Monday, May 28, 2012

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ဗုံးတစ်လုံးပေါက်ကွဲ

ဓါတ်ပုံ-Eleven Media Group
မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် ပြည်ထောင်စုလမ်းမကြီး အလယ်ကျွန်းပေါ်၌ ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။ အဆိုပါဗုံးမှာ သံဖြတ်စများထည့်၍ ခွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ကြောင်း သိရသည်။

 ၆ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အဆိုပါနေရာနှင့် ၁၀ ပေခန့်အကွာ ကုက္ကိုပင်အောက်မြှုပ်ထားသော မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ရာ မိုင်းရှင်းအဖွဲ့မှ အသက်မဲ့အောင်ပြုလုပ်နိုင်ခဲ့ကြောင်း Eleven Media Group Facebook စာမျက်နှာမှာဖော်ပြထားပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။