Friday, March 22, 2013

ဒဂုံ (မြောက်) ၁၆ ရပ်ကွက်၊ အောင်ရတနာ ၁၂ လမ်း၌ နေအိမ် (၃) လုံး မီးလောင်ကျွမ်း


ဒဂုံ (မြောက်) မြိ့နယ်၊ ၁၆ ရပ်ကွက် အောင်ရတနာ ၁၂ လမ်း၌ မတ်လ၂၁ ရက်နေ့ နေ့လည်ပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ နေအိမ်သုံးလုံး မီးလောင်ကျွမ်းကာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည်ဟု ဒဂုံ (မြောက်) မီးသတ်တပ်ဖွဲ့မှ တာဝန်ခံ ဦးထိန်လင်းကပြောသည်။

"မီးလောင်တဲ့ နေအိမ်တစ်လုံးမှာ တစ်နှစ်ခွဲအရွယ် ကလေးလေးတစ်ယောက် ပါသွားတယ်လို့ ပထမကြားသိရပါတယ်။ ဒါပေမယ့် ကလေးထိန်းတဲ့ ကလေးကနေပြီးတော့ တစ်နှစ်ခွဲအရွယ် ကလေးကို ကယ်ထုတ်လာလို့ အခုတော့ လွတ်မြောက်သွားပါပြီ။ မီးလောင်တဲ့အိမ်ရဲ့ အနီးမှာ ၀ါးလုံးအရောင်းဆိုင်လည်းရှိတော့ မီးကကူးပြီး လောင်ကျွမ်းသွားပါတယ်" ဟု မီးလောင်မှုဖြစ်စဉ်အနီးတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးမှ ပြောသည်။
"ကျွန်တော်တို့ကတော့ သတင်းကြားသိသိချင်း ဘာတွေပျက်စီးဆုံးရှုံးမှု ရှိလဲ။ ရဲလုပ်ထုံးလုပ်နည်းတွေအရ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်တာပါပဲ။ စလောင်တဲ့အိမ်ကိုလည်း ဥပဒေကြောင်းအရ အရေးယူပြီး ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားပါ့မယ်" ဟု ဒဂုံ (မြောက်) ရဲစခန်းမှ စခန်းမှူး ဦးနိုင်ဝင်းက ပြောသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်သို့ ရန်ကုန်မြို့နယ်အတွင်းရှိ မီးသတ်ယာဉ် ၂၂ စီး၊ ကွပ်ကဲမှုယာဉ် ၃ စီး၊ အထောက်အကူပြုယာဉ် ၃ စီးအပါအ၀င် ကြက်ခြေနီ ၃၀ ဦး၊ သန္ဓေတပ်ဖွဲ့ဝင် ၉၂ ဦး၊ ကြက်ခြေနီ ၃၀ ဦးနှင့် အရံတပ်ဖွဲ့ဝင် ၇၁ ဦးတို့ လာရောက်ခဲ့ကြောင်း သိရပြီး နေ့လည် ၃ နာရီတွင် စတင်လောင်ကျွမ်းခဲ့ကာ ၃ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။