Wednesday, June 6, 2012

ဘတ်ဈေးတက်၍ ကြက်မောက်သီးဈေးကွက်တွင် အရှုံးကြီးမားနေ

ယိုးဒယားဘတ်ဈေး မြင့်တက်လာခြင်းကြောင့် ယိုးဒယားဘက်မှဝင်သော ကြက်မောက်သီးဝယ်ဈေး   မြင့်တက်နေသော် လည်း ပြန်လည်ရောင်းချရာတွင် အရှုံးခံ၍ ရောင်းချနေရကြောင်း သီရိမင်္ဂလာဈေး သစ်သီးဒိုင်များက  သိရှိရသည်။

အွန်လိုင်းစနစ်ဖြင့် ဖုန်းဘီလ်ဆောင်နိုင်သော ဘဏ်အရေအတွက်တိုးလာ

 











ဘီလ်စနစ်သုံးမိုဘိုင်းဖုန်းများအနေဖြင့် သြဂုတ်လတွင်ထွက်ရှိလာမည့်ဖုန်းဘီလ်များမှစတင်ကာ ဘဏ်(၅)ခုတွင် အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

မိုးထိမိုးမိ ရွှေတောကို အပိုင်စီးထားသော အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ


မိုးထိမိုးမိ ရွှေတောမှာ ရွှေလုပ်သားများ ဆန္ဒပြနေစဉ် (ရုပ်/သံ)

စကားများရန်ဖြစ်စဉ် ဓားနှင့်ထိုး၍ သေဆုံး

06 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ထန်းတပင် မြို့နယ်နေ အသက် ၂၄နှစ်အရွယ် အမျိုးသမီးမှ မေလ ၂၅ရက်နေ့ နံနက် ၁၁း၄၅ အချိန် ခန့်တွင် ၄င်းနေအိမ်၌ ရှိစဉ် အစ်ကို ဝမ်းကွဲတော်သူ မျိုးမင်းထွန်း (၂၅) နှစ်နှင့် ကိုမင်းညွန့်ရန် (၂၈)နှစ်တို့ နှစ်ဦး ဓားထိုးခံရပြီး လဲကျနေကြောင်း သိရ၍ သွားရောက်ကြည့်ရှုခဲ့သည်။

အမျိုးသမီးတစ်ဦးအား မတရားပြုကျင့်မှု

05 JUN 2012  | BY အကျိုးဆောင်ဂျာနယ်
ဒလ မြို့နယ်နေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် မေလ ၂၄ရက် နေ့ ည၈နာရီ အချိန် ခန့်တွင် ရန်ကုန် ဘက်ကမ်းမှ အဝတ် လျော်ပြီး နေအိမ်သို့ ပြန်လာစဉ် စက်မြေ ရပ်ကွက်တွင် လွန်ခဲ့သော ၃နှစ် ခန့်က 

ဇွန်(၆)ရက်နေ့တွင် ကမ္ဘာနှင့်နေကြား သောကြာဂြိုဟ်ဖြတ်မည်

သေကြာဂြိုဟ်သည် မြေကမ္ဘာနှင့် နေတို့အကြားဝယ် ဇွန်လ(၆)ရက်နံနက် ၁၁နာရီ ၂၉ မိနစ်မှ စတင်၍ဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။


လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးခြင်းကို ပုဂ္ဂလိကပေးပြီ

မြန်မာနိုင်ငံကို လျှပ်စစ်မီး အပြည့်အဝပေးနိုင်ရန် အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသည် ပုဂ္ဂလိက လျှပ်စစ်မီးထုတ်လုပ် ဖြန့်ဖြူးမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အစ္စလမ်ဘာသာကိုးကွယ်သူများဟု ပြင်ဆင်

ရခိုင်ပြည်နယ်တွင်းမှာဖြစ်ခဲ့တဲ့ သတင်းနဲ့ ပတ်သက်လို့  အစိုးရ သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့  အရေး အသားအချို့နှင့် ပတ်သတ်လို့ မကျေနပ်သံတွေ ထွက်ပေါ်လာတာကြောင့် အစိုးရဘက် က ပြန်လည် ပြင်ဆင် ပေးသွားဖို့  စီစဉ်နေတယ်လို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရဲ့ တာဝန် ရှိသူ တဦးက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုအသုံးအနှုန်းနဲ့ ပြင်ဆင်မလဲ 

သမ္မတ ရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည် နဲ့ မသက်ဆိုင်

သမ္မတ ဦးသိန်းစိန် ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ် နဲ့ မပတ်သက်ဘဲ
ပြည်တွင်းရေးကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက
ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး က ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗကသအမှုဆောင်များကို ခေါ်ယူ


ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးဖို့ ဗကသများ အဖွဲ့ချုပ် အမှုဆောင်တွေကို မနက်ဖြန်နေ့လည် ၁ နာရီမှာ ဖိတ်ခေါ်ထားတယ်လို့ သတင်းရရှိပါတယ်။

Grand Royal စက်ရုံ အလုပ်သမားခေါင်းဆောင် ၁၇ ဦး အလုပ်ထုတ်ခံရ


လုပ်ခလစာတိုးပေးရေးနဲ့ တင်းကြပ်တဲ့ စည်းကမ်းတွေ လျှော့ပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ Grand Royal စက်ရုံ အလုပ်သမားတွေရဲ့ ခေါင်းဆောင် ၁၇ ဦးကို အလုပ်က ထုတ်ပစ်လိုက်တယ်လို့ သိရပါတယ်။
အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၂ ဦးကို ပြီးခဲ့တဲ့ လဆန်းရက်မှာ အလုပ်ထုတ်လိုက်တဲ့စာကို ရွှေပြည်သာ စက်မှုဇုန် ကြီးကြပ်ရေးကော်မတီက ပေးအပ်လိုက်တာလို့ သိရပါတယ်။

ကမ္ဘောဒီးယီးယားအလုပ်သမားများရိုတ်သတ်သဖြင့် မြန်မာအလုပ်သမား တစ်ဦး သေဆုံး

သေဆုံးသွားသူ မြန်မာအလုပ်သမား ကိုမိုးမိုး
ဇွန်လ ၅ -၂၀၁၂
မြတ်ညို  (အလွတ်သတင်းထောက်)

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခါမြို့ တွင်ရှိသော SIAM INTERNATIONAL
FOOD CO, Ltd  ငါသေတ္တာ အလုပ်ရုံ တွင် ယမန်နေ့က နေ့လည်ပိုင်းက ကမ္ဘောဒီးယား
အလုပ်သမားများ ၀ိုင်းရိုက်သတ် သဖြင့် မြန်မာအလုပ်သမား တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။

တိုက်ပွဲရပ်တန့်ပေးရန်ကချင်အဖွဲ့များ ဘန်ကောက်တွင် ဆန္ဒပြတောင်းဆို

ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ချက်ချင်းရပ်တန့် ပေးရန် ကချင်တိုင်းရင်းသားအဖွဲ့အစည်းများက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့ ဆန္ဒပြတောင်းဆိုလိုက်သည်။

သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံနေရတဲ့ ရွာများ

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါတ်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကျောက်တိုင်စိုက် စားကျက်မြေ ဒီရေကာတောတွေကို အရင် ရ.ဝ.တ ဥက္ကဌ
ဦးမြစိုးက တဧကကို ၄၅၀၀ ကျပ်နဲ့ ဧက ၂၀၀၀ ကျော်လောက်ရှိတဲ့ မြေပမာဏကို ဆိုင်းဘုတ်ထောင် ကြော်ငြာပြီး ရောင်းစား ခဲ့ပါတယ်။ အခု လက်ဝယ် ပိုင်ဆိုင်သူတွေက
အဲဒီ ဒီရေတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်ယာမြေ အနေနဲ့ ထွန်ယက်စိုက်ပျိုး နေကြတယ်လို့ သိရပါတယ်။ စားကျက်မြေ ဒီရေတောတွေ ပြုန်းတီးသွားတာကြောင့်
အနီးဝန်းကျင်မှာရှိတဲ့ သပြုကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ မကျည်းကုန်းကျေးရွာ၊ မရမ်းကျေးရွာ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာဟာ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့
နေကြရပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဒီရေတောတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်တဲ့ အနေနဲ့ ကာကွယ်ပေးဖို့
ညောင်လိမ်ကုန်း ကျေးရွာက ရွာသ ရွာသားတွေက တောင်းဆို နေကြပါတယ်။

ရန်ကုန်မြို့လယ် ဆန္ဒပြပွဲ