Friday, June 8, 2012

ထိုင်း-မြန်မာ ကုန်စည်ပြပွဲ မဲဆောက်တွင်ပြုလုပ်

မဲဆောက် ဇွန် ၇

ထိုင်းကုန်စည်များမြန်မာနိုင်ငံအတွင်းသို့ လက်ရှိတင်ပို့နေသည့်ပမာဏထက် ပို့ကုန် ၁၅ ရာခိုင်နှုန်းတိုးမြှင့် နိုင်ရန်အတွက်ထိုင်းနိုင်ငံက ထိုင်း-မြန်မာနယ်စပ်မဲဆောက်တွင်ယနေ့မွန်းလွဲပိုင်းက ကုန်စည်ပြပွဲတရပ်ကို ယနေ့မှစတင်၍ ၅ ရက်ကြာပြုလုပ်မည်ဖြစ်သည်။

ကုန်စည်ပြပွဲကိုတက်ရောက်ဖွင့်လှစ်ပေးသည့် ထိုင်းဒုတိယကုန်သွယ်ရေးဝန်ကြီးနိုင်ဖွန်ဆာရဖွန်က”လက်ရှိ မဲဆောက်-မြ၀တီနယ်စပ်ကုန်သွယ်ရေးကနေ ထိုင်းကုန်စည်တင်ပို့မှုကတနှစ်ကိုထိုင်းဘတ်ငွေသန်းပေါင်း ၁ သိန်း ၅ သောင်းရှိတယ် လက်ရှိတင်ပို့တာထက်နောက်ထပ် ၁၅ ရာခိုင်နှုန်းတိုးပို့နိုင်ဘို့အတွက် ဒီထိုင်း-မြန်မာကုန်စည်ပြပွဲကိုပြုလုပ်ရတာဖြစ်တယ် မြန်မာနိုင်ငံမှာတရုတ်ပစ္စည်းတွေအ၀င်များတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေကိုလည်း အရည်အသွေးတွေတိုးမြှင့်သွားမှာဖြစ်တယ်”ဟုသတင်းထောက်များကို ပြောကြားခဲ့သည်။

ကုန်စည်ပြပွဲကိုတက်ရောက်ဖွင့်လှစ်ပေးသည့် မြ၀တီခရိုင်ကုန်သည်ကြီးများအသင်းဥက္ကဌ ဒေါ်သင်းသင်းမြတ်က မဲဆောက်တွင်ယနေ့ပြုလုပ်သည့် ထိုင်း-မြန်မာကုန်စည်ပြပွဲကို လာမည့်နှစ်တွင်မြ ၀တီခရိုင်အတွင်းပြုလုပ်နိုင်ရန်အတွက် တာဝန်ရှိသူများထံတင်ပြသွားမည်ဟုပြောသည်။

ယနေ့ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံထုတ်လူသုံးကုန်၊စားသောက်ကုန်နှင့်လယ်ယာသုံးပစ္စည်းများကိုအဓိကပြ သခဲ့ပြီး မြန်မာအ၀တ်အထည်များနှင့်စားသောက်ကုန်အချို့ကိုခင်းကျင်းပြသခဲ့သည်။

ရဲရင့်မောင်-Popular Myanmar News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။