Saturday, April 6, 2013

အင်ဒိုနီးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းတွင် မြန်မာငါးဖမ်းသမားများနှင့် ရိုဟင်ဂျာ ဘင်္ဂါလီတို့ ခိုက်ရန်ဖြစ်ပွားရာမှ မြန်မာ ငါးဖမ်းသမား ၈ ဦးသေဆုံး


အင်ဒိုနီးရှားနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတွင် ဧပြီ ၅ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာဘင်္ဂါလီ (AP သတင်းဌာန၏ ဖော်ပြချက်အရ) ခိုလှုံသူတို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြရာ ဓားများ ကျောက်ခဲများဖြင့် တိုက်ခိုက်ခဲ့ကြပြီး မြန်မာငါးဖမ်းသမား ၈ ဦးသေဆုံးကာ ရိုဟင်ဂျာဘင်္ဂါလီ ၁၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပြောကြားချက်အပေါ် ကိုးကား၍ AP သတင်းဌာနမှ ဖော်ပြခဲ့သည်။

အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့က ကိုယ်ထိလက်ရောက် တားဆီးသည့် ဖြစ်ရပ်နှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်သွားမည်


အလုံမြို့နယ် အလုံလျှပ်စစ်ဓာတ်အားပေး စက်ရုံအတွင်း မီးလောင်မှုကို သတင်းယူသည့် Weekly Eleven ၏ သတင်းထောက် နှစ်ဦးအပေါ် လျှပ်စစ်ဝန်ထမ်း အချို့က ကိုယ်ထိလက်ရောက် တားဆီးသည့်ဖြစ်ရပ်နှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ တရားဝင် ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။

နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။ 

စင်္ကာပူက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပြီ

မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးရေးကို အားပေးရန် စင်္ကာပူက ရန်ကုန် ပြည်ပစင်တာ( Yangon Oversea Centre) တခုက ဖွင့်လှစ်မည် ဖြစ်သည်။

ဧပြီလ ၄ရက်နေ့က စင်္ကာပူနှင့် မြန်မာတို့ သဘောတူညီချက် သုံးခုဖြင့် နားလည်မှု စာချွန်လွှာ(MOU) နှစ်ခုတို့ကို လက်မှတ်ရေးထိုးခဲ့သည့် စင်္ကာပူ မြန်မာ စီးပွားရေးဖိုရမ်တွင် ယင်းကြေညာချက်ကို  ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပိုက်လိုင်းများ ပြောင်းရွှေ့ပေးရန် ရှမ်းတောင်သူများနှင့် ရှမ်းလူထုအဖွဲ့များ တောင်းဆို

ချင်းမိုင်(မဇ္စျိမ)။      ။ ရှမ်းပြည်နယ်မြောင်ပိုင်း ဖြတ်သန်းထားသော ဓါတ်ငွေ့ ပိုက်လိုင်းများကို ပြောင်းရွှေ့ပေးရန်
မြောက်ပိုင်း ရှမ်း တောင်သူလယ်သမား ကော်မတီနှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများက သောကြာနေ့တွင်
တောင်းဆိုလိုက်ကြသည်။

ဓမ္မစေတီ ခေါင်းလောင်းကြီး ထပ်မံရှာဖွေ ဆယ်ယူမည်

နိုင်ငံခြား ကုမ္ပဏီ၏ အကူအညီဖြင့် ဒေါပုံမြစ်ဝ ရေအောက်တွင် ရာစုနှစ် လေးခုတိုင် နစ်မြုပ်နေသည့် ဓမ္မစေတီ
 ခေါင်းလောင်းကြီး ရှာဖွေဆယ်ယူခြင်း လုပ်ငန်းကို ဇူလိုင်လတွင် စတင် အကောင်အထည် ဖော်သွားမည်ဟု ဆယ်ယူနိုင်ရေး ကြိုးပမ်းသူတဦး ဖြစ်သည့် စာရေးဆရာ ချစ်စံဝင်း က ပြောသည်။

ကော့သောင်း ကရသူရိမြို့နယ်အတွင်း မြန်မာတပ်နှင့်တိုက်ပွဲဖြစ်ဟု ထိုင်းမှ သတင်းမှားထုတ်လွှင့်


ဧပြီ ၅ ရက်နေ့ နံနက် ၁၀း၃၀ ခန့်တွင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကရဘူရီမြို့နယ်နှင့် နယ်နိမိတ်ဆက်စပ်နေ  သည့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ၊ ကရသူရိမြို့နယ်အတွင်း နယ်စပ်လုံခြုံရေး တာဝန်ထမ်း ဆောင်နေသည့် မြန်မာ့တပ်မတော်နှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းထုတ်လွင့်ချက်အရ သိရှိရသည်။

အိမ်ရှင်အဖြစ် အာဆီယံအစည်းအဝေးများ လက်ခံကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်


လာမည့်၂၀၁၄ခုနှစ် နှစ်စမှစ၍ မြန်မာနိုင်ငံသည် အာဆီယံဥက္ကဌ တာဝန်စတင်ယူမည်ဖြစ်ခြင်းကြောင့် အိမ်ရှင်နိုင်ငံ အဖြစ်အာဆီယံအစည်းအဝေးများ ကျင်းပနိုင်ရန် မြန်မာအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။

အန္တရာယ်ရှိနိုင်၍ ယခုနှစ်အတွက် ပြည်ချောင်းသာစခန်း ဖွင့်လှစ်နိုင်တော့မည်မဟုတ်

ပြည်န၀ဒေးတံတားအနီးရှိ ဧရာဝတီမြစ်၏သဲသောင်များပေါ်၌ ယခင်က အပန်းဖြေစခန်းပြုလုပ်ခဲ့သော ပြည်ချောင်းသာမှာ ယခုနှစ်တွင် ဘူမိရုပ်သွင်အနေအထားပြောင်းလဲကာ ရေများပြီးအန္တရာယ်ရှိလာနိုင်သည့် အတွက် ယခုနှစ်တွင် အပန်းဖြေစခန်းအဖြစ် အသုံးပြုရန် အခြေအနေမပေးတော့ဟု ဒေသခံတို့က ဆိုသည်။

 

ဧရာဝတီမြစ်အပေါ်၌ ဖြစ်ပေါ်လာသော သောင်များပေါ်တွင် အပန်းဖြေစခန်းများပြုလုပ်ကာ ထိုဒေသများသို့ လာရောက် အပန်းဖြေသူများရှိသောကြောင့် ဒေသခံများအတွက် ၀င်ငွေရစေနိုင်သော်လည်း ဂေဟဗေဒ စနစ်အရ မြစ်မှာ ဆိုးကျိုးများကို စတင်ခံစားနေရသည်ဟု ယူဆ၍ရကြောင်း ပညာရှင်တို့က သုံးသပ်ကြသည်။

 

ပဲခူးတိုင်းအနောက်ခြမ်းမှ ပြည်မြို့န၀ဒေးတံတားအနီး၌ ပြည်ချောင်းသာကမ်းခြေသို့ ယခင်နှစ်က အပန်းဖြေလာရောက်သူ များပြားခဲ့ကြောင်းကိုလည်း သိရသည်။

 

"ဒီနှစ်တော့ မလုပ်ဖြစ်ဘူးပြောတယ်။ အဲ့ဒီနေရာက သဲသောင်တွေက ပြေပြီးနိမ့်ဆင်းသွားပြီးလို့  ချောက်လို ဖြစ်သွားတယ်။ ဒါကြောင့် ဒီကိုလာမယ့် သူတွေအတွက်လည်း အန္တရာယ်များတယ်။ ပြီးတော့ မိထ္ထီလာကိစ္စနဲ့ ပတ်သက်ပြီး ဒီဘက်မှာ   ကောလဟာလတွေကြောင့်လည်းပါမယ်ထင်တယ်။" ဟု ပြည်ချောင်းသာအနီးရှိ ဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

မြစ်ကြောင်းထိန်းသိမ်းရေးဌာနမှ အစီအစဉ်နှင့် မွန်းမံပြင်ဆင်ပေးခြင်းဖြင့်လည်းကောင်း သောင်တူးစက်များနှင့်   သောင်ခုတ်ပေးခြင်းဖြင့် လည်းကောင်း၊ သဘာဝတရားက မြစ်ကြောင်းများ ပြောင်းလဲစေခဲ့လျှင်လည်းကောင်း၊   မြေငလျှင်လှုပ်ခြင်းအားဖြင့် ရေကြောင်းများပြောင်းလဲ၍သော်လည်းကောင်း၊ ပထ၀ီဘာသာဝင် သဘောတရား နှင့် ဘူမိရုပ်သွင်အနေအထားအရ မြစ်သူငယ်ပြန်ခြင်းဖြစ်စဉ် (Rejuvenation) ဖြစ်ပေါ်လာမည်ဆိုပါက မြစ် ပြန်လည်ရှင်သန် လာနိုင်ပြီး ရေစီးရေလာကောင်းမွန်လာနိုင်ကြောင်း အငြိမ်းစားပါမောက္ခ ဒေါက်တာစိန်စိန်သိန်း က အကြံပြုပြောဆိုသည်။

 

"မြစ်တို့ရဲ့သဘောအရပျမ်းမျှ (၁၈)ရက်ကနေ (၂၀)ရက်အတွင်း ရေအမြဲ ဖြည့်ပေးရလေ့ရှိတယ်  ။ ရေရရှိမှုမရှိရင်   မြစ်ရဲ့ရေစီးရေလာ နှေးကွေးသွားပြီး မြစ်တိမ်ကောသွားသလို သောင်တွေထွန်းလာတာဖြစ်တယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရ ဂေဟဗေဒသဘောနဲ့ ကြည့်ရင်တော့ မြစ်တို့ရဲ့ သဘာဝမှာတစ်ဖက်က သောင်ထွန်းရင် တစ်ဖက်က ကမ်းပါးပြိုလေ့ရှိတယ်။" ဟု ပါမောက္ခဒေါက်တာစိန်စိန်သိန်း ကပြောသည်။

 

အမှိုက်များအား စနစ်တကျ စွန့်ပစ်ခြင်းမရှိပါက စွန့်ပစ်အမှိုက်များနှင့် နူန်းမြေတို့ စုပေါင်းပိတ်ဆို့ကာ ရေစီးရေလာအတွက် ကြီးမားသော အနှောက်အယှက် ဖြစ်ပေါ်၍ မြစ်ချောင်းများပျောက်ကွယ်သွားနိုင်သည်ဟု  ပညာရှင်တို့က သုံးသပ်ကြသည်။

 

ရေစီးရေလာနှေးကွေးကာ မြစ်ကြောင်းများ ပျောက်ကွယ်သွားသည့်နေရာများ၌ စိုက်ပျိုးရန်မြေနှင့် လယ်ယာများ ပေါ်ပေါက်လာကြောင်း ဒေသခံတောင်သူများထံက သိရသည်။


5.4.2013 မှ 11.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း


5.4.2013 မှ 11.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ရန် ခဲယဉ်းနေမည်။ တွေးခေါင်ပူပန်မှုများ ဖြစ်နေမည်။ ပွင့်လင်း ပြတ်သားပါမှ ရှေ့ဆက်လုပ်ရန် အောင်မြင်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး နှင့် အလုပ်အကိုင် တို့အတွက် စိတ်အနှောင့်အယှက်များမည်။ မစိုးရိမ်ပါနှင့်။ ထင်သလောက်မခဲယဉ်းပါ။ အောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာတတ်သည်။ အထူးသဖြင့် ၀မ်းဗိုက်ဂရုစိုက်ပါ။ သင်အလုပ်များ စိတ်များနေမည်။ ခရီးစဉ်များနေမည်။ လမ်းခရီးအန္တရာယ်မရှိပါ။

Friday, April 5, 2013

မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင်

လာမယ့် သီတင်းပတ်တွေအတွင်းမှာ အမေရိကန် ခေတ်မှီ ဒုံးကာကွယ်ရေး စနစ်တွေကို ပစိဖိတ်ဒေသမှာ ပြင်ဆင် ချထားဖို့ ရှိတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြော ပါတယ်။

ကြက်ငှက်တုပ်ကွေး ပိုးသစ်ကြောင့် တရုတ်မှာ ငါးဦးသေဆုံး


ကြက်ဌက်တုတ်ကွေး စစ်ဆေးနေစဉ်။ကြက်ဌက်တုတ်ကွေး စစ်ဆေးနေစဉ်။
တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

မြောက်ကိုရီးယား ဒုံးလက်နက် ပစ်လွှတ်ဖွယ် ခန့်မှန်း

မြောက်ကိုရီးယားက Missile ဒုံးလက်နက်တွေကို လာမယ့် ရက်တွေအတွင်းမှာ ပစ်လွှတ်လိမ့်မယ်လို့ အမေရိကန်က ခန့်မှန်းနေ ပါတယ်၊ မြောက်ကိုရီးယား ဖက်က Missile ဒုံးလက်နက်ပစ်လွှတ်မှုကို ကာကွယ်နိုင်ဖို့ အသင့် ပြင်ဆင် ထားပြီး မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက်မှုတွေကို အလေးအနက် ထားတယ်လို့ ကာကွယ်ရေးဌာနပြောခွင့်ရသူတွေက VOA ကိုပြောပါတယ်။

မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။မြောက်ကိုရီးယား စစ်ရေးလေ့ကျင့်နေစဉ်။

အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း အသိမြှင့်တင်ရေးနေ့ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပ၊ မြန်မာနိုင်ငံသည် မြေမြုပ်မိုင်းဗုံးများကြောင့် လူဦးရေ ၁၀၀နှင့်အထက် သေကြေပျက်စီးသည့် နိုင်ငံများတွင် ပါဝင်နေ



w1-4-4-1
မြေမြုပ်မိုင်းဗုံး ရှင်းလင်းနေမှုကို သရုပ်ပြနေစဉ်
အပြည်ပြည်ဆိုင်ရာ မြေမြုပ်မိုင်း အသိမြှင့်တင်ရေးနေ့ (International Landmine Awareness Day) အခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အနေဖြင့် ဧပြီ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ကျင်းပခဲ့သည်။

မိုးထိမိုးမိ ရွှေလုပ်သား ခေါင်းဆောင်(၂)ဦးကို လွတ်ရန် (၆) ရက်အလို ပုဒ်မ(၃)ခု ထပ်တိုးပြီး ရမည်းသင်းထောင်ပြောင်းရွှေ့