Saturday, April 6, 2013

မြောက်ကိုရီးယား၏ ရန်စမှုအား တောင်ကိုရီးယား တုံ့ပြန်ရန်ပြင်ဆင်


မြောက်ကိုရီးယား၏ မည်သည့် ရန်စ ကျူးကျော်မှု ကိုမဆို စစ်ရေးအရ ပြင်းပြင်းထန်ထန် တုံ့ပြန် သွားရေးအတွက် တောင်ကိုရီးယား သမ္မတက စစ်တပ်အား ညွှန်ကြား ထားကြောင်း သိရသည်။
''တိုင်းပြည်နဲ့ ပြည်သူတွေ အပေါ် တစ်စုံတစ်ရာ ရန်စမှုတွေ ရှိလာရင် စစ်တပ်ဟာ နိုင်ငံရေး ကိစ္စ ရပ်တွေကို ထည့်မစဉ်းစား ဘဲနဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန်သင့်တယ်'' ဟု သမ္မတ ပတ်ဂွမ်ဟီးက ပြောဆိုခဲ့ကြောင်း ယွန်ဟက်တင်း အေဂျင်စီက ဖော်ပြ ထားသည်။ တောင်ကိုရီးယားနှင့် မြောက်ကိုရီး ယားတို့ စစ်မက် ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိသည်ဟု ကင်ဂျုံအမ်က ဆိုခဲ့ပြီး နှစ်နိုင်ငံကြား မည်သည့် ကိစ္စရပ်ကို မဆို ယင်းကာလ အခြေအနေ တိုင်းသာ ဆောင်ရွက်မည်ဟု ပြောဆို ခဲ့ခြင်းကို တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။
''ကြည့်လေ၊ မြောက်ကိုရီးယားရဲ့ မကြာသေးခင်က ခြိမ်းခြောက် မှုတွေဟာ ဘယ်လောက် ဆိုးရွား ပြင်းထန်လဲ'' ဟု သမ္မတ ပတ်က ဆိုသည်။ တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား စစ်မက်ရေးရာ တင်းမာမှုများ မြင့်တက် လာပြီးနောက် မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားအပေါ် ရန်လိုမှုများ ပိုမိုပြုလုပ် လာနေသည်ဟု သိရသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ဆန့်ကျင်သော အားဖြင့် ကိုရီးယား ကျွန်းဆွယ် စစ်ပွဲရပ်ဆိုင်းရေး စာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းကြောင်း မြောက်ကိုရီးယား တို့က ထုတ်ပြန် ကြေညာ ခဲ့သည်။ထို့ပြင် အမေရိကန် မြို့ကြီးများသို့ ပစ်ခတ် နိုင်သည့် ဒုံးကျည်များပြ မြေပုံကိုလည်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာက ထုတ် လွှင့်သွား ခဲ့သည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။