
Friday, March 22, 2013
Google Inc အမှုဆောင် ဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်း
Google Inc အမှုဆောင် ဥက္ကဋ္ဌ မစ္စတာ Eric Schmidt နှင့် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ နယ်ပယ်အချို့မှ လူငယ်များနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ပြုလုပ် ခဲ့ပြီးဖြစ်သည်။ ယနေ့ ပြုလုပ်သည့် မစ္စတာ Eric Schmidt နှင့် တွေ့ဆုံပွဲတွင် လူငယ်အချို့ Google နှင့်ပတ်သက်သော မေးခွန်းများ မေးမြန်းခြင်းကို အဓိက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အိုင်စီတီ ဖွံ့ဖြိုးမှုကဏ္ဍနှင့် သက်ဆိုင်သော အကြောင်းအရာ အချို့ကိုလည်း ဆွေးနွေးခဲ့ကြ သည်ဟုသိရသည်။ ယခုကဲ့သို့ Google ၏ ထိပ်တန်း အရာရှိတစ်ဦး မြန်မာနိုင်ငံသို့ မလာရောက်မီ တစ်ရက်အလိုတွင် www.google.com.mm ဟူသော ဒိုမိန်းတစ်ခုကို သုံးစွဲခွင့် ရပြီဖြစ်ပြီး ယခုအချိန်ထိ သုံးစွဲနိုင်ခြင်း မရှိသေးသည့် ၎င်း၏နာမည်ကျော် ၀န်ဆောင်မှု တစ်မျိုးဖြစ်သော Google Play ကို မကြာမီကာလအတွင်း ပြည်တွင်းမှ သုံးစွဲနိုင်ရန် အလားအလာ ရှိနေကြောင်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကွန်ပျူတာ ပညာရှင် အချို့ထံမှ သိရသည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။