Sunday, June 10, 2012

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

စစ်တွေမြို့တွင် ဖြစ်ပွားနေသော သတင်းများ ရခိုင်ပြည်နယ် သတင်းထောက်

ဇွန်လ ၁၀၊ ၂၀၁၂၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။
 ယနေ့ နံနံက် ၉ နာရီခွဲ အချိန်တွင်  မင်းဂံရပ်ကွက်  (ဒိုးမြောင်ရပ်ကွက်)အား ရခိုင်များက မီးရှီုးခဲ့ရာ   ရခိုင်သားတစ်ဦးအား ဘင်္ဂလီများက၀ိုင်းရိုက်လိုက်သဖြင့်  အရေးပေါ်ဆေးရုံတင်ထားရကြောင်းသိရသည်။

“ ဘင်္ဂလီတွေက သူကို့ဓါးနဲ့လိုက်ခုတ်လို့ အပြင်းထန်ဒဏ်ရာ ရသွားတယ်၊လူနာကိုတောင်ရခိုင်တွေ ဘင်္ဂလီတွေဆီကမနည်းလုယူခဲ့ရတယ်’’ဟုစစ်တွေမြို့မင်းဂံရပ်ကွက်မှ  ဦးလှမောင်က ပြောသည်။

 ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ ရန်ကုန်မြို့သို့ တိုက်ရိုက် လေကြောင်းခရီးစဉ်ကို All Nippon Airlways က တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့်မှ စတင်ပျံသန်းရန် စီစဉ်

7368
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နာရီတာလေဆိပ်ကို တွေ့ရစဉ်
ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ မြန်မာနိုင်ငံ ရန်ကုန်မြို့အကြား တိုက်ရိုက်လေကြောင်း ခရီးစဉ်ကို All Nippon Airlways မှ တစ်ပတ်လျှင် သုံးကြိမ်ဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလခန့် အစောဆုံးထားကာ စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း အဆိုပါလေကြောင်းလိုင်းမှ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက် ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

 လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည်ဆိုသော သတင်းများ မကြားသိရသေး

ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့တွင် ဒေသခံရခိုင်လူမျိုးများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာများအကြား ဖြစ်ပွားနေသော ဖြစ်စဉ်များကြောင့် စစ်တွေမြို့ကို လုံခြုံရေးရယူထားသော လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများ မကြားသိရ သေးကြောင်း စစ်တွေမြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

10.6.2012 (တနင်္ဂနွေ)နေ့တွင် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းနှင့် ဆန္ဒဖော်ထုတ်ခြင်း


Myintkyina












မြစ်ကြီးနားမြို့ တွင်10.6.2012 (တနင်္ဂနွေ) နေ့တွင်ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ငြိမ်းချမ်းရေး ရလိုကြောင်း ဆန္ဒပြု ဖော်ထုတ်ကြမည်ဖြစ်ပါသည်၊

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ

မြစ်မခရဲ့ ရခိုင်ပြည်နယ် သတင်းထောက် ဂျီမေးကတဆင့် နောက်ဆုံးပေးပို့ထားတဲ့ သတင်းပါ။

စစ်တွေမြို့တွင်လုံခြုံရေးစိုးရိမ်နေရ
--------------------------------------------------------------------
ဆူပူများပိုများလာနေသည့် အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး
အလွန်စိုးရိမ်နေရကြောင်းသိရ သည်။
ဘင်္ဂလီများလာရာ လမ်းကြောင်းတွင် ကင်းစောင့်လျက်ရှိသော ရခိုင်မျိုးချစ်ျများ
(မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်)

စစ်တွေမြို့ ရွှေပြားရပ်ကွက်ကို ဘင်္ဂါလီများက ကိုယ်တိုင် မီးရှို့ပြီး လှေများဖြင့် ထွက်ပြေး

စစ်တွေမြို့ မင်းဂံရပ်ကွက် ၁၃ သို့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ဘဂါင်္လီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသားများနှင့် ထိပ်တိုက်တိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါသည်။ ဘင်္ဂါလီများ ၀င်ရောက်လာမှုကို ခုခံကာကွယ်ရာမှ ရခိုင်တိုင်းရင်းသားများ ထိခိုက်ဒဏ်ရာရမှု ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ရခိုင်တိုင်းရင်းသားလေးဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်ထားရ ကြောင်းသိရပါသည်။ အဆိုပါလေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း သိရပါသည်။

ယနေ့ မောင်းတောမြို့ ဘင်္ဂါလီအကြမ်းသမားများလက်ချက်နှင့် လူငါးဦး သေဆုံးခဲ့ပြီး

မောင်းတောမြို့ မှ နောက်ဆုံးရသတင်းများ

မောင်တောမြို့နှင့် ပတ်သက်ပြီး လတ်တလော ထပ်မံသိရှိရသော သတင်းများအရ ဘင်္ဂါလီ ရိုဟင်ဂျာများ၏ အကြမ်းဖက်မှုကြောင့် သရေကုန်းဘောင်ရွာတွင် လူသုံးဦး သေဆုံးခဲ့ပြီး သေဆုံးခဲ့သူများမှာ ဦးချမ်းသာ (အသက် ၄၀ ကျော်)၊ ဦးအောင်သိန်းလှ (အသက် ၅၀နှစ်)၊ ဦးဘတိုး (၇၂ နှစ်) တို့ ဖြစ်ကြပါသည်။

စစ်တွေတွင် ပစ်မိန့်ပေးပြီ

ဘင်္ဂါလီတွေကို ခုခံဖို့ အသင့်ပြင်ထားတဲ့ ရခိုင်လူငယ်တစု (ဓါတ်ပုံ-ဖေ့စ်ဘုတ်)
နံနက် ၁၂ နာရီဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI

အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးသည် စစ်တွေမြို့မင်းဂံရပ်ကွက်ဘက်မှ မြို့ထဲသို့ ၀င်ရောက်လာမည့် အန္တရာယ်ကြုံတွေ့နေရပြီးနောက် လွန်ခဲ့သည့် မိနစ်ပိုင်းတွင် လုံထိန်းရဲတပ်ဖွဲ့အား ပစ်မိန့်ပေးလိုက်ပြီဖြစ်ကြောင်း၊ လုံထိန်းရဲတပ်ဖွဲ့ဝင်များက အသံချဲ့စက်များဖြင့် သတိပေးနေကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။

ဒုသမ္မတဒေါက်တာဆိုင်းမောင်ခမ်း ခြံဝင်းမှာရှိတဲ့အမှိုက်ပုံ အပါအ၀င် မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ

ရန်ကုန်၊ဇွန်-၁၀
တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော မူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။

မောင်တော မှာ လုံခြုံရေးအင်းအားဖြည့် (ဓါတ်ပုံ)

မောင်းတော ဘက်က ကျေးရွာတွေဆီကို နောက်ထပ်စစ်ကြောင်းတွေ ထပ်ဝင်
ရောက်လာတယ်လို့ သိရပါတယ်။

စစ်အင်ဂျင်နီယာတပ်များကလည်း ရခိုင်ပြည်သို့ တက်သွားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
ရခိုင်မျိုးချစ်များအားလည်း ပြည်သူစစ် အဖွဲ့များ ဖွဲ့ပေးလိုက်ပြီ

စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေ

ဓါတ်ပုံ-ဖေ့စ်ဘုတ်
နံနက် ၁၁ နာရီခွဲ၊ ဇွန် ၁၀၊ ၂၀၁၂၊ YPI

ယနေ့နံနက် ၁၁နာရီရရှိသည့် သတင်းများအရ စစ်တွေမြို့မင်းဂံရပ်ကွက်တွင် နေအိမ်များ မီးရှို့ရန်ကြိုးစားသည့် ဘင်္ဂါလီလူအုပ်စုနှင့် လုံထိန်းရဲတပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင်နေရကြောင်းနှင့် နှစ်ဘက်စလုံး အကျအဆုံးရှိကြောင်း စစ်တွေမြို့ခံများအား ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

မောင်တော အလယ်သံကျော် ရဲစခန်းစီးနင်းသိမ်းပိုက်ခံရ

ဇွန်လ (၁၀)
မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တို့တွင် ယမန်နေ့နံနက်ပိုင်းမှ စ၍ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမှ ကြေညာခဲ့သော်လည်း  အလယ်သံကျော်ကျေးရွာ ရဲစခန်းကို အကြမ်းဖက်သူ ဘင်္ဂါလီလူစုလူဝေးက သိမ်းပိုက်ထားလိုက်သည့် သတင်းများ မောင်တောမြို့သို့ ၀င်ရောက်လာပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရဟတ်ယာဉ်ဖြင့် သွားရောက်နေသည်ဟု မောင်တောမြို့ခံက YPI သို့ပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် တို့တွင် ဘင်္ဂါလီရိုဟင်ဂျာများက တိုင်းရင်းသားနေအိမ်များကို လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထား၊ ဖြစ်ပွားပြီးနောက်ရက်၌ အခြေအနေများကို သက်ဆိုင်ရာက ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်းသိရ

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ဇွန်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ဘင်္ဂါလီ ရိုဟင်ဂျာများက လူစုလူဝေးဖြင့် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ လုယက်ခြင်းများ ဖြစ်ပွားနေခြင်းကြောင့် မြို့နယ် အထွေထွေ အုပ်ချုပ် ဦးစီးဌာနက အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် ညမထွက်ရ အမိန့်ထုတ် ပြန်ထားကြောင်း သတင်းရရှိပါသည်။

 စစ်တွေမြို့၌ လုံခြုံရေးမလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာဓါတ်ပုံများ


စစ်တွေမြို့၌ လုံခြုံရေး မလုံလောက်မှုနှင့်အတူ အခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း စစ်တွေမြို့မှ  ရရှိသော သတင်းများအရ သိရသည်။ စစ်တွေမြို့ မင်းဂံရပ်ကွက်၁၃ သို့ နံနက် ၁၀ နာရီ မိနစ်၃၀အချိန်က ဘင်္ဂါလီများ ၀င်ရောက်လာသဖြင့် ရခိုင်တိုင်းရင်းသးများနှင့် ထိပ်တိုက် တိုးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။