ထိုင်းနိုင်ငံတွင်
လက်တလောပြုလုပ်ပေးနေသည့် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)
ပြုလုပ်မည်ဟုဆိုကာ မြန်မာတိုင်းရင်းသားအချင်းချင်း
ငွေလိမ်လည်ယူဆောင်တိမ်းရှောင်မှုများရှိနေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်
ယာယီပတ်စ်ပို့များအား တစ်ပတ်အတွင်း လက်မှတ်ရမည်ဟုဆိုသဖြင့် ထိုင်းဘတ်ငွေ
တစ်သောင်းခွဲတိတိပေးချေခဲ့သော်လည်း ယခုတိုင်လက်မှတ်မရရှိသေးသည့်အပြင်
ငွေယူသွားသည့် ကယ်ရီသမားမှာလည်း ရှောင်တိမ်းနေကြောင်း မဲဆောက်မြို့တွင်
အလုပ်လုပ်ကိုင်နေသူ ကရင်အမျိုးသမီး နော်အိစိန်က ဆိုသည်။
