ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ Rajamangala University of Technology Lanna တက္ကသိုလ်သည် ပညာရေး ဖလှယ်မှု အစီအစဉ်အရ မြန်မာနိုင်ငံ အဆင့်မြင့် ပညာ ဦးစီးဌာနနှင့် မကြာခင် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ်ရေးထိုးရန် စီစဉ် နေ ကြောင်း သိရသည်။
Saturday, August 11, 2012
ပညာရေးအထောက်အပံ့ ပစ္စည်းပေးလှူပွဲ (ရုပ်/သံ)
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက ဆင်းရဲတဲ့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် ပညာရေးအထောက်အပံ့ ပစ္စည်းပေးလှူပွဲ ရုပ်သံ ဖြစ်ပါတယ်။
စာပေစိစစ်ရေး ဖျက်သိမ်းမည်
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဖျက်သိမ်းတော့မည် ဖြစ်သည်။
အဖွဲ့ဝင် ၂၀ ဦးပါဝင်သော မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီက ယနေ့ ဖွဲ့စည်းလိုက်ကြောင်း အစိုးရ သတင်းစာများမှ ထုတ်ပြန်ကြေညာ လိုက်ပြီးနောက် စာပေစိစစ်ရေး ဌာနကို ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။
သို့သော် ယာယီ ဖွဲ့စည်းလိုက်သော စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်များ အနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ အပေါ် သံသယ ရှိနေကြသည်။
အာဏာပိုင်က ခွင့်မပြုသဖြင့် နိုင်ငံခြားသားတစု ဓမ္မာရုံတွင် တည်းလိုက်ရ
ခရီးသွား လုပ်ငန်းသည် နိုင်ငံ၏ အကျိုးစီးပွားဟု အစိုးရက ဆိုသော်လည်း စက်ဘီးစီး ကမ္ဘာလှည့် ခရီးသွား မိသားတစုကို မန္တလေးတိုင်း တံတားဦးမြို့ရှိ တည်းခိုခန်းတွင် တည်းခိုခြင်းမပြုရန် အာဏာပိုင်များက တားမြစ်ခဲ့သဖြင့် ရပ်ကွက် ဓမ္မာရုံက လက်ခံ တည်းခိုခွင့် ပေးလိုက်ရကြောင်း သတင်းရသည်။
ဘူးသီးတောင်၊ မောင်တောက ရခိုင်တိုင်းရင်းသားများ ပြောင်းရွှေ့နေထိုင်လို

စစ်တွေတွင် ပဋိပက္ခများအတွင်း မီးလောင်ကျွမ်းထားသည့် ရပ်ကွက်တခု။ ရခိုင်ပြည်နယ် ပဋိပက္ခများအတွင်း အိမ်ပေါင်း ၂၅၀၀ မီးလောင်ပျက်စီးသည် (ဓာတ်ပုံ – Reuters)
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့သော ဘူးသီးတောင်နှင့် မောင်တောရှိ ဒေသခံများက ၎င်းတို့၏ လက်ရှိ နေ ထိုင်ရာ နေရပ်ရင်းကို စွန့်၍ ရခိုင်လူမျိုးအများစုရှိရာ နေရာများကို ပြောင်းရွှေ့နေလိုကြကြောင်း ပြောဆိုနေကြသည်။
အိမ်ခြံမြေ အခွန် ၃ဆနီပါးတိုး
ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
ရန်ကုန် အိမ်ခြံမြေအခွန် ကောက်ခံမှူ နှုန်းကို ယခင် ဝယ်သူ မှ ၁၅ ရာခိုင်နှုန်း ပေးဆောင်ရသည် စနစ်မှ ၃၇ ရာခိုင်နှုန်း သို့ တိုးမြှင့် ပြောင်းလဲ လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာန မှတာဝန်ရှိသူ တစ်ဦးကပြောသည်။
မလေးရှားရောက် ရခိုင်လူငယ် ၃၀၀ ကျော် အိမ်ပြန်

ရခိုင်ပြည်နယ်တွင် ယခုအပတ်အတွင်း ကျောက်တော်မြို့နယ်ရှိ သန်တာလီရွာနှင့် အင်ဘာလီရွာတို့ မီးရှို့ ခံခဲ့ရသောကြောင့် မိဘများက ပြန်ခေါ်ခဲ့သည့်အတွက် မလေးရှားရောက် ကျောက်တော်မြို့နယ်မှ လူငယ် ၃၀၀ ကျော် စုစည်းပြီး အိမ်ပြန်သွားခဲ့ကြသည်ကို မောင်ဆန်းဝင်းက သတင်းပေးပို့ထားသည်။
ကချင်အကျဉ်းသား ဦးဘရန်ရှောင် ချောင်းဆိုးသွေးပါ ဖြစ်နေဟုဆို
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဝန်ထမ်းဟု စွပ်စွဲခံရ၍ တရားရင်ဆိုင်နေရသူ ဦးလထော် ဘရန်ရှောင်မှာ ချောင်းဆိုးသွေးပါ ဖြစ်နေသဖြင့် ကျန်းမာရေး ကုသရန် လိုအပ်နေသည်ဟု သောကြာနေ့ ရုံးချိန်းတွင်
တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ ဦးအောင်မြတ် က ပြောသည်။
တွေ့ဆုံခဲ့သည် ဂျန်မိုင်ကောင်း အသင်းတော်မှ ဓမ္မဆရာ ဦးအောင်မြတ် က ပြောသည်။
မိုးထိမိုးမိ ရွှေလုပ်သားများ လျော်ကြေး အပြည့်မရကြသေး
စံခလပူရီ (မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အမျိုးသား ကြီးပွားတိုးတက်ရေး အုပ်စုကုမ္ပဏီနှင့် ရွှေတွင်းလုပ်သားများ နှစ်ဦးသဘောတူ စာချုပ် ချုပ်ဆိုထားသည့်အတိုင်း လုပ်သားများအား ကုမ္ပဏီဘက်မှ နစ်နာကြေးနှင့် လျော်ကြေးများကို အလုံးစုံ ပေးလျော်ခြင်း မရှိသေးကြောင်း အလုပ်သမား ကိုယ်စားလှယ်က ပြောသည်။
ညမထွက်ရအမိန့် ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့များ ထပ်တိုး
ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်းရှိ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များကို ဗုဒ္ဓဟူးနေ့မှ စ၍ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားသည်ဟု ကျောက်တော် အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။
တရားမဝင် ထိုင်းများထဲမှ ထွက်ပြေးသူ တဦး ပစ်သတ်ခံရဟု မိသားစုပြော
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုနှင့် အခြားရာဇဝတ်မှုများဖြင့် ထိုင်းနိုင်ငံသား ၉၂ ဦးကို ဖမ်းဆီးအရေးယူထားသော်လည်း ၎င်းတို့နှင့်အတူ ဖမ်းဆီးစဉ်က ထွက်ပြေးသူ တဦးအား မြန်မာစစ်တပ်မှ ပစ်ခတ်၍
သေဆုံးသွားခဲ့ရသည်ဟု သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုက ပြောသည်။
သေဆုံးသွားခဲ့ရသည်ဟု သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုက ပြောသည်။
ကချင်အာဇာနည်နေ့ လိုင်ဇာတွင် ကျင်းပ
ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက်သည်။
ပြည်သူ့အသံကို လွှတ်တော် ဝဘ်ဆိုဒ်မှတဆင့် တင်ပြနိုင်တော့မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ပြည်သူများ၏ ဆန္ဒများနှင့် လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အထောက်အကူပြုနိုင်ရန် ပြည်သူ့လွှတ်တော် အင်တာနက် စာမျက်နှာမှတဆင့် သြဂုတ်လ ဒုတိယပတ်အတွင်း တင်ပြနိုင်တော့မည်ဟု ပြည်သူ့လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးတဦးက မဇ္ဈိမကို ပြောသည်။
ရခိုင်ပြည်နယ် ပဋိပက္ခ တိုင်းရင်းသားချင်း ပြောရန် သမ္မတ တိုက်တွန်း
ရန်ကုန်၊ နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ ရပ်တန့်စေရန်နှင့် ရခိုင်ပြည်သူလူထုကို တိုင်းရင်းသားအချင်းချင်း စည်းရုံးဖြောင်းဖြရန် သမ္မတဦးသိန်းစိန်က ရခိုင်ပါတီနှစ်ခုကို တိုက်တွန်းလိုက်ကြောင်း အဆိုပါ ပါတီများ၏ ခေါင်းဆောင်များက ပြောသည်။
Subscribe to:
Posts (Atom)



