Monday, May 28, 2012

ဒေါက်တာဦးမြင့်၏ ရန်ကုန်တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ အကြံပေးများ ရှင်းလင်းပွဲပြုလုပ်

7349
ရှင်းလင်းပွဲမြင်ကွင်း

ဒေါက်တာဦးမြင့်၏ ရန်ကုန် တက္ကသိုလ် အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ရေး အိတ်ဖွင့် ပေးစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတအကြံပေးများက ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ အကြံပေး အဖွဲ့ရုံးခန်းတွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ ရန်ကုန်တက္ကသိုလ်၏ အ စဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် ထွန်းပြောင်လာစေရန် တည်ဆောက် ထူထောင်ရေးမှာ ဒေါက်တာဦးမြင့် နှင့်တကွ ကျောင်းသားကျောင်းသူ အဟောင်းအသစ်များ၊ ဆရာဆရာမ အဟောင်းအသစ်များ လိုလားတောင့်တကြသကဲ့သို့ နိုင်ငံတော်ကလည်း အထူးလိုလား ဆန္ဒရှိသည့်ကိစ္စဖြစ် ကြောင်း၊ စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း နိုင်ငံတော် သမ္မတရုံး၏ ရှင်းလင်းထုတ်ပြန်ချက် ကို နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင်က ဖတ်ကြားခဲ့သည်။
ဒေါက်တာဦးမြင့်၏ အိတ်ဖွင့် ပေးစာမှာ ယင်း၏ ပုဂ္ဂလိက ဆန္ဒအလျောက် ရေးသားခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတရုံး အနေဖြင့် ကြိုတင် သိရှိခြင်းလည်း မရှိ၊ နိုင်ငံတော် သမ္မတရုံး၏ သဘောထား တစ်စုံတစ်ရာ ထင်ဟပ်ခြင်းလည်း မရှိပါကြောင်း ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် နိုင်ငံတော်နှင့် ပြည်သူသို့ အိတ်ဖွင့်ပေးစာ ပေးခဲ့သော ဒေါက်တာဦးမြင့် တက်ရောက်ခြင်း မရှိဘဲ အခြားနိုင်ငံတော် သမ္မတအကြံပေးများက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

စင်စစ်၌ ရန်ကုန်တက္ကသိုလ်သာမက တစ်နိုင်ငံလုံးရှိ တက္ကသိုလ် အားလုံးကို နိုင်ငံတကာအဆင့်နှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်များ ဖြစ်လာစေလိုသည့် ဆန္ဒရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ရန်ကုန်တက္ကသိုလ် တစ်ခုတည်းကိုသာ အထူးတလည်ဦးစားပေး တည်ဆောက်ပြီး ကျန်တစ်ပြည်လုံးရှိ တက္ကသိုလ်များကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင်ပါကြောင်း
“ကျွန်တော်လည်း မနေ့ကမှ ပြည်ပခရီးက ပြန်ရောက်တာပါ။ ဒီနေ့ ညနေလည်း ပြန်ထွက်ရဦးမှာပါ။ ကျွန်တော် သိတာကတော့ နိုင်ငံ တော်သမ္မတကြီးရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က နေပြည်တော်ကို ရောက်နေပါတယ်။ ကျွန်တော်က ညွှန်ကြားချက်အရ ရှင်းလင်းပြောကြားခြင်းဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်က ပြောကြားခဲ့ ပါသည်။
ထို့နောက် တက်ရောက်လာသည့် သတင်းထောက်များ၏ မေးမြန်းချက်တို့အား ဦးကိုကိုလှိုင်က ပြန်လည်ဖြေကြားပေးခဲ့ရာတွင် ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့် ဦးမှာ မေလ ၃ ရက်နေ့တွင် ထွက်ရှိလာသော အမိန့်အရ တရားဝင်ရာထူး၌ ရှိနေဆဲဖြစ်ကြောင်း၊ မိုးစရွာ နေပြီဖြစ်သဖြင့် လျှပ်စစ်မီးကိစ္စ မကြာ မီပြေလည်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သက်ဆိုင်ရာက အကောင်းဆုံးဖြစ်အောင်လုပ်နေကြတယ်။ အမြန်ဆုံးဖြစ်အောင် လုပ်နေကြတယ်။ မိုးရွာတာနဲ့ Voltage ထုတ်နိုင်တဲ့ Power တက်လာပြီ။ မိုးမရွာရင် ရေအားလျှပ်စစ်က Run  လို့ မရဘူး။ ရေ နဲ့ Run  ရတာ ဖြစ်တဲ့အတွက် ရေမရှိရင်ဘာမှ မဖြစ်ဘူး။ မိုးက အခုဆို တော်တော် စရွာနေပြီ။ မကြာမီ ပြေလည်သွားမှာပါ”ဟု  ဦးကိုကိုလှိုင်က  ပြောကြားခဲ့သည်။
“ဂျပန်မှာ Nuclear Facility တွေပျက်သွားတယ်။ အဲဒါနဲ့ကြောက်လန့်ပြီး Nuclear Plant တွေ အကုန် ပိတ်တယ်။ အခု စက်ရုံ ၄၀ မှာ နှစ်ခု ပဲ ကျန်တယ်။ ဒါပေမယ့် ဂျပန်မှာ မီးမပျက်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူကခြိုးခြံချွေတာတယ်။ အဲဒီတော့ စေတနာနဲ့ပြောချင်တာက ကျွန်တော်တို့ကလည်း ဖယောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်”ဟု နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ဆက်လက်ပြောကြားခဲ့ပါသည်။
“ဆန္ဒပြတယ်ဆိုတဲ့ကိစ္စသည် ပြည်သူတွေရဲ့ဆန္ဒကို ဒီမိုကရေစီ နိုင်ငံတွေမှာ ဖော်ပြတာထုံးစံပဲ။ သို့သော် ဥပဒေနဲ့အညီဖြစ်ဖို့ လိုတယ်။ ဥပဒေက ခွင့်ပြုထားတဲ့ အတိုင်းအတာအတိုင်း ဆန္ဒပြလို့ရတယ်။ နိုင်ငံတကာမှာလည်း ဥပဒေအရ ခွင့်ပြုထားတာက မတ်တပ်ရပ်လမ်းလျှောက် ပြီး ဆန္ဒပြရင်ရတယ်။ ထိုင်လို့ရှိရင် ဆွဲတာပဲ။ နိုင်ငံတကာမှာ ပန်းခြံထဲမှာ ထိုင်ပြီး ဆန္ဒပြလို့ ပြန်ထွက်လာရင် ဆွဲတာပဲ။  ဥပဒေနဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုပါတယ်”ဟု ပြော ကြားခဲ့သည်။
“တကယ်တမ်းပြောရရင် ဥပဒေက ထွက်ပြီးသား။ နည်းဥပဒေ မထွက်သေးဘူး။ တကယ်လို့ ဆန္ဒပြချင်တယ်ဆိုရင် သက်ဆိုင်ရာ ရဲစခန်းကို အကြောင်းကြားပြီး ခွင့်ပြုချက်တောင်းရမယ်”ဟု ဦးကိုကိုလှိုင် က ဆက်လက်ပြောကြားခဲ့သည်။
ပြန်လည်ဖြေကြားပေးခဲ့သည့် အနက် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဆီးဂိမ်းပြိုင်ပွဲအတွက် တင်းနစ်ကွင်းများကို နိုင်ငံတကာ အဆင့်မီအောင်မြှင့်တင် တည်ဆောက်မည်ဆိုခြင်းမှာ ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းများအား ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များလက်သို့ ၀ကွက်အပ်လိုက်ခြင်း မဟုတ်ကြောင်း  ဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ရန်ပုံငွေမှ လက်ရှိတင်း နစ်ကွင်းများကို ပြိုင်ပွဲဝင် စံချိန်မီရေး အဆင့်မြှင့်တင်ခြင်းသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာန (သို့မဟုတ်) တက္ကသိုလ်အနေ ဖြင့် ရန်ပုံငွေမသုံးစွဲရဘဲ ကွင်းသစ်အ ဆောက်အအုံများ ရရှိပိုင်ဆိုင်သွားမည်ဖြစ်ကြောင်း၊ အားကစားပွဲပြီး လျှင် တက္ကသိုလ်ပိုင်ကွင်းများ အဖြစ်သာရှိပြီး တက္ကသိုလ်များမှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများ က ကစားနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော် သမ္မတအကြံပေး ဦးကိုကိုလှိုင် အပါအ၀င် နိုင်ငံတော်သမ္မတ အကြံပေးများဖြစ်သည့် ဒေါက်တာနေဇင်လတ်၊ ဦးစစ်အေးနှင့် ဒေါ်ခင်မျိုးမြင့် တို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။