Friday, March 22, 2013

မိတ္ထီလာမြို့မှာ အဓိကရုဏ်းတွေ ပြန်ဖြစ် (မတ်လ ၂၂) ရက်နေ့ 

မတ်လ ၂၀ ရက်နေနဲ့ ၂၁ ရက်ညနေအထိ နှစ်ရက်ကြာ ဖြစ်ပွားပြီး အနည်းငယ်ငြိမ်သက်သွားတဲ့ မိတ္ထီလာမြို့မှာ ဒီကနေ့ မနက် ၅ နာရီကစပြီး မီးလောင်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်လို့ RFA ကစုံစမ်းသိရပါတယ်။

ဒီမီးလောင်ကျွမ်းမှုတွေဟာ ရန်ကုန်-မန္တလေးကားလမ်းမဘေး၊အဝေးပြေးကားဝင်း အနီးက သီရိမင်္ဂလာရပ်ကွက်မှာ ဖြစ်ပွားနေတာလို့ မိတ္ထီလာမြို့နယ်မီးသတ်တပ်ဖွဲ့က အတည်ပြုပြောကြားပါတယ်။

"ပြည်သူတစ်ချို့က သောင်းကျန်းနေတာပါ။ရဲတွေလည်း ထိန်းဖို့ကြိုးစားနေတယ်"လို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောပါတယ်။

RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။