Friday, June 8, 2012

လစ်ဘရယ် ဒီမိုကရက် အစည်းအဝေး မြန်မာအကြောင်းဆွေးနွေး

ဓါတ်ပုံ Myanmar News Now
ဘယ်လ်ဂျီယန်နိုင်ငံ Brussels မြို့မှာ ဇွန်လ (၄)ရက်နေ့ကနေ (၈) ရက်နေ့ထိကျင်းပနေတဲ့ ဥရောပနဲ့အာရှဒီမိုကရက်နဲ့ လစ်ဘရယ် မဟာမိတ်ပါတီတွေရဲ့ညီလာခံမှာ လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေကို စိတ်ဝင်တစား ဆွေးနွေးပြောဆိုခဲ့ကြတယ်လို့ ညီလာခံကို တက်ရောက်နေ
တဲ့ အမျိုးးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့နယ်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

 
ညီလာခံမှာ တက်ရောက်နေတဲ့ CALD ခေါ် အာရှတွင်း ဒီမိုကရက်နဲ့
လစ်ဘရယ် မဟာမိတ်ပါတီတွေက NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်အဖွဲ့ဝင် အဖြစ်ချီးမြှင့် ဂုဏ်ပြုထားပါတယ်။

CALD ရဲ့နောက်ပိုင်း လှုပ်ရှားမှုတွေမှာ NLD က ပူးပေါင်းဆောင်ရွက်
သွားမှာ ဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စကိုလည်း အဓိက ဆွေးနွေးတင်ပြနိုင်ခဲ့တယ်
လို့ ပြည်ပအခြေစိုက် NCGUB ခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ ကိုယ်စားလှယ် ဦးညိုအုန်းမြင့်က ပြောပါတယ်။

ညီလာခံမှာ ဥရောပ နိုင်ငံပေါင်း (၂၇) နိုင်ငံနဲ့ အာရှနိုင်ငံတွေ အကြား ကုန်သွယ်စီးပွားရေး ကိစ္စ အဓိက ဆွေးနွေးခဲ့ကြပါတယ်။


RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။