Monday, May 21, 2012
ဒေါ်စု ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ တက်ရောက်ဖွယ်ရှိ
ဖိလစ်ပိုင် သမ္မတ Benigno Aquino က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုနှစ်အတွင်း လာရောက်ဖို့ ဖိတ်ကြားချက်ဟာ သင့်တော်ကောင်းမွန်တဲ့ အချိန်ကောင်း ဖြစ်တယ်လို့ ဖိလစ်ပိုင် မနီလာတိုင်းမ် သတင်းစာ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။
ဖိလစ်ပိုင် လွတ်လပ်ရေးနေ့ အခါသမယဖြစ်တဲ့ ဇွန်လ ၁၂ ရက်နေ့၊ ဒါမှမဟုတ် အဲဒီမတိုင်ခင် လာရောက်မယ်ဆိုရင် ဒါဟာ နှစ်နိုင်ငံအကြား သမိုင်းဝင်ပြီး အနှစ်သာရရှိတဲ့ ခရီးစဉ်ဖြစ်လိမ့်မယ်လို့ မနီလာတိုင်းမ်မှာ ရေးသားထားပါတယ်။
မန္တလေးတွင် လျှပ်စစ်မီးရရှိရေး ဒုတိယ မြောက်နေ့အဖြစ် ငြိမ်းချမ်းစွာ ဆန္ဒပြမည်
အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တွင် လျှပ်စစ်မီး ရရှိရေးအတွက် (၂၀.၅.၂၀၁၂) တွင် မန္တလေး မြို့သူမြို့သားများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပြီးနောက် (၂၁.၅.၂၀၁၂) ယနေ့ တနင်္လာ တွင်လည်း ဆန္ဒပြသွားမည် ဖြစ်ကြောင်း The Voice Weekly သတင်းထောက် က ပေးပို့သည်။
အင်ဂျင်ပါဝါ ၁၃၅၀ CC အောက် ယာဉ်တင်သွင်းမှု အတွက် CIF တန်ဖိုး အမေရိကန် ဒေါ်လာ ငါးထောင် သတ်မှတ်
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီး ဌာနက ထုတ်ပြန်တဲ့ အချက်အလက် အရ အင်ဂျင်ပါဝါ ၁၃၅၀ စီစီ အောက်ယာဉ်တွေ တင်သွင်းပါက ဆိပ်ကမ်း
အရောက် CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက် ယာဉ်တွေကို တင်သွင်းပါက ၁၉၉၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်မော်ဒယ်အထိ မော်ဒယ်နှစ် မခွဲခြားဘဲ CIF တန်ဖိုးကို အမေရိကန်ဒေါ်လာ ငါးထောင် သာသတ်မှတ်ထားတာ ဖြစ်ပါတယ်။
ချမ်းအေးသာဇံမြို့နယ် ရဲမွန်တောင်ရှိ ကျူးကျော်အိမ်(၈၀)အား ဖယ်ရှားခိုင်း
လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များ
 Shwe Myitmakha Media Group
 လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းကျေးရွာက ပလပ်မြေပေါ်ရှိ ကျူးကျော်နေအိမ်များ
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ ကျူးကျော်နေထိုင်ကြသူ အိမ်ထောင်စု(၈၀)ကျော် အား  ယခုရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းကြောင်း ဖယ်ရှားခံပြည်သူများထံက သိရှိရသည်။
သိမ်းဆည်းခံမြေယာများအား ပြန်လည် ရယူရန်ဆန္ဒရှိ
ဝင့်သင်ဇာကျော် (မြစ်မခ)
မေ (၂၁)ရက် ၊၂၀၁၂ခုနှစ်။
ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက တောင်သူလယ်သမား(၄၀၀)ကျော်အနေဖြင့် တရားဝင် လယ်မြေပိုင်ဆိုင်ခြင်းမရှိဟုဆိုကာ စည်ပင်သာယာနှင့်ကုမ္ပဏီအချို့မှသိမ်းယူထားမှုနှင့်ပတ်သက်၍ လယ်သမားများက မိမိပိုင်လယ်မြေဖြစ်လိုကြောင်း တရားဝင်မှတ်ပုံတင်ရရှိရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်သမားများထံက သိရှိရသည်။
လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား
မေ(၂၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်းလျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူမှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။
မဖြူဖြူသင်း​အ​ကြောင်း​ ဘဝရုပ်ပုံလွှာကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြု
ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်က​နေ ​ရွေး​ကောက်ခံရတဲ့​ လွှတ်​တော်အမတ် ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝရုပ်ပုံလွှာ ​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ ဂျာနယ်မှာ ​ဖော်ပြခွင့်​မရဘူး​လို့​ သိရပါတယ်။
မြိတ်မြို့ တွင်း လမ်းတွေအလွန်ပျက်စီးနေ
ရဲနှင့် ပေါင်းကာ လိမ်လည် ငွေကောက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကုန်လမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ စာရွက်၊ တံဆိပ်များကို အသုံးပြုပြီး လူတစ်ဦးမှ ဒေသခံ ရဲအဖွဲ့နှင့် ပူးပေါင်းကာ ဟွန်ဒါ စက်လှေ ပိုင်ရှင်များထဲမှ လိမ်လည် ငွေကောက်ခံသွားကြောင်း သတင်း ရရှိသည်။
Ngarotkong_Village_3
တောင်ကုတ်မြို့နယ် ငရုတ်တောင်ကျေးရွာမှ ဟွန်ဒါစက် အလုံး ပေါင်း ၄၈ လုံးမှ ကောက်ယူသွားခြင်း ဖြစ်ကြောင်း ဒေသခံ ဟွန်ဒါ စက်လှေပိုင်ရှင် တစ်ဦးက ပြောသည်။
ကွမ်းခြံကုန်း ဆိုက္ကားသမားတွေ စည်ပင်ခွန်ကြောင့် ဒုက္ခရောက်နေ
ကွမ်းခြံကုန်းမြိုနယ်မှ အနှေးယာဉ် ဆိုက္ကားနင်းသူ ၇၀၀ ကျော် စည်ပင်မှ တာဝန်မဲ့
လုပ်ရပ်များနှင့် လိုင်စင်ခွန်များ အဆမတန် ကောက်ခံမှု ကြောင့် ဒုက္ခရောက်နေ
ကြပါတယ်။
Facebook တည်ထောင်သူ လက်ထပ်ပွဲ
Facebook အင်တာနက်စာမျက်နှာကို တည်ထောင်သူ မာခ့် ဇက်ကာဘတ် (Mark Zuckerberg) ဟာ သူနဲ့ အချိန်အတော်ကြာ ချစ်ကျွမ်းဝင်ခဲ့တဲ့ သူ့ချစ်သူ ပရစ်စဲလ်လာ ချမ်း (Priscilla Chan) နဲ့ လက်ထပ်ခဲ့ပြီးတော့ သူတီထွင်ခဲ့တဲ့ သူ့ရဲ့ Facebook စာမျက်နှာမှာ သူတို့ရဲ့ မင်္ဂလာပွဲအကြောင်းကို လူအများသိရှိနိုင်ကြောင်း ကြေညာခဲ့ပါတယ်။
မြင်းခြံမြို့ရဲ့ ရေနှင့် အမှိုက်ကားဆိုးဆိုးဝါးဝါးမလာ
ကိုးဆောင်ဘုန်းကြီးကျောင်းဘေးအမှိုက်ပုံ
တောင်ညောင်ကုန်းကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးဖွင့်ပွဲ
မေလ(၁၈) ရက်နေ့ တွင်ကျင်းပခဲ့သည်။
A.C.E ကုမ္ပဏီ ရုံးပိတ်ရက်မရှိ
A.C.E ကုမ္ပဏီပိုင်ရှင် ၀န်ကြီးဦးတင့်ဆန်း
နေပြည်တော်တွင် ဆောက်လုပ်ရေးကုမ္ပဏီပေါင်းများစွာ ရှိသည့်အနက်  A.C.E ကုမ္ပဏီ ဆိုလျှင်မသိသူ မရှိသလောက်နီးပါးရှိပါသည်။ မြန်မာနိုင်ငံ၏ အထင်အရှားဖြစ်သော လွှတ်တော်စီမံကိန်းကို တည်ဆောက်ခဲ့သောကြောင့် သိကြသည်။ နေပြည်တော် FC ဘော်လုံးအသင်း၏် ပိုင်ရှင်ဖြစ်သောကြောင့်
Form ရောင်းစားနေတာလား
အခုဆိုရင်..မြန်မာနိုင်ငံမှာအလုပ်တွေခေါ်တာများလာတော့
အလုပ်အကိုင်ရှာဖွေရေး Agent တွေလည်း တော်တော်အလုပ်ဖြစ် နေပါတယ်..။
အလုပ်အကိုင်ရှာဖွေရေး Agent တရားဝင်အမည်မခံဘဲ လုပ်စားနေတဲ့
အဖွဲအစည်းတွေလည်း ရှိနေပါတယ်..။ အလုပ်အကိုင်ရှာဖွေနေကြတဲ့
ဘွဲ့ရပညာတက်လေးတွေမှာ မရှိတဲ့ကြား က အချိန်ကုန်၊ လမ်းစရိတ်ကုန် ၊
စာရွတ်စာတမ်းကြေးတွေကုန်ဖြစ်ရတဲ့အပြင် အလုပ်ခေါ်တယ်ဆိုပြီး Form
ရောင်းစားနေတဲ့ ကုမ္ပဏီ တွေလည်း ရှိနေပါတယ်..။