Tuesday, May 22, 2012

 ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသအား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းအဖြစ် ပြုပြင်တည်ဆောက်မည်


73313 ရန်ကုန်ဆိပ်ကမ်း ရွာသစ်ချောင်းမှ စဥ့်အိုးတန်းအထိ ကမ်းနားဒေသတစ်လျှောက်အား နိုင်ငံတကာအဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်း Inland Port Terminal များအဖြစ် ပြုပြင်ပြောင်းလဲ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များ အရ သိရှိရသည်။

မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု တစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိရှိလာ


73312
မြန်မာနိုင်ငံသို့ လေကြောင်းလိုင်းများမှ ခရီးသွားဝင်ရောက်မှုသည် ယခုအခါတစ်ရက်လျှင် ပျမ်းမျှဦးရေ ၁၅၀၀ အထိ ရောက်ရှိလာသည်ဟု သတင်းရရှိပါသည်။

 အပူပိုင်းဒေသရှိ ကျေးရွာ ၂၈၀ အား ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများ ဖြေရှင်းနိုင်ရေး အကောင်အထည်ဖော်မည်


73310
မြန်မာနိုင်ငံ အလယ်ပိုင်းအပူပိုင်း ဒေသများဖြစ်သော မန္တလေး၊ မကွေး နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ညောင်ဦး၊ မြင်းခြံ၊ ချောက်၊ ရွှေဘို၊ မုံရွာမြို့နယ်များတွင် ရှိသော ကျေးရွာ ပေါင်း ၂၈၀ အား ရာသီဥတု ပြောင်းလဲမှုကြောင့် ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေး အပေါ် ထိခိုက်နိုင်မှုများ ဖြေရှင်းနိုင်ရေးအတွက် လေးနှစ်တာလုပ်ငန်း စီမံကိန်း UNDP အဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

သရက်ပင်ချောင်လယ်သမားများ တရားဝင်လယ်မြေမှတ်ပုံတင်ရန်နှင့် သိမ်းဆည်းခံမြေယာများအား ပြန်လည် ရယူရန်ဆန္ဒရှိ

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက တောင်သူလယ်သမား(၄၀၀)ကျော်အနေဖြင့် တရားဝင် လယ်မြေပိုင်ဆိုင်ခြင်းမရှိဟုဆိုကာ စည်ပင်သာယာနှင့်ကုမ္ပဏီအချို့မှသိမ်းယူထားမှုနှင့်ပတ်သက်၍ လယ်သမားများက မိမိပိုင်လယ်မြေဖြစ်လိုကြောင်း တရားဝင်မှတ်ပုံတင်ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်သမားများထံက သိရှိရသည်။

ပုလဲစက်ရုံမှ အလုပ်သမားများ အခြားစက်ရုံများနည်းတူ ရှားပါးစရိတ်ရရှိပါက ဆန္ဒပြတောင်းဆိုမှုအား ရပ်ဆိုင်း ပေးမည်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုံ(၃)ရှိ ပုလဲအထည်ချုပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် အခြားစက်ရုံများ နည်းတူ ရှားပါးစရိတ်သုံးသောင်းတိုးပေးမည်ဆိုပါက ဆန္ဒပြတောင်းဆိုခြင်းအား ရပ်ဆိုင်းပေး မည်ဟု တောင်းဆိုထားကြောင်း သိရသည်။
 

၂၀၁၁-ခုနှစ်မော်ဒယ် အင်ဂျင် ၁၃၅၀စီစီ အောက်ယာဉ်များ CIF တန်ဖိုး ကန်ဒေါ်လာ(၅၀၀၀)သတ်မှတ်

အင်ဂျင်ပါဝါ ၁၃၅၀စီစီအောက် ၁၉၉၆ခုနှစ်မှ၂၀၁၁ ခုနှစ် မော်ဒယ်မော်တော်ယာဉ်များအား ဆိပ်ကမ်း အရောက်တင်သွင်းမှု CIF တန်ဖိုး အမေရိကန်ဒေါ်လာငါးထောင်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ဗြိတိသျှကောင်စီက ကျပ်သိန်း(၄၀၀)ဖိုးရှိ စာအုပ်နှင့်စီဒီများ ပညာရေးဝန်ကြီးဌာနသို့ လှူဒါန်း

မြန်မာနိုင်ငံတွင်အင်္ဂလိပ်စာသင်ကြားမှု တိုးတက်ရေးအတွက် ဗြိတိသျှကောင်စီ(BC)က ဆက်လက် အကူအညီပေးသွား မည်ဖြစ်သလို ပညာရေးဝန်ကြီးဌာနအပါအ၀င် အခြားမိတ်ဖတ်အဖွဲ့အစည်းများဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီစာအုပ်လှူဒါန်းပွဲက သိရသည်။

မန္တလေးတိုင်းတွင် မိုဘိုင်းအင်တာနက်သုံးစွဲခွင့်မရခြင်းမှာ ဆာဗာချို့ယွင်းချက်ကြောင့်ဖြစ်

မန္တလေးတိုင်းဒေသကြီး၌ မိုဘိုင်းဖုန်းများတွင် အင်တာနက်သုံးစွဲခွင့်ချထားပြီးနောက် (၄)ရက်အကြာ တွင် အင်တာနက်သုံးစွဲမရခြင်းမှာ ဆာဗာချို့ယွင်းချက်ကြောင့်ဖြစ်ကြောင်း သိရှိရသည်။

ဦးအောင်သိန်းလင်းက စမ်းချောင်းဂွဈေးအား နဂိုဈေးအတိုင်း တည်ဆောက်ပေးမည်ဟု ပြောဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းသည် မေလ ၁၈ ရက်နေ့တွင်  မီးလောင်ကျွမ်းခဲ့သော ရှမ်းလမ်းဈေး(ခ)ဂွဈေး ကိုနဂိုမူလအတိုင်း ပြန်လည် တည်ဆောက်ပေးမည်ဟု ဈေးသူ ၊ ဈေးသားများကို မေလ ၁၉ ရက်နေ့က  ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ

ဦးအောင်မင်းနှင့် KIO ပထမဆုံးအကြိမ် တွေ့ဆုံ
2012-05-21
ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်တန့်ရေးအတွက် ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ KIO အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ မေလ ၂၁ ရက်နေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
RFA

အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို

အလုပ်သမားပြဿနာ ဖြေရှင်းရေးကော်မတီဖွဲ့ဖို့ ၈၈ ကျောင်းသားများ တောင်းဆို
2012-05-21
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အလုပ်သမားရေး ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အလုပ်ရှင် အလုပ်သမား ပဋိပက္ခဖြေရှင်းရေး ကော်မတီတစ်ရပ် အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်ပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

RFA

မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို

မြစ်ဆုံစီမံကိန်း ပြန်စနိုင်ဖို့ တရုတ်ကြိုးပမ်းနေတယ်လို့ ကချင်ဖွံဖြိုးရေးအဖွဲ့ ပြောဆို
2012-05-21
တရုတ်အစိုးရပိုင် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း (CPI) ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ပြန်သက်ဝင်လှုပ်ရှားဖို့ နိုင်ငံတကာ ရေကာတာကြီးများ တည်ဆောက်ရေး လုပ်ငန်း ICOLD (အိုင်ကိုးဒ်) အကူအညီရယူဖို့ ကြိုးပမ်းနေတယ်လို့ KDNG ကချင်ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
RFA

အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့

အပစ်ရပ်ပြီးနောက် ပထအဆုံးအကြိမ်ကျင်းပတဲ့ ရှမ်းတော်လှန်ရေးနေ့
2012-05-21
ရှမ်းပြည်တပ်မတော် SSA တောင်ပိုင်း လို့ လူသိများတဲ့ RCSS/SSA တောင်ပိုင်း အဖွဲ့ဟာ မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးပြီးနောက်ပိုင်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာမှာ ပထမဆုံးအကြိမ် ရှမ်းတော်လှန်ရေးနေ့ ဒီနေ့ စည်စည်ကားကားကျင်းပကြပါတယ်။
RFA

လှိုင်မြို့နယ် NLD ရုံးခန်းဖွင့်ပွဲ ရုပ် / သံ



ပတ္တမြားမြို့သစ် အမှတ် (၈) ရဲတပ်ရင်း၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရသူတွေနှင့် မေးမြန်းခန်း(ရုပ်/သံ)