Saturday, April 6, 2013

5.4.2013 မှ 11.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း


5.4.2013 မှ 11.4.2013 ထိ ၇ ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ရန် ခဲယဉ်းနေမည်။ တွေးခေါင်ပူပန်မှုများ ဖြစ်နေမည်။ ပွင့်လင်း ပြတ်သားပါမှ ရှေ့ဆက်လုပ်ရန် အောင်မြင်မည်။ အချစ်ရေး ၊ အိမ်ထောင်ရေး နှင့် အလုပ်အကိုင် တို့အတွက် စိတ်အနှောင့်အယှက်များမည်။ မစိုးရိမ်ပါနှင့်။ ထင်သလောက်မခဲယဉ်းပါ။ အောင်မြင်ပါလိမ့်မည်။ ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာတတ်သည်။ အထူးသဖြင့် ၀မ်းဗိုက်ဂရုစိုက်ပါ။ သင်အလုပ်များ စိတ်များနေမည်။ ခရီးစဉ်များနေမည်။ လမ်းခရီးအန္တရာယ်မရှိပါ။



အကျိုးပေးဂဏန်း - ၃ ၊ ၆ ၊ ၉။

အထူးဟော - ရှုပ်ပေမဲ့ ရှင်းနိုင်ပါသည်။

ယတြာ - တနင်္ဂနွေနေ့ နံနက် တွင် ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။



တနင်္လာ

မျှော်လင့်ချက်များ အကောင်အထည်ဖော်ဖြစ်မည်။ အောင်မြင်မည်။ ကူညီသူတွေပေါ်မည်။ ငွေဝင်ပါမည်။ အချစ်ရေးမျှော်လင့်ထားတာက ၁ယောက် ရတာက ၁ယောက်ဖြစ်နေမည်။ ခရီးဝေး ယာယီတွေသွားရမည်။ လမ်းခရီး စိတ်အနှောင့်အယှက် ကြုံနိုင်မှု မှ လွဲ၍ အန္တရာယ်လုံးဝ ကင်းမည်။ လက်ဆောင်ကောင်းရမည်။ ခြေ ၊လက် တို့ အနာတရ ကြုံတတ်သည်။ ဆွေမျိုးသားချင်းတို့အတွက် အလုပ်များမည်။ အလုပ်အကိုင်နှင့်ပညာအထူးအောင်မြင်မည်။ အပေါင်းအသင်းမှားတတ်၍ ဆင်ခြင်ပါ။ လူယုံမထားရ။



အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၁။

အထူးဟော - အရာရာ အဆင်ပြေနေမည်။

ယတြာ - တနင်္လာနေ့ တွင် ငါးအရှင် (၁၅) ကို အရှေ့အရပ်တွင် လွှတ်ပေးပါ။



အင်္ဂါ

စိတ်တိုစရာ ဒေါသထွက်စရာတွေ တွေ့ကြုံနေမည်။ အထင်လွဲ စွပ်စွဲမှုတွေခံရမည်။ ငွေကြေးကိစ္စ ရှုပ်မည်။ မပြတ်မသား ဆောင်ရွက်မှုတွေကြောင့် စိတ်ညစ်ရတတ်သည်။ စက် ၊ ကား ၊ရွှေ ၊ မြေ ကိစ္စ များ အတွက် စိတ်ရှုပ်ရတတ်သည်။ ရစရာငွေရမည်။ မရောက်ဘူးသော ခရီးတွေရောက်မည်။ စပ်တူရှယ်ယာ လုပ်ငန်းတစ်ခု အဆင်မပြေဖြစ်မည်။ အဝေး (သို့) ပြည်ပမှ မှာယူတင်သွင်းမှုများ အဆင်ပြေမည်။ စီးပွားရေးလုပ်ငန်း တစ်ခုလုပ်ဖြစ်မည်။ အဆင်ပြေမည်။ ထိခိုက်ရှနာ ဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်မှာ သစ္စာမရှိသလိုတွေဖြစ်နေလိမ့်မည်။

အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ၁။

အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ - အင်္ဂါနေ့နံနက် အင်္ဂါနံဘုရားကို အောင်သပြေ (၁၉) ညွန့် လှူပါ။



ဗုဒ္ဓဟူး

ဆန္ဒမစောပါနှင့် ဆုံးဖြတ်ချက် မမြန်နှင့်။ လူယုံမထားနှင့်။ အားနာမှု့မစောနှင့်။ ဂရုစိုက်ပါ။ အနောက်မြောက် အရပ်ခရီးရှောင်ပါ။ စိတ်လေနေတာတွေ ငြိမ်သွားမည်။ စိတ်ကူးယဉ်စရာတွေ ပြောင်းလဲသွားမည်။ ခရီးဝေးသွားမှု့တွေ ပေါ်ပေါက်လာမည်။ ပညာရေး တွေ အချစ်ရေးတွေ အဆင်ပြေမည်။ ချစ်သူထံမှ စာ ၊လက်ဆောင်ရမည်။ အိမ်ထောင်ကျကိန်း ရှိနေသည်။ သို့မဟုတ် ရဟန်းဒုလဘ္ဘ၀တ်ခြင်း ၊ ယောဂီဝတ်ခြင်းတို့ဖြစ်မည်။ ၀ါသနာပါလျှင် ထီထိုးပါ။ ၇ စ ၇ ပိတ်ထိုးပါ။ ပေါက်မည်။



အကျိုးပေးဂဏန်း - ၄ ၊ ၉ ၊ ၆။

အထူးဟော - အောင်မြင်နေမည်။

ယတြာ - ဗုဒ္ဓဟူးနေ့ တွင် တန်ခိုးကြီး ဘုရာဒ၏ ရင်တော် ၊ လက်မောင်းတော်ကို ရွှေသင်္ကန်း ကပ်လှူပါ။



ကြာသပတေး

လူရွေးပေါင်း၍ မာနကြီးတယ်ဟု အထင်ခံရတတ်သည်။ အသုံးကြမ်း၍ ငွေမမြဲနိုင်သေးပါ။ ခရီးဝေး သွားရန် ရည်ရွယ်သော်လည်း မသွားဖြစ်တတ်ပါ။ အတိုက်အခံတွေကြုံမည်။ ကျော်လွှားနိုင်မည်။ ငွေဝင်လာလိုက် ၊ ငွေစုလို့ မရ လိုက်ဖြစ်နေမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲ မည်။ ဆွေမျိုးသားချင်း သားသမီးတို့ မှ ၁ယောက် ဆေးရုံဆေးခန်း ဆေးကုသမှု ဖြစ်တတ်သည်။ ကား ၊စက်၊မြေတို့ ပြောင်းလဲဝင်ထွက်မည်။ စပ်တူ မလုပ်ရ။ ငွေကြေးကိစ္စ ပြောရတတ်သည်။



အကျိုးပေးဂဏန်း - ၂ ၊ ၄ ၊ ၈။

အထူးဟော - အောင်မြင်မှုရမည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ကြာသပတေးနံဘုရားကို ပေါက်ပေါက်ပွင့် ၁ပြည် လှူပါ။



သောကြာ

အင်တာဗျုးများ စာမေးပွဲ များ ဖြေဆိုမှု့တွေအောင်မြင်မည်။ အကြီးအကဲ ၏ မြှောက်စားမှု့ ဆုချမှု့ လက်ဆောင်ရမှု့ အချစ်ရေးကံကောင်းမှု့ ချစ်သူထံမှ လက်ဆောင်ရမှု့များ ကြုံမည်။ ငွေကြေးကိစ္စ ရှုပ်မည်။ ညခရီး မသွားရ။ ခရီးဝေး သွားရမည်။ အရှေ့တောင်အရပ် ခရီးရှောင်ပါ။ ခြေထောက်ပိုင်း ခိုက်မိမည်။ ပြည်ပခရီးများ နယ်စပ်ခရီးများ ခရီးဝေးများရောက်ဖြစ်မည်။ သွားဖြစ်မည်။ စက်ပစ္စည်းဝင်မည်။ တရားဓမ္မကျင့်ကြံဖြစ်မည်။ ငွေဝင်မည်။ အလုပ်အဆင်ပြေမည်။



အကျိုးပေးဂဏန်း - ၆ ၊ ၉ ၊ ၂။

အထူးဟော - အောင်မြင်မည်။

ယတြာ - သောကြာနေ့ တွင် သောကြာနံဘုရားကို ရေသက်စေ့ လှူပါ။



စနေ

ကောင်းသတင်း ကျော်ကြားမည်။ စိတ်ကောင်းနှလုံးကောင်း ထားဖြစ်မည်။ မိဘ အကြိုက် ၊ မိဘ စကား ၊ ဆရာ့အကြိုက် ၊ ဆရာ့စကား နားထောင်ခြင်းနှင့် တရားဘာဝနာ ကျင့်ကြံမှုများ ပြုလုပ်ဖြစ်မည်။ လွတ်လပ်မှု လိုလားသော်လည်း စိတ်တည်ငြိမ် အောင်ကြိုးစားဖြစ်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ လက်ဆောင်ရမည်။ ကြိုးစားမှုများအောင်မြင်မည်။ မကြာမှီ ဤရက်၁ပတ် အတွင်း သင်၏ ဆောင်ရွက်မှုများ က အောင်မြင်မှုပန်းပွင့် တွေ ကြုံလာမည်။ အချစ်ရေးမှာ မိဘ သားချင်း သဘောတူ သောသူကို ရွေးချယ်ဖြစ်မည်။ စီးပွားရေး အလုပ်အကိုင် စတင်ကောင်းလာမည်။ ရာထူးတက်မည့်ကာလဖြစ်ပါသည်။



အကျိုးပေးဂဏန်း - ၀ ၊ ၇ ၊ ၂။

အထူးဟော - ဆန္ဒတွေ မုချအောင်မြင်မည်။

ယတြာ - စနေနေ့ တွင် ထီး ၉ လက် ကို စနေနံဘုရားကို လှူပါ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။