ဒီမိုကရေစီရေး အပြောင်းအလဲတွေ ပိုမိုတိုးတက်အောင် အားပေးတဲ့အနေနဲ့ Australia က မြန်မာအစိုးရ အပေါ် ခရီးသွားနဲ့ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမှာဖြစ်တယ်လို့ Australia နိုင်ငံခြားရေးဝန်ကြီး Bob Carr က မနေ့က ပြောဆိုလိုက်ပါတယ်။