၂၀၁၂ ခုနှစ်ဟာ မြန်မာနိုင်ငံ အတွက် ထူးခြားတဲ့ နှစ်လို့ ဆိုရမှာပါ။ အဲဒီ ထူးခြားမှုတွေ ထဲက အာဆီယံနဲ့ အန္ဒိယ ချစ်ကြည်ရေး ကား မောင်း ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ပြည်သူချစ် အနုပညာရှင်တွေ ပါဝင် လာတာလည်း ထူးခြားမှု တစ်ခုပါ။
ကား မောင်းပြိုင်ပွဲကို အာဆီယံနဲ့ အိန္ဒိယ နိုင်ငံတွေ ထဲမှာ ရှိတဲ့ လမ်းတွေကို ၂ ၂ ရက်ကြာ ဖြတ်သန်း မောင်းနှင်ရမှာ ပါ။ မြန်မာနိုင်ငံ ကိုယ်စားပြု ဒါရိုက်တာ ကိုပေါက်၊ ဝေဠုကျော်၊ မေသဉ္ဇာဦး၊ ဆုပန်ထွာနဲ့ SKYNET ရုပ်သံလိုင်းမှ လေးဦး စုစုပေါင်း ရှစ်ဦးပါဝင်ကြမှာဖြစ်ပါတယ်။

