Monday, May 28, 2012

၅၀၀၀ ကျပ် ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်

ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်
မန္တလေးမြို့ မဟာအောင်မြေကျောက်မျက်ရတနာဈေးအတွင်း ၅၀၀၀ ကျပ်
ဝင်ခွင့်ကဒ်အတွက် ဈေးသူဈေးသားများမှ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေပါတယ်။

ယနေ့  ၂၈.၅.၂၀၁၂ နံနက် ၁၀နာရီ တွင် ကျောက်မျက်ဈေးအတွင်းရောင်းဝယ်
လုပ်ကိုင်သူများနှင့်စာနယ်ဇင်းသတင်းသမားများကိုဖိတ်ခေါ် တွေ့ ဆုံသတင်း
စာရှင်းလင်းပွဲပြုလုပ်ရန်ဆောင်ရွက်နေစဉ်အတွင်း  အခမ်းအနား မပြုလုပ်မှီ
တနာရီအလိုတွင်ဈေးစည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ ခွင့်မပြုကြောင်း
လာရောက်ပြောဆိုတားမြစ်ခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။

စည်ပင်သာယာမှကျောက်မျက်ဈေးအတွင်းသို့ ဝင်ရောင်လျှင် ဝင်ကြေးအဖြစ် ၅၀၀၀
ကျပ်တန် ဝင်ခွင့်ကဒ်များပြုလုပ်ခိုင်းခြင်းအပေါ် ဈေးအတွင်းရတနာရောင်းဝယ်ပြု
လုပ်သူများမှ မကျေနပ်သဖြင့် ယနေ့ နံက် ၁၀နာရီဝန်းကျင်တွင် ငြိမ်းချမ်းစွာဖြင့်
တန်းစီလှည့်လည်ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေကြပါတယ်။

Myanmar News News





ဈေးသူဈေးသားများ ငြိမ်းချမ်းစွာဖြင့် တန်းစီလှည့်လည်ဆန္ဒဖော်ထုတ် သတင်း-ဓါတ်ပုံ (Myanmar News Now)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။