မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အခြားဒေသ များသို့ ဆက်လက် ကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် နောက်ထပ် အသက်ဆုံးရှုံး မှုများ မရှိစေရန် အတွက် အာဏာပိုင် များ၏ ကွင်းဆင်း ဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်သကဲ့သို့ ဘာသာရေးနှင့် လူမှု အဖွဲ့အစည်း ခေါင်းဆောင်များ ကလည်း မိမိတို့၏ နောက်လိုက် နောက်ပါများအား ပဋိပက္ခ အကြမ်းဖက်မှုများ အဆုံးသတ်ရန် နှင့် တရား ဥပဒေကို လေးစားလိုက်နာရန် တိုက်တွန်း အားပေးရမည် ဖြစ်ကြောင်း ကုလ အထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယား ကဆိုသည်။

ယမန်နေ့ ညက မြန်မာနိုင်ငံသို့ ရောက်လာသော ကုလ အထူးသံတမန် မစ္စတာ ဗီဂျေနမ်ဘီးယားက မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးခဲ့ရသူ များနှင့် ပျက်ဆီး ဆုံးရှုံးမှုများ အတွက် အလွန်ပင် ၀မ်းနည်းမိကြောင်း သတင်းထုတ်ပြန် ထားခဲ့သည်။ ယခု အရေးနှင့် ပတ်သတ်၍ မြန်မာအစိုးရ အဖွဲ့ထိပ်တန်း ခေါင်းဆောင်များ ၊ အဖွဲ့အစည်း ခေါင်းဆောင်များနှင့် လွှတ်တော် ဥက္ကဌများက ထုတ်ပြန်ပြောဆိုခဲ့သော သဘောထားများမှာ ချီးမွမ်းလေးစား ဖွယ်ကောင်းပြီး ပဋိပက္ခ ဒေသတွင်း အာဏာပိုင် များက နိုးနိုးကြားကြား တာဝန်ထမ်းဆောင် ရန်လိုအပ်သည်ဟု ပါရှိသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။