Friday, May 25, 2012

ရန်ကုန်လျှပ်စစ်မီးရရေး တတိယနေ့မြောက် ဆန္ဒထုတ်ဖော်ပွဲ

လျှပ်စစ်မီးပြတ်တောက်မှုအတွက် လျှပ်စစ်မီး ၂၄ နာရီရရှိရေး ဖယောင်းတိုင်မီးထွန်း၍ငြိမ်းချမ်းစွားဆန္ဒဖော်ထုတ်မှု တတိယမြောက်နေ့ကို ယနေ့ မေလ ၂၄ ရက် ည ၇ နာရီအချိန်က ရန်ကုန်ဆူးလေဘုရားဝန်းကျင်မှာပြုလုပ်ခဲ့သည်။

ကျားပါးစပ်တောင် ရွှေတူးဖော်ရေးလုပ်ငန်းအား အာရှကမ္ဘာမြေ (တရုတ်)ကုမ္ပဏီက လက်ဝါးကြီးအုပ် ဗိုလ်ကျခြင်း


မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်

၁၃၇၄ ခုနှစ်၊ နယုန်လဆန်း ၄ ရက်နေ့
( ၂၀၁၂ ခုနှစ်၊ မေလ (၂၄) ရက် )

လူထုတောင်းဆိုမှုကို အကြမ်းမဖက်ဖို့ အာဆီယံအကြီးအကဲ သတိပေး

မြန်မာနိုင်ငံမှာ လတ်တလောပေါ်ပေါက်နေတဲ့ လျှပ်စစ်စွမ်းအင်ရရှိရေး ဆန္ဒထုတ်ဖော်မှုတွေကို အကြမ်းမဖက်ဘဲ အေးဆေးညင်သာ ဖြေရှင်းပြီး၊ ဒါတွေဟာ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းရာမှာ ဖြစ်မြဲဓမ္မတာ ကိစ္စတွေအဖြစ် ရှုမြင်ဖို့ လိုအပ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာအစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိပေးလိုက်ပါတယ်။

Photo courtesy of ASEAN web site

ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ အရည်အချင်းစစ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီစဉ်ညွှန်ကြားချက်အရ ကြားဖြတ်ရွေးကောက်ပွဲမှာ
အနိုင်ရရှိထားတဲ့ ဒီချုပ် အမတ်တွေ BC (British Council) မှာ အင်္ဂလိပ်စာ
အရည်အချင်း စစ်စာမေးပွဲတွေ ဖြေဆိုထားကြ တယ်လို့ လွှတ်တော် ကိုယ်စား
လှယ်တစ်ဦးဖြစ်သူ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။

မန္တလေးမြို့ ရှိ ဓာတ်အားလိုအပ်လျက်ရှိသော နေရာများကို ဓာတ်အားဖြန့့်ဖြူးနိုင်ရန် မီးစက်များရောက်ရှိလာ

မန္တလေးမြို့ မှာ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒပြ ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်မြို့ ကိုလည်း မီးစက်တွေရောက်ရှိလာ

ပဲခူးတိုင်း ပြည်မြို့ သို့ စပိန်နိုင်ငံက မှာယူတင်သွင်းထားတဲ့  မီးစက်တွေ ၂၄-၅-၂၀၁၂ နေ့ 
လည်ပိုင်းက ရောက်ရှိလာကြောင်းသိရပါတယ်။

လပွတ္တာလယ်သမားတွေ မြေစာရင်းရုံးမှာ လယ်ယာမြေပြန်လည်ခွဲဝေပေးဖို့တောင်းဆို

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်မှာရှိတဲ့ လယ်ယာမြေပေါင်း(၅၆၀)ကျော်ကို
ဌာနဆိုင်ရာတွေကသိမ်းယူပြီးသီးစားပြန်ချပါတယ်။ တောင်သူလယ်သမားပေါင်း (၆၅)ဦးက
သူတို့သိမ်းခံရတဲ့လယ်ယာမြေတွေကို ပြန်လည်ခွဲဝေပေးဖို့
၂၀၁၂ခုနှစ်၊မေလ(၂၂)ရက် နံနက် (၁၀း၀၀)နာရီမှာ မြို့နယ်မြေစာရင်းရုံးသို့
ချီတက်ပြီး အရေးဆိုခဲ့ပါတယ်။ မြေယာမှုခင်းအဖြစ်

ဆိပ်ခွန်ကျေးရွာ အဖွဲ့ချုပ် ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲ

သမိုင်းဝင်လွတ်လပ်ရေးတိုက်ပွဲအတွင်းက
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒီးဒုတ်ဦးဘချိုတို့ ရောက်ရှိခဲ့သော
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာတွင်
အဖွဲ့ချုပ်ဆိုင်းဘုတ်တင်ရုံးဖွင့်ပွဲအခမ်းအနားကို မေလ(၂၀)ရက်နေ့
နံနက်(8း00)နာရီ အချိန်တွင် ဒေါ်မာမာဝေ၏နေအိမ်တွင်ကျင်းပခဲ့ပါသည်။

 ဖောက်ခွဲဖျက်ဆီးခံရသော ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာဝါတိုင်များကို ပြင်ဆင်မှုများ ပြီးစီးပါက ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများ လျှပ်စစ်မီး ပိုမိုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဥက္ကဋ္ဌ ပြောကြား

AddThis Social Bookmark Button

ဖောက်ခွဲဖျက်ဆီးခံရသော ရွှေလီ-မန်စံ ဓာတ်အားလိုင်းတာ ၀ါတိုင်များကို ပြန်လည်ပြင်ဆင် ပြီးစီးပါက ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို လျှပ်စစ်မီး ပိုမိုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က မေလ ၂၃ရက်နေ့တွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်၏ ရေပေးဝေမှုလုပ်ငန်းနှင့် မိလ္လာစနစ်များတွင် ဂျပန်နိုင်ငံမှ အကူအညီပေးရန်အတွက် လေ့လာတွက်ချက်မှု ပြုလုပ်နေ

585
ရန်ကုန်မြို့တော်၏ ရေပေးဝေ မှုလုပ်ငန်းများ၊ မိလ္လာစနစ်များအား ဂျပန်နိုင်ငံမှ အကူအညီပေးရန်အတွက် လေ့လာတွက်ချက် တိုင်းတာမှုများပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြား ချက်အရ သိရှိရသည်။
ရန်ကုန်မြို့တော်၏ ရေပေးဝေမှု၊ မိလ္လာစနစ်များတွင် ဂျပန်နိုင်ငံမှ အကူညီပေးရန်အတွက် ဂျပန်အစိုးရ ၏ ခွင့်ပြုမိန့်ရရှိရန်လည်း စောင့်ဆိုင်း နေသည်ဟု သိရသည်။

 လျှပ်စစ်မီး ၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်မှုကို ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် မြို့တော်ခန်းမရှေ့တို့တွင် ပြုလုပ်

လျှပ်စစ်မီး၂၄ နာရီ ပြန်လည်ရရှိရေးအတွက် ဖယောင်းတိုင်များ ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံတောင်မြို့နယ်နှင့် မြို့တော်ခန်းမ ရှေ့တို့တွင် မေလ ၂၃ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းဈေးသစ်ကြီးအား လာမည့် ဇွန်လဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မီးလောင်ပျက်စီးခဲ့ရသော သင်္ဃန်းကျွန်းဈေးနေရာတွင် သင်္ဃန်းကျွန်းဈေးသစ်ကြီးကို ပြန်လည်တည်ဆောက်လျက်ရှိရာ လာမည့်ဇွန်လ ဆန်းပိုင်းတွင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

 Grand Royal အရက်ချက်စက်ရုံ၏ ၀န်ထမ်းများက တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အလုပ်မှထုတ်မည်ဟု စက်ရုံမှတာဝန်ရှိသူက ကြေညာခဲ့ရာ ယင်းကြေညာချက်နှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ပြုလုပ်နေ

ရွှေပြည်သာမြို့နယ် ရွှေပြည်သာစက်မှုဇုန် ၃ ၊ ဖန်ချက်ဦးဖိုမှန်လမ်းရှိ Grand  Royal အရက်ချက်စက်ရုံတွင် ၀န်ထမ်း ၂၅၀ ကျော်မှ အခြေခံလစာ တိုးမြှင့်ရန် အပါအ၀င် အဓိကအချက် ငါးချက် ရရှိရန် စက်ရုံတာဝန်ရှိသူ များထံ တောင်း ဆိုမှုကို မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ခဲ့ရာ စက်ရုံဘက်မှ အလုပ်ထုတ်ပယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့်ပတ်သက်၍ ၀ါဏ္ဍိဇ ပဋိပက္ခရုံး၌ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း တောင်းဆိုသူ အလုပ်သမားတစ်ဦးက ဆိုပါသည်။

 ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခု မြို့တော်စည်ပင်မှ အကောင်အထည်ဖော်မည်

ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ မြေ ၉ ဒသမ ၂၅ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အတွင်းရေးမှူးဦးကျော်စိုးက မေလ ၂၂ ရက်နေ့က ပြောကြားခဲ့ ပါသည်။

 ဘုရင့်နောင်နှင့် ရွှေဂုံတိုင် ခုံးကျော်တံတားတို့ကို မကြာမီ တည်ဆောက်သွားရန် စီစဉ်နေသည်ဟုဆို

မေလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ရွှေဂုံတိုင်မီးပွိုင့်ကို တွေ့ရစဉ်

ရန်ကုန်မြို့တွင် လှည်းတန်းခုံးကျော်တံတား တည်ဆောက်ရန် အကောင်အထည်ဖော်နေပြီး ဘုရင့်နောင်နှင့် ရွှေဂုံတိုင်ခုံးကျော်တံတားတို့ကို မကြာခင် တည်ဆောက်သွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးက မေလ၂၂ရက်နေ့က ပြောကြားခဲ့သည်။