Monday, April 29, 2013

နိုင်ငံတကာအကူအညီများ တောင်းပေးမည်ဟု တောင်သူများအား ဒေါ်အောင်ဆန်းစုကြည်ကတိပြု

ဒေါ်အောင်ဆန်းစုကြည်က အတိုးနည်းသည့် နှစ်ရှည်ချေးငွေများနှင့် လယ်ယာသုံး

 စက်ကိရိယာ များအတွက် အကူအညီ တောင်းပေးမည်ဟု လယ်သမားများအား ကတိပေးထားကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ သတင်း ရရှိသည်။ လယ်သမားများက အကြွေးပြဿနာ ဖြေရှင်းပြီး စိုက်ပျိုးစရိတ် ရရှိရန် ရိတ်သိမ်းခြွေလှေ့ စက်ကဲ့သို့ လယ်ယာသုံး စက်ကိရိယာများကို နိုင်ငံတကာမှ အကူအညီများ ရအောင် တောင်းပေးမည်ဟု ဧပြီ ၂၄ က ၎င်းနေအိမ်၌ လယ်သမားများနှင့် တွေ့ဆုံပွဲတွင် ပြောကြားထားကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းအောင်က ပြောကြားသည်။

 

"လယ်မြေသိမ်းမှု တွေကတော့ သူတိုက်ရိုက် မကူညီနိုင်ဘူး။ ကူညီနိုင်သူတွေကို တစ်ဆင့်ပြောပေးမယ်လို့ ပြောတယ်"ဟု ဦးသိန်းအောင်က ဆိုသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ လယ်သမား ကိုယ်စားလှယ်ပေါင်း ၂၀ ဦး တက်ရောက်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် လယ်သမားအများစု တင်ပြသည်မှာ အကြွေးကိစ္စ အဓိကဖြစ်ပြီး လယ်မြေသိမ်းမှုများလည်း ပါဝင်သည်။ လယ်သမားများ တောင်းဆိုမှုမှာ နိုင်ငံတော် အစိုးရမှ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် အချိန်ပိုမိုတိုးမြှင့်ရေး၊ ပဲနှမ်းစိုက်ပျိုးသည့် ယာမြေများကိုလည်း စိုက်ပျိုးစရိတ် ချေးငွေကို ယခုထက်ပိုမိုးတိုးမြှင့်ပေးရေး၊ ဥယျာဉ်ခြံစိုက်ပျိုး သူများကိုလည်း ချေးငွေပေးနိုင်ရေး လယ်သမားများက တင်ပြဆွေးနွေး ခဲ့ကြောင်း သိရသည်။ 

 

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။