Saturday, June 1, 2013

သမ္မတမှ အခွန်အခများအား နိုင်ငံခြားငွေအစား ကျပ်ငွေဖြင့်ကောက်ခံရန် ညွှန်ကြားထားရာ ကညနမှ ယာဉ်မှတ်ပုံတင်ခကို ကျပ်ငွေဖြင့်လက်ခံရန် စီစဉ်


6.1.7

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံး(ရန်ကုန်) ငွေသွင်းသည့်နေရာအား ဧပြီလ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

နိုင်ငံတော်သမ္မတ၏ နိုင်ငံခြားငွေဖြင့် ကောက်ခံနေမှုများအစား ပြည်တွင်းသုံး ကျပ်ငွေဖြင့် ကောက်ခံရန် ညွှန်ကြားချက် ထုတ်ပြန်ထားရာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကညနမှ ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။

နိုင်ငံတော်သမ္မတမှ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက်ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း၊ ထို့အတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေး ၀န်ကြီးဌာနမှအပ ၀န်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီး ဌာနများအားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အားလုံးသို့ မေလ ၃၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်းကို နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။


နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း...


 

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသို့ အများပြည်သူမှ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် ယခင်က အက်ဖ်အီးစီဖြင့်သာ လက်ခံပြီး နောက်ပိုင်းတွင် အမေရိကန် ဒေါ်လာဖြင့် ပြောင်းလဲကောက်ခံလျက်ရှိရာမှ ယခုအခါ ကျပ်ငွေဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက နိုင်ငံတော် သမ္မတရုံးမှလည်း ထုတ်ပြန်ထားကြောင်း၊ ထို့အတွက်ကညနမှ ကောက်ခံနေသည့် ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့်သာ လက်ခံရန် ၀န်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြကာ စီစဉ်နေကြောင်း သိရသည်။

ယခင်က လက်မခံသည့်အတွက် ကညန သို့ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမည့်သူများ အနေဖြင့် အမေရိကန်ဒေါ်လာအား ၀ယ်ယူပေးသွင်းနေရသည့်အတွက် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်တွင် ပါဝင်သည့်အတိုင်း ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို ဖြစ်ပေါ်စေလျက်ရှိခြင်း၊ ပြည်တွင်း၌ ပေးသွင်းရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ ဖြစ်လျက်နှင့် ကျပ်ငွေအသုံးမ၀င် ဖြစ်နေခြင်း၊ ငွေလဲကောင်တာများမှ ၀ယ်ယူပေးသွင်းရခြင်း ဖြစ်ပြီး ငွေလဲကောင်တာများသာ ပိုမိုအမြတ်ရ အလုပ်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။