Wednesday, July 25, 2012

စရဖ နှိပ်စက်သဖြင့် ဦးဘရန်ရှောင် စိတ်မူမမှန်တော့ဟု ဆို


၂၀၁၁ ခရစ္စမတ် နေ့က ဂျန်မိုင်ကောင် နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းတွင် မိသားစုနှင့် အတူ တွေ့မြင်ရသော ဦးလထော်ဘရန်ရှောင် (ဓာတ်ပုံ – Hkamung pan)
ကချင် လွပ်လပ်ရေး အဖွဲ့ (KIO) ၏ ဝန်ထမ်းနှင့် ဖောက်ခွဲရေးသမားဟု စွပ်စွဲ ဖမ်းဆီးထားသော ဦးလထော် ဘရန်ရှောင်မှာ ဖမ်းဆီးခံထားရစဉ် စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ၏ နှိပ်စက်သည့် ဒဏ်ရာများကြောင့် စိတ်မူမမှန်သည့် အခြေအနေ တွေ့ရှိရကြောင်း မျက်မြင်များက ပြောသည်။

မယ်တော်ဆေးခန်း နာရေးသင်္ဂြိုဟ်မှု အခက်အခဲကြုံ

မယ်တော် ဆေးခန်းတွင် လာရောက် ဆေးကုသမှု ခံယူနေသော လူနာများကို တွေ့ရစဉ် (ဓာတ်ပုံ – Reuters)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် ကုသနေသည့် လူနာများ တလလျှင် ၂၀ ခန့် သေဆုံးပြီး အလောင်းများကို မီးသင်္ဂြိုဟ်ရန် အခက်အခဲ ကြုံတွေ့နေရသည်။

ရခိုင် နယ်ခြားစောင့်တပ် ဖွဲ့ရေး ကြိုးပမ်းမည်


ပဋိပက္ခ ကာလအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ တနေရာ (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသနှင့် ရခိုင်ဒေသတွင်း လုံခြုံရေးအတွက် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ ပြည်သူ့စစ် ဖွဲ့စည်းရေး ကိစ္စများအတွက် ရခိုင်ခေါင်းဆောင်များက ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

ပေါင်းလောင်းဆည် စီမံကိန်း ရွာ ၂၀ ကျော် ပြောင်းရမည်

ဆောက်လက်စ ပေါင်းလောင်းဆည် စီမံကိန်း (ဓာတ်ပုံ – KNGY)
အစိုးရ ဌာနဆိုင်ရာရုံးများ အခြေစိုက်ရာ နေပြည်တော်သို့ မီးပေးရန်တည်ဆောက်နေသော အထက်ပေါင်းလောင်းဆည် စီမံကိန်း ဧရိယာတွင်းရှိ ကျေးရွာ၂၃ ရွာမှ ဒေသခံ ၈၀၀၀ ကျော်သည် နေရပ်ရင်းကို စွန့်ခွာကြရမည်ကို စိုးရိမ် ပူပန်နေကြသည်။

မြန်မာဒါရိုက်တာ ရိုက်မယ့် ဒေါ်အောင်ဆန်းစုကြည် မှတ်တမ်းရုပ်ရှင်နဲ့ အရိုင်း အမှတ်ရ ပြပွဲ



လွှတ်တော် တက်မည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ Documentary စတင် ရိုက်ကူးနေပြီ ဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀သက်တမ်း တလျှောက်မှာ သူ့ရဲ့ နှလုံးသား၊ ခံစားချက်နဲ့ သက်ဆိုင်တာတွေကို အဓိကထားပြီး ရိုက်ကူးမှာလို့  ဧရာဝတီကို ပြောပါတယ်။

ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူများ အကူအညီပေးရန် မောင်တောသို့ ရောက်ရှိ


မြန်မာရုပ်ရှင် အစည်းအရုံးမှ နာယက ဦးအောင်လွှင်နှင့် အစည်းအရုံး မှ တွဲဘက် အတွင်းရေးမှူး ကိုဖြိုးတို့ ဦးဆောင်သော အဖွဲ့သည် ဒုက္ခရောက်နေကြသော ရခိုင်တိုင်းရင်းသားများကို အကူအညီများ ဆက်လက် ပေးအပ်ရန် အတွက် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာသည်။

ကျပ်သိန်း(၂၀၀)အထက်ကား ရန်ကုန်တွင် အရောင်းအ၀ယ်မရှိသလောက်ဖြစ်လာ

ရန်ကုန်ကားဈေးကွက်တွင် ဇူလိုင်လတတိယအပတ်အတွင်း၌ ငွေကျပ် သိန်း ၁၂၀နှင့် ၁၆၀ ဝန်းကျင်ရှိ အောက်ကားများသာ အနည်းငယ်အရောင်းအဝယ်ဖြစ်နေပြီး ငွေကျပ်သိန်း(၂၀၀)အထက် အပေါ်ကားများမှာ အရောင်းအဝယ် လုံးဝမရှိသလောက်ဖြစ်နေကြောင်း ကားအရောင်းအဝယ်ဈေးကွက်အတွင်းက သိရသည်။    

ရှပ်ပြေးယာဉ်မှ သေဆုံးသူများ၏ မိသားစုဝင်များ အာမခံကြေး(၅)သိန်းစီထုတ်ယူနိုင်

ဗန်မော်မြို့ နယ်အတွင်း ဇူလိုင်လ ၂၀ရက်နေ့ တွင် တိမ်းမှောက်ခဲ့ သော မြမင်းအောင်(၁) ရှပ်ပြေး ယာဉ်မှ သေဆုံးခဲ့သူများ၏ မိသားစုဝင်များအနေဖြင့်  သူတစ်ပါးထိခိုက်နစ်နာမှု အာမခံကြေးတစ်ဦး လျှင် ငွေကျပ်ငါးသိန်းစီ နီးစပ်ရာမြန်မာအာမခံရုံးခွဲများတွင် လာရောက်ဆက်သွယ် ထုတ်ယူနိုင်  ကြောင်း မြန်မာအာမခံလုပ်ငန်း(ဗပိာု)က သိရှိရသည်။   

တိုက်ပွဲများနှင့်ပတ်သက်၍ သမ္မတထံသို့စာတင်မည်ဟု SSA-S ဒုဗိုလ်ချူပ်ကြီးယွက်စစ် ပြောကြား

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်ဖွဲ့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခက်ရပ်စဲထားသော်လည်း တိုက်ပွဲများဆက်ဖြစ်ပွား နေသည့် ကိစ္စနှင့်ပတ်သက်၍ SSAမှ သမ္မတဦးသိန်းစိန်ထံသို့ စာရေးတင်ပြ သွား မည်ဖြစ်ကြောင်း သိရသည်။   

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်နှင့် စာကြည့်တိုက်များ အမြဲရှင်သန်စေဖို့

 





ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိမြေမှာ စာကြည့်တိုက်ဖွင့်မယ်လို့ ကြားကြားခြင်း ကျမအနေနဲ့ ၀မ်းသာမိခဲ့ပါတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်သွားခဲ့မိတယ်။
 
 သခင်ကိုယ်တော်မှိုင်းလို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့ဆောင်ကြီး၊စာပေပညာရှင်ကြီးရဲ့ ဇာတိမြေမှာ အထင်ကရ စာကြည့်တိုက် တောင် မရှိပါလားဆိုပြီး တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
 

ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်လုပ်ဆောင်သွားမည်ဟု ထိုင်းခရီးစဉ်၌ သမ္မတဦးသိန်းစိန် ပြောကြား

မြန်မာအစိုးရအဖွဲ့ဆောင်ရွက်နေသော နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုများအား ထိုင်းဝန်ကြီးချုပ် က ထောက်ခံသည့် အပေါ်တွင်ကျေးဇူးတင်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် သမ္မတဦးသိန်းစိန်က ယနေ့ပြောကြားခဲ့ခြင်းဖြစ်သည်။    

ထားဝယ်ဆိပ်ကမ်းစီမံကိန်းတွင် ဒေသခံတို့၏ အခက်အခဲများအား အလေးထားသင့်

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းအား နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရာ၌အစိုးရ၀န်ကြီးများ အနေဖြင့်   ဒေသခံများ၏ အခက်အခဲများအပေါ် လေ့လာသုံးသပ်လုပ်ဆောင် သင့်ကြောင်း ဒေသခံလူမှုရေးအဖွဲ့အစည်းများက ဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တင်ပေးခဲ့သော တာမွေဒီချုပ်ဆိုင်းပုဒ်ကို ရိုက်ခွဲခဲ့သူအား ပြန်လည်ကျေအေး

တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်အား ခဲနှင့်ရိုက်ခွဲခဲ့သော ကာယကံရှင်အား ဒီချုပ် (NLD)က  တရားစွဲဆိုခဲ့သည့်အမှုအား ယနေ့ဇူလိုင်လ(၂၄)ရက်နေ့တွင် ကျေအေးလိုက်ပြီဖြစ်သည်။                                 

လှိုင်သာယာ အလုပ်သမား ဆန္ဒပြ

2012-07-24
လှိုင်သာယာ စက်မှုဇုန် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် ဟိုင်မို ဟိုက်အာ့တ် (Hi Mo - High Art) ဆံပင်တုစက်ရုံမှာ ဒီကနေ့ မနက် ကိုးနာရီက စတင်ကာ အလုပ်သမား နှစ်ထောင်နီးပါး စက်ရုံတွင်းမှာ အလုပ်မလုပ်ဘဲ ဆန္ဒပြခဲ့ကြပါတယ်။

RFA

မြန်မာသံဃာတော်များက ဘန်ကောက် သံရုံးရှေ့တွင် ဆန္ဒပြ

မဇ္ဈိမသတင်းဌာန။          ။ မြန်မာသံဃာတော်များက ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် အင်္ဂါနေ့က စုရုံးကြပြီး ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသော စစ်ပွဲများ အဆုံးသတ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်မဲပေးနိုင်ရန် မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုရေးတို့ တောင်းဆိုကြ သည်ဟု ရိုက်တာ သတင်းတရပ်တွင် ပါရှိသည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံရှိ မြန်မာလူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သံရုံးတွင်း တွေ့ဆုံရန် စီစဉ်ထားသည်။