Saturday, December 1, 2012

ကျူးကျော်များကိုမြေပေးမည်ဟု လျှောက်လွှာရောင်းသူကိုNLD ပါတီဝင်များ ဖမ်းဆီး


ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သည့် ကျူးကျော် နေထိုင်သူ များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မြေနေရာလျှောက်ပေးမည်ဟု ဆိုကာ လျှောက်လွှာများ ရောင်းချနေသည့် ပါတီဝင် တစ်ဦးဆိုသူကို ယင်းပါတီဝင် များက နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် ဖမ်းဆီးပြီး မြို့နယ် ရဲတပ်ဖွဲ့စခန်းထံ အပ်နှံထားကြောင်း ရွှေပြည်သာမြို့နယ် အမျိုးသား

ဒီမိုကရေစီ အဖွဲ့ချုပ် ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌဒေါက်တာစိန်ဝင်း က The VoiceWeekly သို့ပြောကြားသည်။

ဖမ်းမိသူအမျိုးသားမှာ ရွှေပြည်သာမြို့နယ် (၁၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၀ ကျော် ဦးချစ်သူရ ကိုကိုဖြစ်ပြီး (၁၈) ရပ်ကွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်တစ်ဦး လည်းဖြစ်ကြောင်း ယင်းပါတီထံမှ စုံစမ်းသိရှိရသည်။

အဆိုပါရပ်ကွက်တွင် ဦးချစ်သူရကိုကိုက ပါတီ၏မြို့နယ်ဥက္ကဋ္ဌဟုဆို ကာ မြေနေရာလျှောက်လွှာများကို တစ် စောင်လျှင် ကျပ်သုံးထောင်ဖြင့် လွန်ခဲ့သည့် နှစ်ပတ်မှစတင်ကာ လှည့်လည် ရောင်းချနေရာ နိုဝင်ဘာလ ၂၈ ရက်နေ့ ပါတီဝင်များ၏ (၁၃) ရပ်ကွက်ညီလာခံ ကျင်းပအပြီး အပြန်တွင်တွေ့ရှိ၍ ဖမ်းမိခဲ့ကြောင်း ဒေါက်တာစိန်ဝင်းက ရှင်းပြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်ရဲစခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့က ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဖြေပိုင်ခွင့် မရှိကြောင်း ပြောကြားသည်။

လျှောက်လွှာလိုက်လံရောင်းချ သူကို ငွေကျပ်တစ်သောင်း အပါအဝင် လျှောက်လွှာ ၇၄ စောင်နှင့်အတူ ဖမ်းမိ ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ (၁၂) ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုးဝင်းက ပြောကြားသည်။

အဆိုပါမြေနေရာလျှောက်လွှာ ရောင်းချသူမှာNLD ပါတီဝင်ကတ်ပြား ကို လွန်ခဲ့သော ၁၅ ရက်ခန့်က ရရှိထားသူဖြစ်ပြီး ပါတီနာမည် ကိုအသုံးပြု လိမ်ညာသောကြောင့် အမှုဖွင့်ပြီး ပါတီဝင် အဖြစ်မှ ထုတ်ပယ် သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။
 
The Voice Weekly

လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွင်းမှု ရန်ကုန်တွင်ကန့်ကွက်ရှုံ့ချ





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ်၊ ၉၂/ ၂၀၁၂

   

                       

                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

                           

နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)

လက်ပံတောင်းတောင်ကိစ္စအင်အားသုံးဖြိုခွင်းမှု ရဲတပ်ဖွဲ့ဝန်ချတောင်းပန်

ပခုက္ကူမြို့ရှိ သံဃာတော် များသည် ဆားလင်းကြီး မြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း နှင့် ပတ်သတ်၍ ယနေ့ (၁-၁၂-၂၀၁၂) ရက်စွဲဖြင့် အချက် (၄) ချက် ပါသော ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။



မီးလောင်ဒဏ်ရာများသာဖြစ်ကြောင်း ဆေးရုံအုပ်ကြီးပြော

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။
“ဒဏ်ရာတွေ ဆေးတဲ့အခါ အနံ့အသက်ထွက်တာတို့၊ အက်ဆစ်လောင်တာမျိုးတော့ မတွေ့ပါဘူး။ မီးလောင် ဒဏ်ရာတော့ မီးလောင်ဒဏ်ရာပဲ။ ဘာကြောင့် လောင်လဲ ဆိုတာတော့ ဆရာတို့ မပြောနိုင်ဘူး” ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် သပိတ်စခန်းများအား လုံခြုံရေးရဲများက အကြမ်း ဖက် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူများမှာ

ကျောက်ဖြူ ရခိုင်အိမ်ထောင်စု (၆၅) စု အိမ်ပြန် ဆောက်ခွင့်မရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အောက်တိုဘာလအတွင်းက  ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ အိမ်များ မီးရှို့ခံလိုက်ရသဖြင့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသော ရခိုင်မိသားစု (၆၅) စု၏ နေအိမ်များ ပြန်လည် ဆောက်လုပ်ခွင့်ကို သက်ဆိုင်ရာမှ တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

အကြမ်းဖက်ဖြိုခွဲမှုရပ်တန့်ရန် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် သံဃာတော်များဆန္ဒပြ

လက်ပံတောင်းတောင်အရေး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သံဃာတော်အပါး ၅၀ ကျော်ခန့် ယနေ့မွဲလွဲပိုင်းက ဆန္ဒပြပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြန်မာသံရုံးရှေ့ သံဃာတော်များဆန္ဒပြပွဲမြင်ကွင်း

“ဦးဇင်းတို့ ဘုရားသားတော်တွေဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းပဲပြဖြစ်ခဲ့တယ် ၊ ပထမဆုံးအနေနဲ့ မေတ္တာသုတ်ရွက်ဆိုတယ်၊ နောက်ဦးဇင်းတို့ စတိတ်မန်းမှာ မြန်မာလိုရော အင်္ဂလိပ်လိုရော ဦးဇင်းတို့ရွတ်ပြီးတော့တောင်းဆိုတယ်” ဟု ဦးဇင်းအရှင်တေဇက မိန့်ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံ ရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲ အချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

Friday, November 30, 2012

လက်ပံတောင်းတောင်ကိစ္စ တရုတ်သံရုံးက ကြေညာချက်ထုတ်




မုံရွာ-လက်ပံတောင်း ကြေးနီစီမံကိန်းအား အဆင်ပြေစွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့၌ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့သည်။

သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်

  နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသည့် ရဟန်းသဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်

ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်


ဘုရင့်နောင်တွင် တည်ဆောက် မည့် နှစ်ထပ် ခုံးကျော် တံတား (နှစ်မြွှာ တံတား) ကို ၂၀၁၃ ကုန်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း တာဝန် ယူတည်ဆောက်မည့် FMI ကုမ္ပဏီ အလုပ်အမှုဆောင် ဒါရိုက်တာဦးလင်းမြတ်က ပြောကြားသည်။
 ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်

ဂရင်းမီးရထားနှင့် FMIစင်တာကို ဖြိုဖျက် ကာ ဟိုတယ်၊ကွန်ဒို အပါအ၀င် စီမံကိန်း သစ်များ ဆောင်ရွက်မည်


ရန်ကုန်မြို့လယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရား လမ်းထောင့်ရှိ ဂရင်း မီးရထား Residences နှင့် FMI စင်တာ နေရာ များတွင် အဆောက်အအုံသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း FMI ဥက္ကဋ္ဌကပြောကြားသည်။ဂရင်းမီးရထားနှင့် FMI စင်တာကို ဖြိုဖျက်ကာ ယင်းမြေတွင် ဟိုတယ်၊ ကွန်ဒို အပါအ၀င် စီမံကိန်းသစ်များ ဆောင်ရွက်မည်

Cobra Gold စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ့ တပ်မတော်မှ လေ့လာသူ သုံးဦး စေလွှတ် ခွင့်ရ


အမေရိကန် အပါအ၀င် နိုင်ငံပေါင်းစုံမှ တပ်သား အင်အား တစ်သောင်းကျော် ပါဝင်သော Cobra Gold စုပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် တွင် မြန်မာနိုင်ငံမှ လာမည့်နှစ်မှစ၍ သုံးကြိမ်ဆက် လေ့လာသူသုံးဦးစေလွှတ်ရန် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိတွင် အမေရိကန် တပ်မတော်နှင့် မြန်မာ့ တပ်မတော်မှ တာဝန်ရှိ သူများ သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း ၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်


ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ခဲ့၍ အင်္ဂလန်နှင့် ဝေလပြည် နယ်တို့တွင် လူနေအိမ်ပေါင်း ၈၀ဝ ကျော် ရေ နစ်မြုပ်နေပြီး ဆက် လက်၍လည်း မိုးရွာသွန်းဦးမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အရာရှိများက သတိ ပေးထားသည်။
 ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်