Wednesday, June 6, 2012
မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ
မိုးထိမိုးမိ ရွှေတောမှာ ရွှေလုပ်သားများ ဆန္ဒပြနေစဉ် (ရုပ်/သံ)
အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်
ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့ အစိုးရ
သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ
ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့
စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန်
ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ
Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ
လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။
ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး
![]() |
| သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး |
မြတ်ညို (အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။
သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့ ရွာများ
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျောက်တိုင်စိုက် စားကျက်မြေ ဒီရေကာတောတွေကို အရင် ရ.ဝ.တ ဥက္ကဌ
ဦးမြစိုးက တဧကကို ၄၅၀၀ ကျပ်နဲ့ ဧက ၂၀၀၀ ကျော်လောက်ရှိတဲ့ မြေပမာဏကို ဆိုင်းဘုတ်ထောင် ကြော်ငြာပြီး ရောင်းစား ခဲ့ပါတယ်။ အခု လက်ဝယ် ပိုင်ဆိုင်သူတွေက
အဲဒီ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ အနေနဲ့ ထွန်ယက်စိုက်ပျိုး နေကြတယ်လို့ သိရပါတယ်။ စားကျက်မြေ ဒီရေတောတွေ ပြုန်းတီးသွားတာကြောင့်
အနီးဝန်းကျင်မှာရှိတဲ့ သပြုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မရမ်းကျေးရွာ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့
နေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဒီရေတောတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်တဲ့ အနေနဲ့ ကာကွယ်ပေးဖို့
ညောင်လိမ်ကုန်း ကျေးရွာက ရွာသ ရွာသားတွေက တောင်းဆို နေကြပါတယ်။

Subscribe to:
Posts (Atom)