Tuesday, May 29, 2012

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဘန်ကောက်မြို့သို့ ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း မဟာချိုင် ဒေ သ သို့ သွားရောက်၍ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်အတူ ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Reuters)

ပြည်မှအင်အားပြရိုက်နှက်ခံရသူများက ကုလသမ္မဂ္ဂလူ့အခွင့်အရေးကော်မရှင်တွင် အမှုဖွင့်သွားမည် ဟုဆို

ပြည်မြို၌ လျှပ်စစ်တောင်းဆိုမှုနှင့်ပတ်သတ်၍ အာဏာပိုင်များပြုလုပ်ခဲ့သော အင်အားပြရိုက်နှက်မှုများ အတွက် ရိုက်နှက်   ခံရသူများက ကုလသမ္မဂ္ဂ  လူ့အခွင့်အရေးကော်မရှင်တွင် အမှုဖွင့်  အရေးယူမည်ဖြစ် ကြောင်း စုံစမ်းသိရသည်။
 

ရတနာပုံအဆင့်မြင့်ဈေး မြေအောက်ခန်းဆိုင်ခန်းများ ဈေးမရောင်းရခြင်းဂယက်

 










ရတနာပုံအဆင့်မြင့်ဈေး ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ရောင်းချနေသော သားငါးနှင့် ကုန်စိမ်းသည်များ အား အများနည်းတူ   ဈေးမြေအောက်ခန်းတွင်သာ ဖွင့်လှစ်ရောင်းချစေလိုကြောင်း ရတနာပုံဈေးမြေ အောက်ခန်းရှိ ဈေးသည်များကဆိုသည်။
 

ကြွေးကျန်ရွှေ ပေးသွင်းခြင်းကိစ္စ ပြန်လည် သုံးသပ်စေလို


ရန်ကုန် (မဇ္ဈိမ) ။       ။ သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ မပေးသွင်းသည့် ရွှေတူးဖော်ရေး ကုမ္ပဏီများအား အမည်ပျက်စာရင်း (black list) သွင်းရန် သတ္တုတွင်း ၀န်ကြီးဌာနမှ အသိပေးမှုအပေါ် ပြန်လည် သုံးသပ်စေလိုကြောင်း ကချင် ပြည်နယ်မှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်များက ပြောသည်။
Gold-mining-in-Kachin-State

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မန်းကျောက်ဝိုင်းတွင် ဆယ်ဂဏန်းတစ်စများ အ၀ယ်လိုက်နေ

မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းဈေးကွက်ငြိမ်နေ၍  ကျောက်ပွဲစားများက ကျပ်သိန်းဆယ်ဂဏန်း ၀န်းကျင်ရှိ အတုံးတစ်စများအား  အ၀ယ်လိုက်နေကြောင်း ကျောက်ဝွဲစားများထံက သိရှိရသည်။
 

CBSစနစ်သို့ ပြောင်းလဲသဖြင့် မေ(၃ဝ)ညလယ်တွင် မိုဘိုင်းဆက်သွယ်မှူလိုင်းအား ခေတ္တဆိုင်းငံ့

 









မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းဆက်သွယ်ရေးဌာနမှ ရန်ကုန်မြို့အလုံအိတ်ချိန်းရှိ CDMA ( 450 MHz ) Prepaid/postpaid မိုဘိုင်းတယ်လီဖုန်းများအတွက် အသုံးပြုနေသော CBS စနစ်သို့ ပြောင်းလဲတပ်ဆင်သွား မည် ဖြစ်ကြောင်း   မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနက သိရှိရသည်။
 

ကချင်ပြည်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ ဘာကြောင့် ဒီလောက် ခက်ခဲနေကြပါသလဲ

မနေ့တုန်းက ကျမတို့ မြစ်မခရဲ့ ကချင်ပြည်နယ်သတင်းထောက်ဆီက ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အကြောင်း၊ ဖားကန့်ထိ ဖြစ်လာနေကြောင်း၊ ကချင်ပြည်သူ ဒုက္ခသည်တွေကလည်း တနေ့ထက်တနေ့ပိုများလာကြောင်း၊ ဒုက္ခသည် စခန်းတွေမှာလည်း လိုအပ်ချက်တွေနဲ့ ပြည့်နေကြောင်း သတင်းတွေ အစုလိုက်အပြုံလိုက် တက်လာခဲ့ပါတယ်။
 

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ



ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)

IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည်

နော်ဝေ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး Torgeir Larsen, ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မြန်မာအစိုးရ တာဝန်ရှိသူများသည် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် (IDPs) များ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်သို့ ယမန်နေ့က သွားရောက်ကြကြောင်း သတင်းရရှိသည်။
KNU မှ စစ်ဖက်ရေးရာကော်မတီ အတွင်းရေးမှူး စောတူတူလေး၊ ကရင်ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ (CIDKP) မှ စော စတိဗ်နှင့် အစိုးရဘက်မှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးခင်ရီတို့ လိုက်ပါသွားကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးငွေစိုးက ဧရာဝတီသို့ ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်မှ IDPs များခိုလှုံရှာ စခန်းတခု (ဓာတ်ပုံ - လဝီဝမ်/ဧရာဝတီ)

အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည်



မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ ရထားပို့ဆောင်ရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးများအတွက် အိန္ဒိယမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ချေးငွေကို နှုန်းထားသက်သာစွာဖြင့် ပေးအပ်ရန် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်သည်။
အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းကို သမ္မတ ဦးသိန်းစိန် နေပြည်တော်တွင် လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ- ဧရာဝတီ)

ဟိုတယ်ဈေးနှုန်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အခက်တွေ့

မန်မာပြည်အတွင်းရှိ ဟိုတယ် ဈေးနှုန်းသတ်မှတ်မှုများ အမျိုးအစားလိုက် တပြေးညီ မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်လွန်းခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အခက်တွေ့နေရကြောင်း ကြားသိရသည်။
ဟိုတယ်ဈေးနှုန်းများအား အမျိုးအစားအလိုက် တပြေးညီ သတ်မှတ်ထားသင့်ကြောင်း၊ ယခုအခါ ဟိုတယ်ပိုင်ရှင်များက ဈေးနှုန်းများကို အဆမတန်မြှင့်ကာ အခန်းများ ငှားရမ်းနေကြကြောင်း၊ ထို့အပြင် ကြိုတင်ငှားရမ်းထားမှု ဖျက်သိမ်းမည် ဆိုပါက ဟိုတယ်တချို့ကို အခန်းခ တရက်စာနီးပါး လျော်ကြေးပေးရကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
စထရင်း ဟိုတယ် (ဓာတ်ပုံ - ဧရာဝတီ)

အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ဆေးရုံတင်ရ

အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ဆေးရုံတင်ရ
2012-05-28
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုနေကြတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်က ရန်ကုန် Crown ( ရန်ကုန် သရဖူ ) သံမဏိစက်ရုံက အစာငတ်ခံ ဆန္ဒပြအလုပ်သမား ၂ ဦး ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် မနေ့က မှော်ဘီဆေးရုံကို ထပ်မံတင်ပို့လိုက်ရပါတယ်။
RFA

လေးမြို့မြစ် ရေအားလျှပ်စစ် စီမံကိန်း စတင်




 လေးမြို့မြစ်သည် ရခိုင် လူထု၏ အသက်သွေးကြော ဖြစ်သည်။
" အခု တည်ဆောက်မယ့် နေရာက လေးမြို့မြစ် မြစ်ညှာပိုင်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ခဗွေချေ ကျေးရွာ အနီးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ အဲဒီနေရာက မြစ်လယ်မှာ တရုတ်

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ

ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်