်
ဝန်ထမ်းတစ်ဦး၏ မိခင်ဖြစ်သူ ကင်ဆာဝေဒနာရှင်က ဆေးကုသရန် ငွေကြေးအခက်အခဲကြောင့် ကြိုးဆွဲချသေဆုံးမှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား၊ ရန်ကုန်မြို့တွင် ကြိုးဆွဲချသေဆုံးမှု တစ်ပတ်အတွင်း ခြောက်ကြိမ်ဖြစ်ပွား
ကင်ဆာဝေဒနာရှင် ကြိုးဆွဲချသေဆုံးခဲ့သည့် အခန်းအား ဇွန်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ပစ္စည်းများပေးရန် တုံကင်ယူပေးမည်ဆိုကာ အမည်မသိသူနှစ်ဦးက ရွှေဆွဲကြိုးကို လိမ်လည်ရယူ
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အသောကဈေးအနီး နံနက်ပိုင်း
လူစည်ကားချိန်တွင် ရွှေဆွဲကြိုး လိမ်လည်ရယူသည့်
ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ
သိရှိရပါသည်။
လှိုင်သာယာစက်မှုဇုန်ရှိ ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည့် စက်ရုံသုံးရုံမှ အလုပ်သမားဦးရေ ၃၀၀ ကျော်လျော့ချ
လှိုင်သာယာစက်မှုဇုန်ရှိ စက်ရုံတစ်ခု၏ အလုပ်ခေါ်စာအား လာရောက် ကြည့်ရှုနေသူများ
ထုတ်ပယ်ယာဉ်လုပ်သားများ ခံဝန်ချက်နှင့် ပြန်လျှောက် ထားပါကစိစစ်ပြီး အလုပ် ပြန်လည်ခန့်မည်
ထုတ်ပယ်ယာဉ်လုပ်သားများ ကိုယ်တိုင်ခံဝန်ချက်နှင့် ပြန်လျှောက်ထားပါက စိစစ်ပြီး ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲဖွင့်လှစ်
အမျိုးသားစီမံကိန်းနှင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရန်ကုန်ရုံးခွဲကို အမှတ်(၁) သစ္စာလမ်း
ရန်ကင်းမြို့နယ် ရန်ကုန်မြို့ (ရန်ကုန်တိုင်းစီမံကိန်းရုံးဝင်းအတွင်း) တွင်
ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာနှင့် သွင်းအားစုများအပေါ် ကောက်ခံနေသည့် ကုန်သွယ်လုပ်ငန်းခွန်အား ကင်းလွတ်ခွင့်ပြုမည်ဟု သိရ
တောင်သူအများစု အရစ်ကျစနစ်ဖြင့် ဈေးမြှင့်ပေးကာ ၀ယ်ယူအသုံးပြုနေရသော လက်တွန်းထွန်စက်
Subscribe to:
Posts (Atom)