Monday, April 29, 2013

၁၂၀ မဂ္ဂါဝပ် အလုံဓာတ်အားပေး စက်ရုံသစ် ဖွင့်လှစ်လိုက်ပြီဖြစ်

အလုံဓာတ်အားပေး စက်ရုံဝင်း အတွင်း ထိုင်းနိုင်ငံ Toyo Thai Power Myanmar Co., Ltd မှ တည်ဆောက် လျက်ရှိတဲ့ ၁၂၀ မဂ္ဂါဝပ် Combined Cycle

ဓာတ်အားပေး စက်ရုံ အသစ်ကို ဧပြီလ ၂၇ ရက်နေ့က ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အလုံ ဓာတ်အားပေး စက်ရုံဝင်း အတွင်း ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ အသစ်ကို Toyo Thai Power Myanmar Co.,Ltd ရဲ့ ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုနဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနနဲ့ ကုမ္ပဏီတို့ အကြား BOT စနစ် အခြေခံပြီး တည်ဆောက်တာ ဖြစ်ပါတယ်။

 

အဲ့ဒီ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ အသစ်မှာ ဓာတ်ငွေ့ တာဘိုင်စက် (၁) ၄၁ မဂ္ဂါဝပ်ကို စတင် လည်ပတ် ဓာတ်အား ထုတ်လုပ် နိုင်ခဲ့တာ ဖြစ်ပြီး နောက်ထပ် ဒုတိယ တာဘိုင်စက်မှ ၄၁ မဂ္ဂါဝပ်ကို လာမယ့် မေလ အတွင်း ဆက်လက် ဓာတ်အား ထုတ်လုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ ၁၂၀ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ စီမံကိန်းကို Toyo Thai Power Myanmar Co.,Ltd နဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနက နှစ်ဦးနှစ်ဖက် အကျိုးသင့်တင့် မျှတတဲ့ အခမဲ့ ဓာတ်အား ၇.၁ ရာခိုင်နှုန်း၊ မြေငှားရမ်းခနှုန်း ၁ မီတာ ပတ်လည် အတွက် တစ်နှစ်ကို အမေရိကန် ၁ ဒေါ်လာ အရင်းကျေ ကာလ ၁၀.၃၂ နှစ်နဲ့ လုပ်ငန်း လုပ်ကိုင်ခွင့် ကာလ နှစ် ၃၀ တို့ အတွက် နှစ်ဖက် သဘောတူညီမှု စာချွန်လွှာ MOA ကို လက်မှတ် ရေးထိုး ဆောင်ရွက် ခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီ ၁၂၀ မဂ္ဂါဝပ် Combined Cycle ဓာတ်အားပေး စက်ရုံအသစ် ဖွင့်ပွဲမှာ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး စွမ်းအင် ၀န်ကြီး ဌာန ပြည်ထောင်စုကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်နဲ့ တာဝန် ရှိသူများ၊ Toyo Thai မှ တာဝန် ရှိသူများနဲ့ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။