Sunday, April 21, 2013

မြန်မာယူ-၁၈ (ခ) အသင်းကို ဂျပန်ယူ-၁၅ အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ယူ

မြန်မာနိုင်ငံတွင် ခြေစမ်းပွဲများ ကစားရန် ရောက်ရှိနေသည့် ဂျပန်ယူ-၁၅ အသင်း၏ ပထမဆုံး ခြေစမ်းပွဲအဖြစ် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က မြန်မာယူ-၁၈ (ခ) အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာယူ-၁၈ အသင်းမှာ MNL-2 ပြိုင်ပွဲမှ ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်ပြီး ဂျပန်အသင်းကို ဘောလုံးပညာနှင့် တစ်ဦးချင်း ကျွမ်းကျင်မှုများတွင် ယှဉ်ကစားနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ဂျပန်ယူ-၁၅ အသင်းမှာ ပွဲချိန်မိနစ် ၂၀ အထိ မြန်မာအသင်းကို ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ရာသီဥတု ပူပြင်းမှုကြောင့် ကစားအား ကျသွားခဲ့သည်။ ဂျပန်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၅ မိနစ်တွင် အီကာမာက သွင်းယူပေးခဲ့သည်။

ဂျပန်ယူ-၁၅ အသင်းသည် ဧပြီလ ၂၁ ရက်တွင် မြန်မာယူ-၁၆ အသင်း၊ ဧပြီ ၂၃ ရက် ညနေ ၄ နာရီတွင် အောင်ဆန်းကွင်း၌ ယူ-၁၈ (က)အသင်း၊ ဧပြီ ၂၄ ရက် နံနက် ၈ နာရီတွင် ယူ-၁၈ (ခ) အသင်းတို့နှင့် ထပ်မံခြေစမ်းမည် ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။