Thursday, May 24, 2012
ဒုတိယမြောက်နေ့ ရန်ကုန် လျှပ်စစ်မီးအရေး ဆန္ဒထုတ်ဖော်
ဆူးလေးဘုရားပေါ်တွင် 23.5.2012 နေ့ ည ပြည်သူနှင့်ကျောင်းသားများ စီတန်းလှည့်လည် ဆန္ဒပြနေစဉ် (ဓါတ်ပုံ-မေမေ့သား)
မေလ၂၃ ရက်နေ့ ည ၇း၃၀ အချိန်တွင် စည်းကမ်းရှိစွာဆန္ဒဖေါ်ထုတ်သူများသည်
 ရန်ကုန်မြို့ ဆူးလေဘုရားပေါ်ရှိ ကြာသာပတေး နံထောင့်တွင်စုပေါင်း ဆီးမီးပူဇော်
ကျသည်။
 ဆန္ဒဖေါ်ထုတ်ပွဲတွင်ပါဝင်သူ ၄၀၀ ခန့် လောက်က ဖယောင်းတိုင်းများကိုင်ကာ
ငြိမ်းချမ်းစွာဖေါ်ထုတ်ကျသည်ကို တာဝန်ရှိသူများကလမ်းစည်းကမ်းတကျဖြစ်ရေးကို
ကူညီလျှက်ရှိသည်။ လာရောက်ကြည့်ရှူ့သူ ပရိသတ်များမှာလည်း ၃၀၀ ကျော်ခန့်ရှိသည်
ဟုခန့်မှန်းရသည်။
Myanmar News Now
မြန်မာပြည်မြေပုံအနေဖြင့် ဆူးလေးဘုရားပေါ်တွင် မီးပူဇော်နေပုံ
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု
ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုကိုတွေ့ ရစဉ်
၂၀၁၂ ခုနှစ် ၊ မေလ(၁၈) ရက်နှင့် (၁၉) ရက်နေ့များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ
များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် ၂၃၀ ကေဗွီ ရွှေလီ-မန်စံ မဟာဓာတ်အားလိုင်း
 ရှိ တာဝါတိုင်များအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှု ပြီးစီးလုနီးနေပြီ ဖြစ်ကြောင်းသိရပါ
သည်။
ကျောက်ဆည်မှာ ဆန္ဒပြဖို့ ပြင်ဆင်တဲ့အတွက် အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့
လျှပ်စစ်မီးပုံမှန်မရတဲ့ကိစ္စဆန္ဒထုတ်ဖေါ်ပြသမယ်လို့သက်ဆိုင်ရာကိုစာနဲ့အကြောင်းကြားခဲ့တာကြောင့် မန္တလေးတိုင်း ကျောက်ဆည်မြို့မှာ အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ အရေးပေါ် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေ
"မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရှေးဟောင်းသုတေသန၊
အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီးဌာနမှပထမဆုံးကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာစေရေး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
 ဆောင်ရွက်နေ"
          မြန်မာနိုင်ငံအနေဖြင့်လည်း ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာစေရန်အတွက် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့်စာကြည့်တိုက် ဦးစီး ဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုကို ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် 
တိုးမြင့်အောင် စက်ရုံမှတာဝန်ရှိသူများ အလုပ်သမားများကို ကိုယ်ထိလက်ရောက်စော်ကား
ကိုယ်ထိလက်ရောက်စော်ကားခံရတဲ့ တိုးမြင့်အောင် စက်ရုံမှ အလုပ်သမားတဦး
သုံးခွမြို့ အမေ့အိမ် ပညာဒါန (အခမဲ့ ) ကျောင်းဖွင့်လှစ်ခြင်း
အရည်အသွေးမြင့် လူ့ စွမ်းအားအရင်းအမြစ်များဖွံ့ ဖြိုး တိုးတက်လာစေရန်
နှင့် သုံးခွမြို့ နယ်၌ထင်သာမြင်သာသောပညာရေး ကဏ္ဌပုံရိပ်များပိုမို
ထင်ဟပ်လာ စေရန်ရည်ရွယ်၍ရန်ကုန်တိုင်း ဒေသကြီး
တောင်ပိုင်းခရိုင်သုံးခွမြို့  အိမ်အမှတ် (၆၈/၃)အောင်ဇေယျလမ်း
အမှတ်(၄)ရပ်ကွက် တွင်တည်ထောင်ထားသော အမေ့အိမ် (၁) ပညာဒါန(အခမဲ့ )
စာသင်ကျောင်းအား မေလ ၂၂ ရက် အင်္ဂါနေ့  နံနက် (၉နာရီ၃၀မိနစ်)အချိန်တွင်
စသင်ဖွင့်လှစ်သင်ကြားပို့ ချခဲ့ ပါသည်။
စာတိုက်ဝန်ထမ်း ပေါ့လျော့မှု တိုင်ကြားစာ
လုပ်ငန်း နှောင်းနှေးမှုကြောင့် စာမေးပွဲဖြေဆိုရမည့်ကိစ္စ အချိန်မမှီတော့ကြောင်း
တိုင်ကြားခြင်းPost Office
Post Office
ဖယ်ခုံတွင် ဂျပန်အကူအညီဖြင့် သောက်သုံးရေကန်ဖွင့်
လွိုင်ကော်၊ မေ ၂၃၊ ၂၀၁၂ ၊ စိုးစိုးမြာ (YPI)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာတွင် သောက်သုံးရေရရှိရန် ဂျပန်အစိုးရမှ ထောက်ပံ့ပေးခဲ့သော သောက်သုံးရေကန်ဖွင့်ပွဲအခန်းအနားသို့ ယမန်နေ့မွန်းလွဲ ၁း၀၀ နာရီက ဂျပန်သံအမတ် HIDEO MATSOO လာရောက်ဖွင့်လှစ်ခဲ့သည်။
ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့
ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။
ပုသိမ်မြို့ လူနေအိမ်ထူထပ်သည့် လယ်တီရပ်ကွက်တွင်မီးလောင်
ပုသိမ် ၊ မေလ ၂၃၊ ၂၀၁၂ ခုနှစ်၊ မျိုးမင်းထွန်း (YPI)
ယနေ့ညနေ ၃နာရီ ၂၅ မိနစ်က ပုသိမ်မြို့ အမှတ်၂ရပ်ကွက်ရှိ လယ်တီ (၃) လမ်းတွင် ၀ါယာရှော့မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကာ အိမ်လေးလုံး မီးလောင်ကျွမ်းဆုံးရှုံး ပြီး ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့
သည်။
စစ်တွေ- ရန်ကုန်သွား ဘတ်စ်ကားများ သတ်မှတ် ခရီးသည်များထက် ပိုတင်မူကြောင့် အန္တရာယ် ကြုံတွေ့ရနိုင်
စစ်တွေမှ ရန်ကုန်သို့သွားသည့် ဘတ်စ်ကားများသည် စည်းကမ်းမလိုက်နာဘဲ သတ်မှတ် ခရီးသည် အရေအတွက်ထက် ကျော်လွန်ပြီး လူပိုတင်နေမူကြောင့် အန္တရာယ် ကျရောက်ရန် အခြေအနေနှင့် အချိန်မရွေး ကြုံတွေ့ ရနိုင်ကြောင်း ခရီးသည်များက နိရဉ္စရာသို့ ထုတ်ဖေါ် ပြောကြားသည်။
ရန်ကုန်သွား ရခိုင်က ဘတ်စ်ကား တစ်စီး ရခိုင်ဘက်တွင် မောင်းနှင် နေစဉ်။
RNDP ညီလာခံ ဦးဥတ္တမ ခန်းမတွင် ကျင်းပခွင့်မရ
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၏ ပထမအကြိမ် ညီလာခံကို စစ်တွေမြို့ ဦးဥတ္တမ ခန်းမတွင် ကျင်းပပြုလုပ်ခွင့် မရကြောင်း သတင်း ရရှိသည်။
မေလ ၂၉ ရက်နေ့ စတင်ကျင်းပမည့် ပထမအကြိမ် ညီလာခံကို ဦးဥတ္တမခန်းမတွင် စစ်တွေမြို့နယ် စည်ပင်က ကျင်းပခွင့် မပြုကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက နိရဉ္စရာသို့ ပြောသည်။
တောင်ကုတ် ချောင်းကောက် NLD ရုံးဖွင့်ပွဲ ပြည်သူများ တခဲနက် တက်ရောက်အားပေး
မေလ ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့သော တောင်ကုတ်မြို့နယ် ချောင်းကောက် ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးဖွင့်ပွဲကို ရပ်ကွက်သူ ရပ်ကွက်သားများ တခဲနက် တက်ရောက် အားပေး ခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်း လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်
ဒီကနေ့ မေလ (၂၃) ရက်နဲ့ လာမယ့်ဇွန်လ (၅) ရက်အကြား ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းမှာ လေမုန်တိုင်းတစ်ခု ဖြစ်ပေါ်နိုင်တဲ့အတွက် မြန်မာပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ လိုအပ်တယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
(Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်နေ့က ဆိုင်ကလုန်း ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် ကျောက်ဖြူမြို့တွင် မုန်တိုင်းသင့် အပျက်အစီးများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: U Kyaw Zaw Win/www.demowaiyan.co.cc)
ကချင်မြေသို့ ငြိမ်းချမ်းရေးတေးသံ (ရုပ်/သံ)
ပြည်သူကို ပြည်သူက စောင့်ရှောက်ခြင်း ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကချင်ပြည်နယ်က စစ်ဘေးသင့်