Saturday, December 8, 2012

ချောက်မြို့တွင် အစိုးရက သပိတ်တားမြစ်နေ

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရခိုင် ခရီးစဉ်နှင့် အမှားပြင်ဆင်ချက်

ရခိုင်ပြည် နယ် စစ်တွေမြို့သို့  ဒီဇာင်ဘာလ ( ၇ ) က် နံနက် ၁၀  နာရီ တွင် တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာသော နိုင်ငံတော် သမ္မတနှင့် သံတမန်များသည် စစ်တွေမြို့မှ တဆင့်  မင်းပြား သွားရောက် ခဲ့သည်ဟု သိရသည်။

" သူတို့က ရဟတ်ယာဉ် သုံးစီးနဲ့ မင်းပြားမြို့နယ် စမ်းဘလေ ရွာကို လာပါတယ်။ အဲဒီမှာ ဆန်အိတ် ၅၀ ပေးတယ်။ မမန်း ခေါက်ဆွဲ ထုတ်တွေလည်း ပေးပါတယ်။ သင့်သင့်မြတ်မြတ် နေကြဖို့။ ပြဿနာတွေ ထပ်မဖြစ်အောင် နေထိုင်ကြဖို့ မွတ်ဆလင် ခေါင်းဆောင်တွေကို ပြောတာ တွေ့ရပါတယ်" ဟု အဆိုပါ ရွာသို့ သွားရောက်ခဲ့သူ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော်က ပြောသည်။

ဦးသာကျော်မှ ဒု သမ္မတ စိုင်းမောက်ခမ်းနှင့် အတူ လူပေါင်း ၅၀ ခန့်ပါဝင်ပြီး ထိုအထဲတွင် နိုင်ငံခြား သံတမန် အများအပြား ပါဝင်သည်ဟု ဆိုသည်။

စမ်းဘလေ မွတ်ဆလင်ရွာသည် အိမ်ခြေပေါင်း ၂၀၀ ကျော်ရှိပြီး  အောက်တိုဘာလ ပဋိပက္ခအတွင်း  အိမ်ခြေ ၁၀၀ ကျော် မီးရှို့ခံခဲ့ရသည်။ အချို့ပါကျေးရွာမှ ရွာသား တချို့သည် လွန်ခဲ့သော တပတ်ကျော်က ရခိုင်အမျိုးသား တစ်ဦးဖြစ်သူ ဦးမောင်သိန်းနုကို ၀ိုင်းဝန်း တိုက်ခိုက်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပြီး မင်းပြား ဆေးရုံတင်ထားရသည်။

ဒုတိယ သမ္မတ ခရီးစဉ်နှင့် ပတ်သက်ပြီး မြောက်ဦးမြို့နယ် ယိုင်သည် မွတ်ဆလင်ရွာကို ဆက်လက် မေးမြန်းရာ ရွာသား တစ်ဦး ဖြစ်သူ ဦးစိုးနိုင်ထွန်းက ယခုလို ပြောသည်။

" ကျွန်တော်တို့ရွာကိုတော့ မရောက်ဘူး။ ရဟတ်ယာဉ်တွေ ပျံတာတော့ ကြားရပါတယ်။ ကျွန်တော်တို့ ရွာကိုတော့ မလာဘူး" ဟု ပြောဆိုသည်။

ဒုတိယ သမ္မတနှင့် နိုင်ငံခြား သံတမန်များသည် ယမန်နေ့က မောင်တောမြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

ဒေါက်တာစိုင်းမောက်ခမ်း နှင့်မြန်မာနိုင်ငံ ရဲချူပ် ဦးကျော်ကျော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မှ ၀န်ကြီး ဦးခင်ရီ အပါအ၀င် မြန်မာနိုင်ငံ သံတမန်ကိုယ်စားလှယ်များလည်း  ပါဝင်သည်ဟု သိရသည်။

( ယမန်နေ့က နိရဉ္စရာက ဖေါ်ပြသော သတင်းတွင် ဒုသမ္မတသည် စစ်တွေမှ မြေပုံသို့ ထွက်ခွာသွားသည်ဟု  မှားယွင်း ဖေါ်ပြပါရှိသွားပါသည်။ အမှန်မှာ ဒုသမ္မတသည် ယမန်နေ့က မြေပုံမြို့ကို လာရောက်ခဲ့ခြင်း မရှိဘဲ မင်းပြားကို သာ လာရောက်ခဲ့သည်ဟု သိရပါသည်။)


ရခိုင်အဖွဲ့ အားလုံး ပါဝင်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး ထိုင်းနိုင်ငံတွင် ကျင်းပမည်

ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ရခိုင်တမျိုးသားလုံး ပါဝင်နိုင်မည့် အလုပ်ရုံ ဆွေးနွေးပွဲကြီး တစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည်နှစ် ဇန်န၀ါရီလတွင် ၃ ရက်ကြာ ကျင်းပသွားမည်ဟု သတင်းရရှိသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး လုပ်ငန်းကော်မတီ အဖွဲ့ဝင် တဦးဖြစ်သူ DPA ဒုဥက္ကဌ ဦးညီညီလွင်မှ နိရဉ္စရာသို့   ပြော သည်။

"ကျွန်တော်တို့ ရခိုင် အဖွဲ့အစည်း အားလုံးပါဝင်နိုင်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာ ၃ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုကရေးအသွင် ကူးပြောင်းရေး၊ နိုင်ငံရေး အပြောင်းအလဲကာလမှာ တိုင်းရင်းသား အင်အားစု များနဲ့ ငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလမှာ မကြာမီက ပင်လုံကဲ့သို့သော ညီလာခံဖြစ်ပေါ်လာရင် ရခိုင်အမျိုးသား ဖက်ကလည်း မိမိတို့အမျိုးသားများဆိုင်ရာ ရပိုင်ခွင့် အခွင့်အရေးတွေကို ရယူဖို့ အမျိုးသားဘုံဝါဒ တစ်ခု ချမှတ်နိုင်ဖို့ အတွက် ဖြစ်ပါတယ်" ဟုပြောသည်။

၎င်းက ဆက်ပြီး "စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၆ နေ့ထိ ထိုင်းနိုင်ငံချမ်းမိုင် (ဇင်းမေ) မြို့မှာ ချမှတ်ကြတဲ့ တိုင်ရင်းသားညီလာခံကငြိမ်းချမ်း ရေးလမ်းပြမြေပုံ ၆ ချက်မှာ ပြည်နယ်တိုင်းမှာ ညီလာခံ ခေါ်ပြီးတော့ ပင်လုံကဲ့သော တပြည်လုံး ညီလာခံ ခေါ်ယူ ပြီး တိုင်းရင်းသား အခွင့်အရေး များပါတဲ့ နိုင်ငံရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုနိုင်ဖို့ ရခိုင်လူမျိုးတခုလုံးကို ကိုယ်စားပြုနိုင်တဲ့ အမျိုးသား ကွန်ကရက်တရပ်ကို ဖေါ်ဆောင်သွားဖို့ဆိုတဲ့ မျှော်မှန်းချက်များကို အခြေခံပြီး တော့ ပထမအဆင့်ဒီ workshop ကို ပြုလုပ်တာပါ"ဟုပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးမှ  ပူးပေါင်းလုပ်ကိုင်နိုင်ရန် ရခိုင် တပြည်လုံး ညီလာခံ တခုကိုလည်း ခေါ်ယူနိုင်ရန် အစီအစဉ်  ရှိသည်ဟုလည်း သူကဆိုသည်။

"ကိုယ်ပိုင် ပြဌာန်းခွင့်၊ တန်းတူခွင့် အပေါ် အခြေခံပြီး ဘုံလမ်းစဉ် တခုပေါ်ပေါက်ရေးနဲ့ အဲဒီ အပေါ်မှာ အခြေခံပြီး တူညီတဲ့ အချက်တွေကို အခြေခံပြီး ပြည်တွင်း ပြည်ပ အချိတ်အဆက်ရှိရှိ ပူးပေါင်း လုပ်ဆောင်ကြဖို့ ရည်ရွယ်ပါတယ်။ ဒါပြင် ရခိုင် တပြည်လုံးညီလာခံ ခေါ်ယူနိုင်ဖို့ ကိစ္စရပ်လည်း  အဓိ ကထား ဆွေးနွေးမှုတွေ အထဲမှာ ပါဝင်ပါမယ်။ ၁၉၄၇ခု မြေပုံညီလာခံ ကဲ့သို့သော ကျယ်ပြန့်တဲ့ ညီလာခံတစ်ခု ခေါ်ယူဖို့ ဘုံအမျိုး သား လမ်းစဉ် ချမှတ်ကာ ကြိုတင်ပြင်ဆင်နိုင်ဖို့၊ ပြီးရင် ခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ဘင်္ဂလီမူဆလင်နဲ့ ရခိုင်တွေအကြားမှာ ဘယ်လိုဘယ်ပုံအဖြေရှာပြီး ဘုံဝါဒ ချမှတ်နိုင်ဖို့ ကိစ္စတွေ ပါဝင်မှာဖြစ်ပါတယ်" ဟုပြောသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်တွင်းမှ ရခိုင်အဖွဲ့အစည်းများ ဖြစ်သည့် ALD, RNDP ၀န်လက် ဖေါင်းဒေရှင်း၊ ရခိုင်အမျိုးသားကွန်ယက်၊ ရခိုင်အမျိုးသမီးများကွန်ယက်၊ ရခိုင်ကျောင်း သားသမဂ္ဂ၊ ရခိုင်လူငယ်များ အစည်းအရုံးစသည့် အဖွဲ့အစည်းများနှင့် ပြည်ပမှ AA, ALP, ANC, DPA, NUPA, နှင့် AASYC တို့ကိုပါ ဖိတ်ခေါ်သွား မည်ဟု သိရသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်မှုဖြစ်လျှင် ရခိုင်အမျိုးသားရေး ကိစ္စရပ်များကို ထိရောက်စွာ လုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးညီညီလွှင်က ပြောသည်။

အဖွဲ့အစည်း အသီးသီး ကိုယ်စားလှယ်များ အလုပ်ရုံဆွေးနွေး ပွဲဖြစ်မြောက်ရေး ကော်မတီတခုကို လည်း အဖွဲ့ဝင် (၈) ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။  (၄) ကြိမ်တိုင်တိုင် ဆွေးနွေးပြီးမှ နိုဝင် ဘာ ၂၈ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမေ (ချင်းမိုင်မြို့)တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖြစ်မြောက်ရေး ကော်မတီ အကြံပေးအဖွဲ့တွင် ဒေါက်တာခင်မောင်(ANC) ဒေါ်စောမြရာဇာလင်း (RWU)၊ ဗိုလ်မှူးကြီး ထွန်းမြတ်နိုင်(ရက္ခိုင့်တပ်မတော်) တို့ဖြစ်ပြီး လုပ်ငန်း ကော်မတီသင်များမှာ ဗိုလ်မှူးကျော်ဟန် (ရက္ခိုင့်တပ်မ တော်)၊ ဦးညီညီလွင်(ANC)၊ ဦးဝင်းအောင်( Shwe gas Movement) စောစံငြိမ်းသူ (RWU) နှင့် စောနုနုခင်(RWU) တို့ ဖြစ်ကြသည်။

ဆွေးနွေးပွဲကို လာမည့်နှစ် ၂၀၁၃-ခုနှစ် ဇွန်န၀ါရီလ (၇၊ ၈၊ ၉)ရက်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဟု သိရသည်။

နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်း စစ်တွေသို့ ရုတ်တရက် ရောက်ရှိ



နိုင်ငံတော် ဒုသမ္မတ စိုင်းမောက်ခမ်းသည် ယနေ့ စစ်တွေမြို့သို့ ရုတ်တရက် ရောက်ရှိလာပြီး စစ်တွေမှ တဆင့် မြေပုံသို့ ချက်ချင်း ထွက်ခွာသွားသည်ဟု သိရသည်။
"နံနက် ၉ နာရီ ကျော်ကျော်မှာ စစ်တွေကို လေယာဉ်နဲ့ ရောက်ပါတယ်။ မြို့တော်ခန်းမမှာ ဌာနဆိုင်ရာ လူကြီးတွေနဲ့ နံနက် ၁၀ နာရီမှာတွေ့တယ်။ အဓိက ဒုက္ခသည်တွေ ကယ်ဆယ်ရေးကိစ္စ အတွက် လာတယ်လို့
သိရပါတယ်" ဟု စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ပြောသည်။
အဆိုပါ အစည်းအဝေးအပြီးတွင် ရဟတ်ယာဉ်များဖြင့် မြေပုံသို့ ချက်ချင်း ထွက်ခွာသွားသည်ဟု ဆိုသည်။
"ဒုသမ္မတက နေ့လည်စာ ထမင်းစားပြီးတာနဲ့ မြေပုံမြို့ကို ထွက်ခွာသွားပါတယ်။ မြေပုံမှာ ဒုက္ခသည်တွေရဲ့ အခြေအနေက အရမ်းကို ဆိုးရွားနေတယ်လို့ ကြားရတယ်။ ဒါကြောင့် မြေပုံကို ထွက်သွားတယ်လို့ သိရပါ တယ်။"
ကုလ သမဂ္ဂ လူသားချင်းစာနာ ထောက်ထားမူ ဆိုင်ရာ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်လည်း ဖြစ်၊ အရေးပေါ် ကယ်ဆယ်ရေး ညှိနိုင်းရေးမှူးလည်းဖြစ်သော ဗယ်လရီ အေးမိုးစ် Valerie Amos သည် ဒီဇင်္ဘာလ ၅ ရက်နေ့က ရခိုင်သို့ လာရောက် လည်ပတ်ခဲ့သည်။ လည်အပတ် အပြီး မြေပုံတွင် ဒုက္ခသည်များ အခြေအနေ ဆိုးရွားနေကြောင်း မြန်မာ အစိုးရကို ပြောဆို ခဲ့ကြောင်း သိရသည်။
"အခုလို သတင်းတွေတော့ ရပါတယ်။ မြေပုံမှာ အခြေအနေဆိုးရွားနေတာကို  အဲဒီ အမျိုးသမီးက  ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုတယ်လို့ သိရပါတယ်။ ဒါကြောင့် အများကတော့ ဒုသမ္မတ စိုင်းမောက်ခမ်း လာတာ ဒီကိစ္စလို့ ပြောနေကြပါတယ်" ဟု ဆိုသည်။
ဒုသမ္မတ စိုင်းမောက်ခမ်းသည် ပဋိပက္ခဖြစ်ပွားရာ ရခိုင်ပြည်နယ်သို့  မကြာခဏ လာရောက်ကြည့်ရှု့သော မြန်မာ အစိုးရထဲမှ အဆင့်မြင့်ဆုံး ခေါင်းဆောင် ဖြစ်သည်။



အနောက်ရိုးမ အနီး မြောက်ကိုရီးယား နိုင်ငံသား အချို့ကို မြင်တွေ့ရ

power plant

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ပတိန်းမြို့ ဟောင်း (ပျူမြို့ဟောင်း)နှင့် နှစ် မိုင်ခန့် အကွာတွင်ရှိ သော အနောက်ရိုးမတောင်တန်းအနီး၌ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှစ၍ ယခု ၂၀၁၂ ခုနှစ်တိုင် မြောက် ကိုရီးယားနိုင်ငံသား တချို့ကို မြင်တွေ့နေရကြောင်း ဒေသခံများက ဆိုကြသည်။

' မြောက်ကိုရီးယား လူမျိုးတွေက ကျွန်တော်တို့ ပန်းတောင်းမြို့ကို ဈေးဝယ်လာကြတယ်။ ခြောက် ယောက်တစ် အုပ်စု၊ ခုနစ်ယောက် တစ်အုပ်စု လာကြ တာပဲ။ ဗမာလူမျိုး စကားပြန်တွေ ပါတယ်။ အဲဒီ စကားပြန်တွေက မြောက်ကိုရီးယားတွေနဲ့ ဒေသခံ တွေ တိုက်ရိုက် စကားပြောရင် လုံးဝ မကြိုက်ဘူး။ တစ်ခုခုကို ပေါက်ကြားသွားမှာ စိုးရိမ်တဲ့ ပုံမျိုး ဖြစ်နေတယ်}ဟု ပန်းတောင်းဒေသခံ တစ်ဦးက လူထု ပုံရိပ်သို့ ပြောသည်။ ၁၉၉၀ ခုနှစ်မှစ၍ ရေအားလျှပ်စစ် ထုတ်လုပ် ရန် အကြောင်းပြချက်ဖြင့် ဆည်တည်ဆောက်ကာ တစ်ဘက်တွင် အနောက်ရိုးမတောင်တန်းအား ဥမင် လိုဏ်ခေါင်းဖောက်လုပ်နေခြင်းကို လည်လည် ဝယ်ဝယ်မရှိသော တိုင်းရင်းသားအများစုနေထိုင် သော ဒေသဖြစ်၍ မည်ကဲ့သို့သော လုပ်ဆောင် ချက်များ လုပ်ဆောင်နေသည်ကို ထိုစဉ်ကသတိ မထားမိ၊ မသိရှိကြောင်း၊ မိမိတို့လေ့လာမှတ်မိ သလောက်ဆိုလျှင် နေပြည်တော်ကြီး စတင် တည်ဆောက်စဉ်ကတည်းက ယခု ဥမင်လိုဏ် အား ဖောက်လုပ် ခဲ့ခြင်း ဖြစ်သောကြောင့် ပြည်သူလူထု အာရုံ မစိုက်နိုင်ခြင်းသာဖြစ်ကြောင်း၊ ယခုအခါတွင် ၂၀၁၀ နောက်ပိုင်းမှစ၍ ၄င်းတို့ လုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်နေသည်ကို ကြားသိရသဖြင့် နျူးကလီး ယားစက်ရုံတည်ဆောက်ခြင်းဖြစ်သည်ဟု ဒေသခံများ သံသယရှိလာကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ရှိဒေသခံများကို စွန့်ပစ်ပစ္စည်းများ ကြောင့် အန္တရာယ်ဖြစ်မည်ကို စိတ်ပူမိကြောင်း၊ အစိုးရအပြောင်း အလဲဖြစ်နေသော်လည်း မြောက် ကိုရီးယားလူမျိုးများကို လက်ရှိချိန်ထိတွေ့မြင်ရ ကြောင်း၊ နျူးကလီးယားစက်ရုံဟု သံသယ ဝင် လာမိ၍ မြောက်ကိုရီးယားတို့၏ အနေအထားကို မျက်ခြည်မပြတ်လေ့လာစောင့်ကြည့်အကဲခတ်နေရ ကြောင်း၊ ၄င်းတို့စက်ရုံနှင့် နှစ် မိုင်ခန့်အကွာတွင်ပင် ကပစ/ကာကွယ်ရေးပစ္စည်းစက်ရုံ တပ်များချထား သဖြင့် အနားသို့မည်သို့မှ ကပ်၍မရကြောင်း နိုင်ငံခြားသို့ တစ်နှစ်တာ အလုပ်သွားလုပ်၍ ပြန်ရောက်လာသော ၄င်းက ဆက်လက်ပြောသည်။

'အဲဒီဥမင်လိုဏ်ခေါင်းဖောက်တုန်း ကတော့ ဒေသခံတွေကို ခေါ်ဖောက်တယ်။ ကျွန်တော်လည်း ပါတယ်။ ဂူနှစ်လုံးက အကျယ်ကြီးပဲ။ ကျွန်တော်တို့ ခေါင်းမှာ လက်နှိပ်ဓာတ်မီးတွေတပ်ပြီး ဖောက်ရ တာပါ။ ဒေသခံအားလုံးနီးပါး အလုပ်ရသွားတယ်။ ဒါပေမဲ့ တစ်လလောက်လုပ်ပြီးတော့ တော်တော် လည်း ပြီးနေပြီဆိုတော့ ဒေသခံတွေအားလုံးကို ပြန်ခိုင်းတယ်။ အဲဒီတုန်းက ပိုက်ဆံရတယ်ဆိုတော့ ဆင်းရဲတဲ့ဒေသတွေလည်းဖြစ်တော့ တောင်ကြီး တစ်လုံးဖောက်တာကို ဘာလုပ်ဖို့မှန်း စိတ်မဝင်စားကြဘူး။ တစ်ဘက်က မန်းချောင်းဆည်ဆောက် ပြနေတော့ ပိုတောင်သတိမထားမိတော့ဘူး။ အမှန် တကယ် နျူးကလီးယား စက်ရုံဆိုရင်တောင် အဲဒီတုန်းက ဒေသခံတွေက နျူးကလီးယားဆိုတာ တောင် သိမှာမဟုတ်ဘူး။ အမြှောက်တပ်လည်း ချထားတော့ စစ်တပ်ဆိုရင် ကြောက်ကြတာလေ'ဟု ဥမင်လိုဏ်ခေါင်းတူးရာတွင် ပါဝင်ခဲ့ဖူးသူ အသက် ၄၅ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ဥမင်လိုဏ်ခေါင်းဖောက်ပြီးနောက်ပိုင်းတွင် မင်းဘူး-အမ်းလမ်းတောင်ဘက်ရှိ ရွာ ၈ ရွာအား လက်နက်ကြီးစမ်းသပ်ကွင်းဟုသတ်မှတ်ကြောင်း၊ ထို့ပြင် အနောက်ရိုးမတောင်တန်းနှင့် ကပ်လျက်ရှိသော ရွာများ၊ ယာများလည်း အသိမ်းခံရကြောင်း၊ လက်နက်ကြီး စမ်းသပ်ပါက ဒေသခံ့များထိလည်း တာဝန်မယူကြောင်း ဆိုလာသဖြင့် ၄င်းတို့မှာ အနီးဝန်းကျင် ဒေသခံများကို လူသားဟု မသတ်မှတ် ခြင်းသာဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။ 'အစိုးရအပြောင်းအလဲမှာ ဒါကြီးတွေ ပြုပြင် သင့်တယ်။ အရင်တုန်းက မြန်မာပြည်မှာ နျူးကလီး ယားစက်ရုံ ဆောက်မယ် ဆိုတာတော့ သိုးသိုး သန့်သန့် ကြားဖူးတယ်။ အခုမှ ကိုယ့်ဒေသမှာဆိုတာကို တဖြည်းဖြည်းနဲ့ ရိပ်မိလာတယ်။ မြောက်ကိုရီးယား တွေလည်း တော်တော် များများတွေ့ရတယ်။ အမြှောက်တပ်လည်းချထားတယ်။ ကပစစက်ရုံ လည်း ရှိတယ်ဆိုတော့ စဉ်းစားစရာပေါ့'ဟု ငဖဲ ဒေသခံတစ်ဦးက ပြောသည်။ 

ရန်ကုန်ဆိပ်ကမ်းအချို့တွင် စက်ယန္တရား နှင့် အခြေခံအဆောက်အအုံ မလုံလောက်

ရန်ကုန်ဆိပ်ကမ်းအချို့တွင် စက်ယန္တရားနှင့် အခြေခံအဆောက်အအုံ မလုံလောက်

ရန်ကုန် မြို့ရှိ ဆိပ်ကမ်း အချို့တွင် ကုန်စည်များ ရှင်းလင်းရန် လိုအပ်သော အခြေခံ အဆောက်အအုံ နှင့် စက်ယန္တရားများ လုံလောက် မှု မရှိသောကြောင့် ကွန်တိန်နာ များ (ကုန်သေတ္တာများ) ထုတ်ယူ ရာတွင် ကြန့်ကြာမှုများ ရှိနေ ကြောင်း အကောက်ခွန် လုပ်ငန်း များဆိုင်ရာ ဝန်ဆောင် သူများ အသင်း ဥက္ကဋ္ဌ ဦးမျိုးသန့်က ပြော သည်။

 

ယခုနှစ် အတွင်း ပြည်တွင်း ပြည်ပ ကုန်သွယ်မှု များလာသော ကြောင့် ဆိပ်ကမ်း အများစု၌ ကွန်တိန်နာပုံးများ စုပုံနေခြင်း ဖြစ်သည်။ "ထရပ်ကားတွေ မလုံ လောက်ဘူး။ ကွန်တိန်နာတွေ ပုံတဲ့ နေရာက အရမ်းကျပ်လာတယ်" ဟု အဆိုပါအသင်းဥက္ကဋ္ဌက ဆို သည်။

ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ အား ကြားခံဆောင်ရွက်ပေးသည့် ကိုယ်စားလှယ်များအချိန်မီရောက် ရှိမှု အားနည်းခြင်း၊ ဆိပ်ကမ်း၏ ပေးနိုင်သည့် ဝန်ဆောင်မှုနှင့် တိုး ပွားလာသည့် ကုန်စည်ပမာဏတို့ မမျှတခြင်း၊ ကွန်တိန်နာများအား နေရာအပြောင်းအရွှေ့ လုပ်ပေး နိုင်သည့် စက်ယန္တရားများ လုံ လောက်မှု မရှိခြင်း တို့ကြောင့် ယခု ကဲ့သို့ဆိပ်ကမ်း၌ ကွန်တိန်နာများ အမြောက်အမြား စုပုံနေခြင်း ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်သည်။

အကောက်ခွန်ဌာန၏ စစ် ဆေးမှုများ၊ သတ်မှတ်ထားသည့် အခွန်နှုန်းထားများ ပြင်ဆင်ရန် လို အပ်ပြီး ကွန်တိန်နာတစ်လုံးထုတ် ရန်သတ်မှတ်အချိန်ထက်ကြာမြင့် နေခြင်းတို့ကို ဖြေလျှော့ပေးရန်လို အပ်နေသေးကြောင်း အထက်ပါ လုပ်ငန်းရှင်ကဆိုသည်။

"ဆိပ်ကမ်းမှာ ကွန်တိန်နာ တွေက များလာလို့ ဌာနက ဝန် ထမ်းတွေက စနေနေ့အထိပါ အ လုပ်ဆင်းပြီး ဆောင်ရွက်ပေးနေပါ တယ်။ တင်သွင်းလာတဲ့ ကုန်စည် ရဲ့ တန်ဖိုးကို ထင်ရာမြင်ရာ ဆုံး ဖြတ်ကောက် ခံခွင့် မရှိပါဘူး။ ကွန် တိန်နာတွေ ရွှေ့ပြောင်းဖို့ ယန္တရား တွေနဲ့ကားတွေမလုံလောက်လို့အ ခုလိုဖြစ်ရ တာပါ" ဟု အကောက် ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ပို့ကုန်၊ သွင်းကုန် လိုင်စင်များ နှင့် ဆိပ်ကမ်းမှ ထုတ်ယူရေးအ တွက်ဆောင်ရွက်ပေးသော ပုဂ္ဂလိ ကဆိပ်ကမ်းရှင်းလင်းရေးဝန်ထမ်း များ၌ ပြင်ပမှ ဧည့်ဝန်ထမ်း များက ဝင်ရောက်ဆောင်ရွက်ပေးမှုများ ရှိနေခြင်းကြောင့် မသမာသည့် ဖြစ်စဉ်အချို့လည်း ပေါ်ပေါက်နေ ကြောင်း ယခုနှစ်၌ ကုန်စည်ကိုင် တွယ်မှု ပမာဏ ၂၅ ရာခိုင်နှုန်းခန့် တိုးပွားလာကြောင်း၊အကောက်ခွန် ဦးစီးဌာန၌ရှိသည့် ဝန်ထမ်းအင် အားမှာ လောက်ငမှုမရှိကြောင်း ဦးမျိုးသန့်က ပြောကြားသည်။

ရန်ကုန် ဆိပ်ကမ်း များမှ ၂၀ဝ၂-၂၀ဝ၃ ဘဏ္ဍာနှစ်တွင် မက်ထရစ် တန်ပေါင်း ၁၀သန်းကျော် ကိုင်တွယ်ဖြေရှင်းခဲ့ရာမှ ယခုအခါ နှစ်ဆကျော် တန် သန်း၂၀ကျော် ကိုင်တွယ် ဖြေရှင်းပေးနေသည်။

နိုင်ငံတကာ လေကြောင်းလိုင်း ၂၂ လိုင်းရှိလာ

မြန်မာနိုင်ငံနှင့် နိုင်ငံတကာသို့ ချိတ်ဆက် ပျံသန်း နေသော လေ ကြောင်းလိုင်း များမှာ ယခုအခါ ၂၂ လိုင်းရှိလာပြီ ဖြစ်ကြောင်း လေ ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

 

၂၀၁၂ ခုနှစ် အတွင်း မှာပင် တိုးချဲ့ပျံသန်းသော လေကြောင်း လိုင်းသစ် ရှစ်ခု ရှိခဲ့ပြီုးKorea Air, Qatar Airways, Eva Air, All Nippon Airlines, Singapore Airlines, Hongkong Dragon, Condor Airlines, Trans Asia Airways တို့ဖြစ်သည်။

နိုင်ငံတကာလေကြောင်းလိုင်း ၂၂ လိုင်းရှိလာ

၎င်းလေ ကြောင်းလိုင်းများက ဂျပန်၊ ကိုရီး ယား၊ ဒိုဟာ၊ စင်ကာပူ၊ ဟောင် ကောင်စသည့်လေဆိပ်များသို့ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို အခြေပြု၍ ချိတ်ဆက်ပျံသန်း လျက်ရှိသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပျံ သန်းပြေးဆွဲလျက်ရှိသော လေ ကြောင်းလိုင်း (၁၄)ခုအနက် အ ပြည်ပြည်ဆိုင်ရာ မြန်မာ့ လေ ကြောင်းလိုင်း (MAI) မှ ရှစ်စီး မြောက်လေယာဉ် Airbus A319 သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန် ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ထပ်မံရောက်ရှိခဲ့သည်။

ယင်း လေယာဉ်မှာ ခရီးသည် ၁၂၀ ဆံ့ လေယာဉ်ဖြစ်ပြီး စင်းလုံးငှား ခရီး စဉ်များ အတွက်ဖြစ်ကြောင်း MAI မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်အေးမရသာထံမှ သိရသည်။

မြန်မာနိုင်ငံတွင် အပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း များ ပျံသန်းသည့် နိုင်ငံတကာ လေဆိပ် သုံးခုရှိရာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တစ်ခု တည်းသို့ ခရီးသည် ဝင်ရောက်မှု နှုန်းသည် ၂၀၁၁ ခုနှစ်ကထက် ပိုမို များပြားလာသည်။

မြန်မာနိုင်ငံသို့ ခရီးသည် အများဆုံး ဝင်ထွက်ရာ လေဆိပ်ဖြစ် သည့် ရန်ကုန် လေဆိပ်သို့ ပြည် တွင်းပြည်ပခရီးသည် ဝင်/ထွက်မှု နှုန်းမှာ တစ်နှစ်လျှင် ၂ ဒသမ ၈သန်း ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၏ တစ်နှစ် ခရီးသည် လက်ခံနိုင်မှုနှုန်းမှာ ၂ ဒသမ ၇ သန်းသာဖြစ်သည် ဆိုသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအခြေအနေကို ကြည့်ပါက ၂၀၁၂ ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာအထိ ရန်ကုန် ဝင်ပေါက်မှ ယခင်နှစ် အလားတူ ကာလထက် ၅၀ ရာခိုင်နှုန်း တိုး တက်လာပြီး ယခုနှစ်တွင် နယ်စပ် ဝင်ပေါက်အပါအဝင်စုစုပေါင်းခရီး သည်ဝင်ရောက်မှုဦးရေမှာ တစ် သန်းခန့် ဖြစ်လာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ် ငန်းဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်း ခရီးစဉ်များကို လေကြောင်းလိုင်းခြောက်လိုင်းက လေယာဉ်၃၄စီးဖြင့် ပြေးဆွဲနေ သည်။ လက်ရှိတွင် ပြည်တွင်းရှိ လေဆိပ် ၂၇ ခုသို့ လေကြောင်း လိုင်းများ ပျံသန်းနေသည်။

၂၀၁၂ အာရှ ဂီတ ဆုလေးဆု ရသွားတဲ့ ဂန်းနမ်စတိုင်

ယခုနှစ် အတွင်း"ဂန်းနမ်စတိုင်" သီချင်းဖြင့် ကမ္ဘာ ကျော်ခဲ့သော တောင် ကိုရီးယား အဆိုတော် PSY သည် ယမန်နေ့က ဟောင်ကောင်တွင် ကျင်းပ ပြုလုပ်ခဲ့သော 212 Mnet အာရှ ဂီတ ဆုပေးပွဲ၌ တစ်နှစ်တာ အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး ဂီတ ဗီဒီယိုဆု အပါအဝင် ဆု လေးဆု ဆွတ်ခူး ခဲ့သည်။

PSY သည် ယခုနှစ် ဆုပေးပွဲတွင် အထက်ပါ ဆုနှစ်ဆု အပြင် လူကြိုက်အများဆုံး နိုင်ငံတကာ အနုပညာရှင်ဆု၊ အ ကောင်းဆုံးတစ်ကိုယ်တော် အက ဖျော်ဖြေ တင်ဆက်မှု ဆုတို့ကိုပါ ရရှိခဲ့ခြင်းဖြစ်သည်။

လူကြိုက် အများဆုံး နိုင်ငံတကာ အနုပညာရှင်ဆု ရရှိခဲ့သည်ကို ရည်ညွှန်း၍ ဆုလက်ခံမိန့်ခွန်း၌ PSY က "ခင်ဗျားတို့တွေ ကျွန်တော့် သီချင်းကို ဆိုနေတာ ကျွန်တော်မြင်ခဲ့ရပါတယ်။ ဒါဟာထူးဆန်းပါ တယ်"ဟုပရိသတ်ကို ပြောကြားခဲ့သည်။

အမည်ရင်း ပက်ဂျေးဆန် ဟုခေါ်သော PSY သည် ယခုနှစ်အတွင်းဂန်းနမ်စတိုင် သီချင်းဖြင့် ကမ္ဘာကျော်ခဲ့ပြီး အင်တာနက်ဗီဒီယိုဝက်ဘ်ဆိုက် YouTube တွင် လည်း ယင်းသီချင်းမှာ ကြည့်ရှုသူအများဆုံး ကမ္ဘာ့စံချိန် ရရှိခဲ့သည်။

၂၀၁၂ အာရှ ဂီတ ဆုလေးဆု ရသွားတဲ့ ဂန်းနမ်စတိုင်

—Ref: CNA

ဆီးဂိမ်းအတွက် မြန်မာ့ရိုးရာခြင်းလုံး လက်ရွေးစင် ရွေးမည်

(၂၇) ကြိမ်မြောက် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် မြန်မာ့ရိုးရာ ခြင်းလုံး ကစားနည်း အတွက် မြန် မာ့လက်ရွေးစင် ရွေးချယ်မည့်ပြိုင် ပွဲကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ လအ တွင်း ရန်ကုန်မြို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်း ရှစ်မျိုးထည့်သွင်း ကျင်းပရန် စီစဉ်လျက်ရှိကြောင်း၊ လက်ရှိရွေးချယ်လေ့ကျင့်ပေးနေ သော ကစားသမားများအပြင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူရွေးချယ်ပွဲ ပြုလုပ်ခြင်း ဖြစ် ကြောင်း မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲအောင်က ပြောသည်။

ဆီးဂိမ်းအတွက် မြန်မာ့ရိုးရာခြင်းလုံး လက်ရွေးစင် ရွေးမည်

"လက်ရွေးစင်ရွေးချယ်ခံရ ရင် တစ်နှစ်ပတ်လုံး နေပြည်တော် မှာ စခန်းသွင်းလေ့ကျင့်မှုခံယူနိုင် တဲ့သူဖြစ်ရပါမယ်။ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးစစ်ဆေးမှုခံယူ နိုင်တဲ့သူလည်း ဖြစ်ရပါမယ်။ ပြိုင် ပွဲဝင်အရေအတွက်လည်း ကန့် သတ်ထားခြင်းမရှိပါဘူး" ဟု ဦးရဲ အောင်က ပြောသည်။

ပဏာမ အားကစားသမား များအဖြစ် အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၃၀ ဦးရွေးချယ်ရန် စီစဉ်ထားကြောင်းနှင့် ပြိုင်ပွဲဝင် အားကစားသမားများ အနေဖြင့် ဝင်ကြေးအခမဲ့ဖြစ်ကြောင်း သတင်း ရရှိသည်။

ဝင်ရောက်ယှဉ်ပြိုင် ရွေး ချယ်မည့် မြန်မာ့ရိုးရာ ခြင်းလုံးအား ကစားသမားများသည် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံး ထား၍ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်သို့ ဆက်သွယ် စာရင်းပေးနိုင်ကြောင်း နှင့် ဖုန်း -ဝ၁-၃၉၃၄၂၀ သို့ စုံစမ်း နိုင်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် အားကစားအဖွဲ့များသည်လည်း ယခုလ ၁၄ ရက်တွင် အာဆီယံ နိုင်ငံ ခုနစ်နိုင်ငံသို့ သွားရောက်၍ မြန်မာ့ရိုးရာခြင်းလုံးအားကစား နည်းများကို သရုပ်ပြလှည့်လည် ပြသသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ယခုနှစ်ဆောင်း အအေးပေါ့မည်

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ တွင် ဒီဇင်ဘာလ အတွင်း ဆောင်း၏ အငွေ့ အသက်များ ခံစားရမည် မဟုတ်ဘဲ မိုးသည်းထန်စွာ ရွာ သွန်းမှုများနှင့် ကြုံကြိုက်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးဦးချစ်ကျော်က ပြောသည်။

ယခုနှစ်ဆောင်း အအေးပေါ့မည်

 

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ ဖြစ်သည့် ရန်ကုန်တိုင်းဒေ သကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး တို့တွင် ဒီဇင်ဘာလ၏ သုံးပုံ တစ်ပုံခန့်မှာ မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ဦးချစ်ကျော်ကပင်ပြောသည်။

"ဒီ မိုးက အဖျက်မိုးပဲ တောင်သူ လယ် သမားတွေ သိအောင် ကျွန်တော် တို့က အချိန်နဲ့အမျှ ထုတ်ပြန်ပေး နေတယ်။ ဒါပေမဲ့ သူတို့ဘက်က တုံ့ပြန် လိုက်နာမှု အားနည်းတဲ့ အတွက် အပျက်အစီး အလေအလွင့် တွေ ရှိသွားတယ်"ဟု ၄င်းကပင် ပြောသည်။

ယခုနှစ်ဆောင်းကာလ၏အ ချိန်အခါမဟုတ် ရွာသွန်းသော မိုး ကြောင့် မြန်မာပြည်အောက်ပိုင်း ရှိ စိုက်ပျိုးထားသည့် ပဲနှင့် အ ခြောက်လှမ်းထားသည့် ကောက် လှိုင်းအချို့ မိုးမိကာ ပျက်စီးလေ လွင့်မှုအချို့ရှိခဲ့ကြောင်း ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်မှ လယ်သ မားကြီးတစ်ဦးကပြောသည်။

"မိုး က အရမ်းရွာမယ်မှန်း မထင်ဘူး။ ပဲခင်းတွေ ရေဝင်ကုန်တယ်။ ပြန် စိုက်ဖို့တော့ မီနိုင်သေးတယ်"ဟု အဆိုပါ လယ်သမားကပြောသည်။ ထို့အတူ ဆောင်းရာသီ၏ ဒု တိယလဖြစ်သောဒီဇင်ဘာလတွင် တောင်ပေါ်ဒေသအချို့နှင့် စစ် ကိုင်းတိုင်းဒေသကြီး၌သာ အ အေးဒဏ်ကိုသိသာစွာ ခံစားနိုင်ရ မည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်း အချို့တွင်ဆောင်းရာသီ၏အအေး ဒဏ်ကိုခံစားရမည်မဟုတ်ကြောင်း မြို့ကြီးအချို့မှာမူ မိုးရွာသွန်းရက် ၉ ရက်မှ ၁၀ ရက်အထိ ရွာသွန်းနိုင် ကြောင်း နေပြည်တော် မိုးလေဝသ နှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန က ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံတွင် ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် လူကိုးဦးသေဆုံး

ဂျပန်နိုင်ငံတွင် ဥမင်လိုဏ်ခေါင်း ပြိုကျမှုကြောင့် လူကိုးဦးသေဆုံးဂျပန်နိုင်ငံတွင် ကားလမ်း ဖြတ်သန်း ဖောက်လုပ် ထားသော အဓိက ဥမင်လိုဏ်ခေါင်း တစ်ခု ဒီဇင် ဘာ ၂ ရက်က ပြိုကျခဲ့ရာ မော်တော်ယာဉ်များ ဥမင် လိုဏ်ခေါင်း အတွင်း ပိတ်မိပြီး မီးလောင်ကျွမ်းမှု တစ်ခုလည်း ဖြစ်ပွားခဲ့ကာ လူကိုးဦး သေဆုံးခဲ့ သည်။

"ချူအို အဝေးပြေးလမ်းမကြီး ပေါ်ရှိ ပြိုကျသွားသောဆာဆာဂို ကားလမ်းဥမင် မော်တော်ယာဉ် သုံးစီးအတွင်းမှ အလောင်းကိုး လောင်းကို တွေ့ရှိခဲ့ကြောင်း ကျိုဒို သတင်းဌာနက ကြေညာသည်။

တိုကျိုမြို့အနောက်ဘက်မိုင် ၅၀ အကွာရှိ သုံးမိုင်ရှည်လျား သော ဥမင်၏ ကွန်ကရစ်အမိုးပြား များပြုတ်ကျလာပြီး ကားများကို ပိပြားသွားစေကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ လူအများ အပြား မှာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရ သည်။

အရေးပေါ်ကယ်ဆယ်ရေး သမားများသည် ကားတစ်စီးအ တွင်းမှ အမျိုးသားသုံးဦးနှင့် အမျိုး သမီးနှစ်ဦး၏ မီးလောင်ကျွမ်း ထားသော အလောင်းများကို တွေ့ ရှိခဲ့ကြောင်း ဂျိဂျိသတင်းဌာနက ပြောသည်။

ဥမင်ပြိုကျပြီးပြီးချင်း အကူ အညီပေးရန် ကုမ္ပဏီကိုလှမ်း၍ အကြောင်းကြားခဲ့သည့် အသက် ငါးဆယ်အရွယ် ထရပ်ကား အမျိုး သားယာဉ်မောင်း တက်ဆူရာ နာကာဂါဝါ ၏ အလောင်းကို လည်း တွေ့ရကြောင်း မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲ အေဂျင် စီက ပြောကြားသည်။

အခြားသေဆုံးသူ သုံးဦးမှာ သက်ကြီးပိုင်းအမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦးတို့ဖြစ်ပြီး ကား တစ်စီးအတွင်း အတူစီးနင်း ပိတ်မိသူများ ဖြစ်သည်။ ယင်းဥမင်ပြိုကျမှုအတွက် တာဝန်ပေါ့လျောလစ်ဟင်းမှု ရှိ မရှိဆိုသည်ကို ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးနေသည်။

အဆိုပါအဝေးပြေးလမ်းမကို တာဝန်ယူလုပ်ကိုင်နေသောကုမ္ပဏီ ကမူ ပြီးခဲ့သည့် စက်တင်ဘာလက အဆိုပါ ဥမင်လိုဏ်ခေါင်းအား စစ် ဆေးခဲ့ရာတွင် ပုံမှန်မဟုတ်သည့် အခြေအနေများ မတွေ့ရှိခဲ့ရ ကြောင်း ပြောကြားသည်။

—Ref: ASP

ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက် ထိုးဖောက်မည်

ပြည်တွင်းရွှေများကို ပြည်တွင်း သာမက ပြည်ပနိုင်ငံ များနှင့် နိုင်ငံတကာ စံချိန် မီအောင် အရောင်းအဝယ် လုပ်ရန် ဆွေးနွေးနေကြောင်း ရွှေလုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးကျော်ဝင်း (ဦးထုံရွှေဆိုင်) က ဒီဇင်ဘာ ၂၉ရက်နေ့ တွင်ပြောသည်။ "ပြည်တွင်း မှာရောင်းတဲ့ စံချိန်ကို နိုင်ငံတကာစံချိန်နဲ့ မီအောင် ရောင်းဖို့အတွက် အရင်ဆုံး ရန်ကုန်မြို့နဲ့ မန္တလေး မြို့တွေမှာ ဖွံ့ဖြိုးအောင်လုပ်ရမယ်။ ၂၀၁၅ ရောက်ရင် ပြည်ပနဲ့အရောင်းအဝယ်လုပ် ဖို့ကြိုးစားရမယ်။ နိုင်ငံတကာ ဒီဇိုင်းဆိုတာ ပြည်တွင်းက လက်မှုပညာနဲ့ ပြည်ပက စက်ထည် လက်ထည်တွေကို ပေါင်းစပ်တာ ပါ" ဟု ၄င်းကပြောသည်။ မြန်မာ့ရွှေကို ဂျပန်၊တရုတ်၊ စင်ကာပူ၊ ဩစတြေးလျ၊ အိန္ဒိယနိုင်ငံများက အများဆုံး စိတ်ဝင်စားမှုရှိပြီး လက်ရှိအချိန်တွင် မြန်မာ့ရွှေ ဈေးကွက်အတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု များ ဝင်ရောက်လာရန် ဖိတ်ခေါ်ထားခြင်း မရှိသေး ကြောင်း ၄င်းနိုင်ငံများသို့ ပြည်တွင်းသုံးအလေးချိန်ဖြင့် ရောင်းချခြင်းမလုပ်ဘဲ၊ နိုင်ငံတကာသုံး အလေးချိန်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း နိုင်ငံတကာ အဆင့်မှီအောင် လုပ်ရင် နောင်တစ်ချိန်၌ နိုင်ငံတကာဒီဇိုင်းများ ခေတ် စားသွားမည်ဖြစ်ကြောင်း ၄င်းကထပ်မံ ပြောကြားသည်။ နိုင်ငံတကာဒီဇိုင်းမီရန် ပြည်တွင်းနှင့် ပြည်ပနည်းပညာ ပူး ပေါင်းခြင်းဖြင့် မြန်မာ့ရွှေအရည်အသွေး တိုးတက်လာနိုင်ဖွယ်ရှိကြောင်း မန္တလေး မြို့ အောင်သမာဓိရွှေဆိုင်မှ ဦးမော်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ပြောသည်။ "နိုင်ငံတကာ စံချိန်မီဖို့အတွက်ဆိုရင် နည်းပညာပေါ် မူတည်တာပေါ့။ နိုင်ငံတကာ အရည်အသွေးက ၉၉ .၉၉ ရှိပြီး မြန်မာ့ရွှေက ၉၉ .၉၀ တာဆိုတော့ ၉ လေးလုံးကို မီအောင်လိုက်နိုင်ရင် နိုင်ငံ တကာနှင့်အညီ မြန်မာ့ရွှေ အရည်အသွေးတွေ တိုးတက်လာနိုင်တယ်"ဟု ၄င်းက ပြောသည်။ ယခုလက်ရှိ မြန်မာ့ရွှေဈေးသည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၉၀ဝ၀ရှိပြီး ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စလျှင် ကျပ် ၁၇၂၀ ဒေါ်လာဖြစ် ၍ ဒေါ်လာဈေးနှင့်ယူရိုငွေ ဈေးအတက် အကျပေါ်မူတည်၍ ရွှေဈေးအပြောင်းအလဲ ရှိနိုင်ကြောင်း အောင်သမာဓိရွှေ ဆိုင်မှ သိရသည်။ပြည်တွင်းရွှေ နိုင်ငံတကာ ဈေးကွက်ထိုးဖောက်မည်

အကြမ်းခံတဲ့ မော်ဒယ်လ်အမြင့် Honda Fit

ဂျပန်နိုင်ငံထုတ် ကားမျိုးစုံရှိတဲ့ အထဲက 2010 Model Honda Fit ကားများကတော့ ဈေးကွက်ထဲမှာ ဝယ်ယူမှု အထိုက်အလျောက် ရှိနေတယ်လို့ သိရပါတယ်။ အင်ဂျင်ပါဝါကတော့ 1300CC ရှိပါတယ်။ ဒီကားကို အဓိက အသုံးပြု လာကြတာက ဆီစားသက်သာပြီး အကြမ်းခံနိုင်တဲ့အတွက် ဝယ်ယူမှုများ ပြားလာပြီး ပြည်တွင်း ကုမ္ပဏီများက မှာယူတင်သွင်းနေကြ ပါတယ်။ အပြာ ရောင် Model မြင့်ဖြစ်ပြီး စလစ်မလို အပ်ပါဘူး လို့ ဆိုပါတယ်။ ကားအပိုပစ္စည်း ဝယ်ယူတဲ့ အခါ အဆင်ပြေမှုရှိပါတယ်။ ဒီကားအမျိုးအစားနဲ့ ပတ်သက်ပြီး နောက်ထပ် ဈေးကွက်တွေမှာ ဂျပန် အခြေစိုက် စက်ရုံများ တည်ထောင်သွားမှာဖြစ်လို့ မကြာခင် အများဆုံးနေရာယူ လာတော့မှာလို့ ဝင်းလှိုင် လှိုင်ဦး မော်တော်ယာဉ် အရောင်းပြခန်းက အရောင်း စာရေးတစ်ဦးက ဆိုပါတယ်။ ကားရဲ့ဈေးနှုန်းကတော့ ကျပ် ၁၃၅ သိန်း ရှိပါတယ်။ ဝယ်ယူလိုတဲ့ ဆန္ဒရှိရင် အမှတ် (၄၉)၊ အုတ်ပုံဆိပ်လမ်း မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ ဖုန်း ဝ၉-၉-၅၀ဝ၄၃၄၁၊ ၉၅-၉-၈၅၁၅၈၈၉၊ ဝ၉-၇၃၄၉၄၀၄၀ တို့မှာ စုံစမ်းဝယ်ယူနိုင် ပါတယ်။Honda Fit

Yahoo မှာ လျော်ကြေးဒေါ်လာ ၂.၇ ဘီလီယံပေးရန် ရှိနေ

Yahoo ကုမ္ပဏီသည် Worldwide Directories S.A. de C.V & Ideas Interactives, S.A. de C.V အဖွဲ့၏ တရား စွဲဆိုမှုအရ yellow pages listings service နှင့် ပတ်သက်သော စာချုပ်ပါအချက်များ ချိုးဖောက်မှု ဖြင့် ဒေါ်လာ၂.၇ ဘီလီယံ ပေး အပ်ရန် မက္ကဆီကို တရားရုံးတစ်ခု က အမိန့်ချမှတ်ထားသည်။

Yahoo မှာ လျော်ကြေးဒေါ်လာ ၂.၇ ဘီလီယံပေးရန် ရှိနေ

လျှပ်စစ် သင်္ကေတတွေ အကြောင်း တင်ပြထားတဲ့ Website

လျှပ်စစ် အသုံးအဆောင် ပစ္စည်း ကိရိယာတွေ ပေါ်က နားလည်ရ ခက်တဲ့ သင်္ကေတ အကြောင်းကို ကောင်းကောင်း လမ်းညွှန် ပေးနိုင်မယ့် Website တစ်ခုနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။

Electrical What မှာ နေ့စဉ်နဲ့အမျှ အသုံးပြုနေတဲ့ လျှပ်စစ်အသုံးအဆောင် ပစ္စည်းကိရိယာတွေပေါ်မှာ တွေ့မြင်ရလေ့ရှိတဲ့ လျှပ်စစ်သင်္ကေတတွေအကြောင်းကို စုံစုံ စေ့စေ့ရှင်းလင်း တင်ပြထားပါတယ်။

လျှပ်စစ်သင်္ကေတတွေရဲ့အကြောင်းကို အသုံးပြုတဲ့ ပစ္စည်းကိရိယာအပေါ်မူတည်ပြီး ရှာဖွေနိုင်သလို ပုံပန်းသဏ္ဌာန်၊ ပါဝင်တဲ့အက္ခရာ စတာ တွေအပေါ်မူတည်ပြီး ကဏ္ဍခွဲတွေနဲ့ စုစည်းပေးထားသေးတာဖြစ်လို့ သိလိုသမျှ လွယ်လွယ် ကူကူ ရှာဖွေတွေ့ရှိနိုင်မှာဖြစ်ပါတယ်။

လျှပ်စစ် သင်္ကေတတွေ အကြောင်း တင်ပြထားတဲ့ Website

ဝက်ဘ်ဆိုက်ကို ပိုမိုပြည့်စုံ စေတာက လျှပ်စစ် သင်္ကေတတစ်ခုနဲ့ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာ ဖော်ပြချက်ကိုသာမက ဝင်ရောက် ဖတ်ရှုသူတွေ၊ ထပ်ဖြည့်ပေးထားတဲ့ မှတ်စုတိုတွေကိုပါ ဖတ်ရှုနိုင်ဦးမှာပါ။