Sunday, April 21, 2013

လက်နက်တင်ပို့မှုမှလွဲ၍ ပိတ်ဆို့ထားမှုများအားလုံး အီးယူ ရုပ်သိမ်းမည်

လာမည့်ရက်သတ္တပတ်မှ စတင်ပြီး ဥရောပသမဂ္ဂ(အီးယူ)သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများမှ လက်နက်တင်ပို့မှုမှ လွဲ၍ အခြားတင်ပို့မှု အားလုံးပိတ်ဆို့မှုကို ရုပ်သိမ်းသွားရန် စီစဉ်လျက်ရှိကြောင်း အင်တာနက်၊ ရိုက်တာ သတင်းဋ္ဌာနမှ သိရှိရသည်။

 

အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်း၏ ဖော်ပြချက်တွင် ပါဝင်သည်။

 

ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အီးယူသံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့အတွင်း ၀န်ကြီးအဆင့် သဘောတူအတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများအစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိကြောင်း သတင်းထွက်ပေါ်ချက်များအရသိရှိရသည်။

 

အီးယူသည် ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို လက်နက်တင်ပို့မှုမှလွဲ၍ တစ်နှစ်တာကာလ ဆိုင်းငံ့ပေးခဲ့ပြီး၊ ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံအပေါ် ယမန်နှစ်ကကဲ့သို့ ယာယီဆိုင်းငံ့ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက်တင်ပို့မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။