Sunday, April 21, 2013

ယခုနှစ် သင်္ကြန်ကာလအတွင်း မှုခင်းပေါင်း ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးနှင့် ဒဏ်ရာရသူ ၁၉၀ ဦှးရှိ

ယခုနှစ် မြန်မာ့ရိုးရာ သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကဲပြီး စည်ကမ်းလိုက်နာမှု အားနည်းသူများကြောင့် မှုခင်းပေါင်း ၁၇၇ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၂ ဦးရှိကာ ဒဏ်ရာရရှိသူမှာ ၁၉၀ ဦး ရှိကြောင်း ဧပြီ ၁၉ ရက်နေ့တွင် မြန်မာရုပ်မြင်သံကြား သတင်းမှ ထုတ်လွှင့်ကြေညာခဲ့သည်။

ယခု သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့ထိ သင်္ကြန်ကာလတွင် ဖြစ်ပွားခဲ့သော မှုခင်းများထဲတွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅ ဦး၊ ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၁၄ ဦးနှင့် လူသတ်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။

သင်္ကြန်ကာလအတွင်း အပျော်လွန်ကဲပြီး စည်းကမ်းလိုက်နာမှု အားနည်းသူ တစ်ချို့ကြောင့် လူသတ်မှု ၃ မှု၊ ယာဉ်တိုက်မှု ၂၂ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၅၆ မှု၊ ၀တ္တရား နှောင့်ယှက်မှု ၃ မှု၊ မူးယစ်ရမ်းကားမှု ၂၂မှု၊ ခါးပိုက်နိုက် ခိုးမှု ၃၉ မှု၊ ကာအိနြေ္ဒ ဖျက်စီးမှု ၅ မှု၊ သေမှုသေခင်း ၁၀မှု၊ မီးရှို့မှု ၁ မှု၊ လက်နက်ကိုင်ဆောင်မှု ၆ မှုနှင့် အခြားမှု ၁၀မှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သင်္ကြန်ကာလတွင် ခိုက်ရန်ဖြစ်ပွားမှုမှာ ၅၆ မှု ဖြစ်ပွားခဲ့ပြီး ယင်းခိုက်ရန် ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၅ ဦး ရှိခဲ့ကြောင်း သိရပြီး ယာဉ်တိုက်မှု ၂၂ မှုတွင် သေဆုံးသူ ၁၄ ဦး ရှိခဲ့ကြောင်း သိရသည်။

ယခုသင်္ကြန် ကာလအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများသည် ယခင်နှစ်ထက် မှုခင်းဖြစ်ပွားမှု လျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာ့သင်္ကြန် ပွဲတော်ကာလ မရောက်မီ အချိန်တွင် မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဆူပူလုယက်မှု ပဋိပက္ခများကြောင့် နောက်ဆက်တွဲ အကြမ်းဖက်မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လုံခြုံရေး တိုးမြှင့်ချထားမှုများကြောင့် အကြမ်းဖက်မှုများ မရှိခဲ့ဘဲ သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။