မဲဆောက်မြို့ က ဇူလိုင် ၇ အခမ်းအနား ထိုင်းအာဏာပိုင်တွေ ခွင့်မပြု
2012-07-07
ဇူလိုင် (၇) ရက်နေ့ အထိမ်းအမှတ် အခမ်းအနား တရပ်ကို
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOPခမ်းမမှာ ကျင်းပဖို့ ၁၉၆၂ခုနှစ်က
၂၀၀၇ ခုနှစ်ထိ ကျောင်းသား နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေ
စုပေါင်း စီစဉ်ခဲ့ပေမယ့် ဒီကနေ့ နေ့လည်မှာ ဒေသတွင်း ထိုင်းအာဏာပိုင်တွေရဲ့
တားမြစ်မှုကြောင့် ဖျက်သိမ်းလိုက်ရ ပါတယ်။
ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ရာမှာ ပါဝင်တဲ့ ၁၉၇၄
ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦးက
ရန်ကုန်တက္ကသိုလ် ရာပြည့်အကြိုပွဲအတွက် ပြင်ဆင်ထား စင်မြင့်ထက်ကနေ ဒီကနေ့
ကျင်းပမယ့်ပွဲ ဖျက်သိမ်းကြောင်း အခုလို ပြောကြားခဲ့ပါတယ်။