Monday, May 28, 2012

၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက်နိုင်ငံတကာမှ လာရောက်ကူညီတော့မည်











ပွင့်လင်းမြင်သာသောမြန်မာ နိုင်ငံကျင့်သုံးနေသည့် ဒီမိုကရေစီ  စနစ်အရယခုလက်ရှိတွင်ဖြစ်ပေါ်  နေသောမြန်မာနိုင်ငံလျှပ်စစ်မီးပုံမှန်  ရရှိရေးမြန်မာနိုင်ငံသားတို့၏ ဆန္ဒ ပြတောင်းဆိုမှုအား နိုင်ငံတကာ  မှ ကူညီရန်နှင့် ရန်ကုန်မြို့တော်  ၂၄ နာရီလျှပ်စစ်မီးရရှိစေရန် အမေရိကန်နိုင်ငံမှ General Electric Co,Ltd,Cater Pillar Co,Ltd တို့မှလာရောက်ကူညီနေပြီဖြစ် ကြောင်း သိရသည်။
၎င်းအပြင် ဂျပန်၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့မှလည်း လျှပ်စစ်   ထုတ်လုပ်သည့်နည်းပညာပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း အမှတ် (၂)
စက်မှုဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့တော် ၂၄ နာရီမီးရရှိ ရေးအတွက် စင်ကာပူနိုင်ငံမှ  2 MW ထုတ်လုပ်ပေးနိုင်သော မီး စက် ၆ လုံး၊ 1 MW ထုတ်လုပ်ပေး နိုင်သော ဒီဇယ်မောင်းမီးစက် ၆ လုံး၊25 MWထုတ်လုပ်ပေးနိုင် သော Gas Turbine မီးစက်နှစ်လုံး  စုစုပေါင်း ၁၄ လုံးအား မြန်မာနိုင်ငံ  သို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၎င်း မီးစက်များကိုအမှန်တကယ်မီး လိုအပ်သည့်နေရာများတွင်စတင်  လည်ပတ်တော့မည်ဖြစ်ကြောင်း  သိရသည်။
““မြန်မာနိုင်ငံမှာ ဒီလိုနိုင်ငံတ ကာကအကူအညီတွေရောက်လာ တော့မယ်ဆိုတော့တော်တော်လေး ကို ကောင်းပါတယ်။ ကျွန်တော်  တို့ မြန်မာနိုင်ငံနဲ့ ရန်ကုန်မြို့ကြီး ၂၄ နာရီ မီးရရှိလာတော့မှာ ပေါ့ဒါကြောင့် အထက်ကလူကြီး တွေကို ကျေးဇူးတင်ပါတယ်။ နာဂစ်တုန်းက မြန်မာနိုင်ငံ အခက်အခဲဖြစ်လို့သူတို့ကူညီ ချင်တယ်လိုဆိုတော့ဝင်ခွင့်မရရှိခဲ့ ကြဘူး။ အခုသူတို့ဝင်လာလို့ရပြီ ဆိုတော့တော်တော်လေးတော့ ကောင်းပါတယ်””ဟု  မြန်မာနိုင်ငံ လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ကြိုးပမ်းနေသူတစ်ဦးမှပြောကြားခဲ့ သည်။အမှတ်(၁)လျှပ်စစ်ဝန်ကြီး ဌာနမှလည်းအဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍အကောင်းဆုံးဖြစ်လာ အောင်လုပ်ဆောင်နေကြောင်း သန်လျင်၊ ဒလ၊ မြောက်ဥက္ကလာ၊ မြို့နယ်များတွင်လည်းနိုင်ငံတကာ မှကူညီရန်မြေနေရာများကို ပေးထားပြီးပြီဖြစ်ကြောင်း အမှတ် (၂)လျှပ်စစ်ဝန်ကြီးဌာနမှ သိရ သည်။

ဖြိုးအောင်- Hot News

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။