Monday, April 29, 2013

ဗဟန်းမြို့နယ်ရှိ နေအိမ်တစ်လုံး အမွှေးတိုင် ထွန်းရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွား


4.29.1

ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်ရှိ လူနေအိမ်တစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ အမှတ် ၅၄ ရှိ ဆေးရုံသုံးပစ္စည်းများ ပြုပြင်သည့် RC ၂ ထပ်တိုက် နေအိမ်အပေါ်ထပ်၌ အမွှေးတိုင်ထွန်းရာမှ ဆိုဖာပေါ်သို့ မီးစကျပြီး စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

4.29.1

အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ နံနက် ၆ နာရီ မိနစ် ၄၀ အချိန်တွင် စတင်သတင်းရရှိခဲ့ကြောင်းနှင့် ၇ နာရီ ၁၀ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၇ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုသို့ အုပ်ချုပ်မှုယာဉ် ၇ စီး၊ ထောက်ကူပြုယာဉ် ၂ စီး၊ မီးသတ်ယာဉ် ၄၁ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် ပေ ၈၀ အကျယ် နေအိမ်အဆောက်အဦ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၆ သိန်းကျော် ရှိကြောင်း မီးသတ်ဌာနမှ ရရှိသော သတင်းများအရ သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။