
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာ အုပ်စုရှိကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်တို့ အကြား ပဋိပက္ခ အသွင်သည် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်တွင် ပြေလည်မှုရရှိခဲ့ပြီး ယင်းည ၁၀ နာရီတွင် ပလောင်ကျေးရွာအနီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နေရာတွင် လုံခြံရေး တာဝန်ယူနေသည့် ရဲအင်အား ၂၀ဝ ခန့်အား မူလနေရပ်ဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ဦးထွန်းမင်းက အတည်ပြု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းနိုင်ရေး အထက်အဆင့်ဆင့်သို့ တင်ပြသွားမည် ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အဆိုပါနေရာတွင် ရဲအင်အား ၈၀ ဝန်းကျင်မှ လုံခြံရေးတာဝန် ဆက်လက်ထမ်းဆောင်လျက် ရှိကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။