Tuesday, May 29, 2012

လိမ်နည်းအမျိုးမျိုးနဲ့ လိမ်ခဲ့ကောက်ခဲ့တဲ့ ဇေကမ္ဘာကုမ္ပဏီ ခရိုနီ

ရွှေနံ့သာ ကျေးရွာမှာ အငြင်းပွားနေတဲ့ လယ်မြေများအားဇေကမ္ဘာ ခင်ရွှေကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဆုံးဖြတ်ချက်နဲ့ သီးစားလုပ်ကိုင်ခွင့် ပြုလိုက်
 

အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည်

၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အာဆီယံအပါအဝင် ဥရောပ ၂၆ နိုင်ငံကို Arrival Visa(ဆိုက်ရောက်ဗီဇာ) ပေးတော့မည် ဖြစ်ကြောင်း ကို ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကပြောကြားလိုက်သည်။

ပုသိမ်မြို့လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူ၆ဦးအား ခရိုင်အုပ်ချုပ်ရေးမှ ဆင့်ခေါ်

ပုသိမ်မြို့၌ ၃ရက်ကြာ လျှပ်စစ်မီးအပြည့်အ၀ရရှိရေး ဆန္ဒထုတ်ဖော်သူများထဲမှ၆ဦးအား ယနေ့မေ ၂၈ရက်နေ့ 

အစာအငတ်ခံဆန္ဒပြ လုပ်သားများ ကျန်းမာရေးအခြေအနေချို့တဲ့

ဓါတ်ပုံ(Facebook)
မေလ ၂၈ ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ (YPI)

မှော်ဘီမြို့နယ် မြောင်းတကာရှိ ရန်ကုန်ကရောင်း သံရည်ကြိုစက်ရုံကို အစာငတ်ခံဆန္ဒပြနေသော အလုပ်သမားအချို့ ကျန်းမာရေးအခြေအနေ ချို့တဲ့လာကြောင်းအလုပ်သမား အရေး ဆောင်ရွက်နေသူများနှင့် အစာငတ်ခံဆန္ဒပြသည့် အလုပ်သမားများက ပြောသည်။

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် IDP ၃၆ ဦးအား မှတ်ပုံတင် စတင် ထုတ်ပေး

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်တို့မှ စစ်ဘေးဒဏ်ကြောင့် ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည် IDP ၃၆ 

လွှတ်တော်တွင်း တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတိုက်အခံ ပါတီကြီးတစ်ခု ဖြစ်တဲ့အလျောက် လွှတ်တော်တွင်းက တိုင်းရင်းသားပါတီတွေ၊ အခြားအတိုက်အခံ ပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

RFA
၂၀၁၂ ခုနှစ် မေလ ၂၈ ရက်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဂျာမန်လွှတ်တော် ဥက္ကဋ္ဌအဖွဲ့ တွေ့ဆုံစဉ် ။

 တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ်ကျွမ်းကျင် ပညာရှင် ထိုင်ဝမ်နိုင်ငံသားက စက်ရုံမှ အမျိုးသမီး အလုပ်သမားသုံးဦးအား ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သည့်အတွက် အမှုဖွင့်ထား



73414
တိုးမြတ်အောင် ဇာထိုးပန်းထိုး စက်ရုံကိုတွေ့ရစဉ်
လှိုင်သာယာမြို့နယ် စက်မှုဇုန်(၄) ရှိ တိုးမြတ်အောင် ဇာထိုးပန်းထိုးစက်ရုံမှ အထည်ချုပ် ကျွမ်းကျင်ပညာရှင် ထိုင်ဝမ်နိုင်ငံသားတစ်ဦးက ကြိုပို့ယာဉ်ဖြင့် ရောက်ရှိလာသည့် အဆိုပါစက်ရုံမှ ၀န်ထမ်းများအား ကားပေါ်မှ မဆင်းရန်တားမြစ်ရာမှ တစ်ယောက်တစ်ခွန်း စကားများပြီး အမျိုးသမီးအလုပ်သမား သုံးဦးကို နာကျင်ဒဏ်ရာများ ရရှိအောင် ပြုလုပ်ခဲ့၍ အမျိုးသမီး အလုပ်သမားများက တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။

လှိုင်သာယာစက်မှုဇုန်၌ လုပ်ခလစာနှင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော် စက်ရုံအချို့မှာ ညှိနှိုင်းသဘောတူညီမှုများ ရရှိ

ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သဖြင့် ပျော်ရွှင်နေသော စက်ရုံဝန်ထမ်းများကို တွေ့ရစဉ်
လှိုင်သာယာစက်မှုဇုန်အတွင်းရှိ လုပ်ခလစာနှင့် ပတ်သတ်၍ ဆန္ဒထုတ်ဖော်ခဲ့သော စက်ရုံအချို့တွင် ညှိနှိုင်းသဘောတူညီမှုများ ရရှိခဲ့သောကြောင့် အချို့ဆန္ဒထုတ်ဖော်စက်ရုံ ၀န်ထမ်းများမှာ လုပ်ငန်းခွင်သို့ ပြန်လည် ၀င်ရောက်ခြင်းများ ပြုလုပ်နေပြီးဖြစ်ကြောင်း သိရှိရသည်။

သောက်သုံးရေတွင် ပိုးသတ်ဆေးပါဝင်မှု ရှိမရှိ ဆန်းစစ်ရန်စီစဉ်

73411
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန် တစ်နေရာကို တွေ့ရစဉ်
မြန်မာနိုင်ငံ၏ သောက်သုံးရေ အရည်အသွေး၌ ပိုးသတ်ဆေး ပါဝင်မှုရှိမရှိ နှင့် သတ်မှတ်စံနှုန်းများထက် ကျော်လွန်မှုရှိမရှိ ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှ ဆန်းစစ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယောင်းတိုင်မီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ်ငါးလုံး မီးလောင်ဆုံးရှုံးခဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုမြင်ကွင်းကို တွေ့ရစဉ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တွင် မေလ ၂၇ ရက်နေ့က ဖယေင်းတိုင်မီးမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅လုံးမီး လောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အရှေ့တောင် အာရှနိုင်ငံများတွင် ပြသလျက်ရှိသည့် Tour Exhibition ပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ လက်ရာများပါဝင်ပြသ

အရှေ့တောင်အာရှနိုင်ငံများတွင် Tour Exhibition  အဖြစ်လှည့် လည်ပြသလျက်ရှိသည့် River Scape In Flux အနုပညာပြပွဲတွင် မြန်မာအနုပညာရှင် အောင်ကို၏ အနုပညာဖန်တီးမှု လက်ရာများ ပါဝင်ပြသထားကြောင်း သိရသည်။

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို


73413
၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

 မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ၁၀ သန်းကျော် ဂျပန်အစိုးရ ပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ်လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။ နောက်ဆုံးရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ်ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအစ ပြည်တွင်းက

လာမယ့် ဇွန်လ ၂၀-၂၁ ရက် ရန်ကုန်မှာ ကျင်းပမယ့် “မြန်မာ့ရင်းနှီးမြှုပ်နှံမှုသစ် ထိပ်သီးဆွေးနွေးပွဲ ၂၀၁၂ (New Myanmar Investment Summit 2012)” မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံကို နိုင်ငံခြားကုမ္ပဏီတွေ လာရောက်စုံစမ်းမှုများ ရှိပေမယ့် လက်တွေ့မှာ ထင်သလောက် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ကြဘူး၊ “ကျနော်တို့ လွဲနေတာတွေ တော့ရှိနေပြီ။ ဟန်ရေးပြနေလို့ မရတော့ဘူး၊ အနှစ်သာရရှိရှိလုပ်မှ ရမယ်” လို့ ပြောလိုက်ပါတယ်။
တိုင်းပြည်မှာ လမ်း၊ တံတား၊ ရထား၊ ရေ၊ မီး နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ အရေးပေါ်တည်ဆောက်ရန် လိုနေပါတယ်။ (ဓာတ်ပုံ- Reuters)
တိုင်းပြည်မှာ လမ်း၊ တံတား၊ ရထား၊ ရေ၊ မီး နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အအုံတွေ အရေးပေါ်တည်ဆောက်ရန် လိုနေပါတယ်။ (ဓာတ်ပုံ- Reuters)

မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် လက်မှတ်သက်တမ်း တိုးမပေး

စံခလပူရီ (မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ စမုတ်ဆာခွန်ခရိုင်၊ ကရထုမ်းဗန်း မြို့နယ်၊ အွမ်းနွမ်၊ ဖိကစင် ကျောက်သွေး စက်ရုံ၌ အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အယောက် ၁၀၀ ခန့်တို့၏ ယာယီ နိုင်ငံကူး လက်မှတ်နှင့် အလုပ်လုပ်ခွင့် လက်မှတ်များ သက်တမ်း ကုန်ဆုံးနေပြီ ဖြစ်သော်လည်း ကုမ္ပဏီမှ လိုက်လံ လုပ်ဆောင်ပေးခြင်း မရှိကြောင်း သိရသည်။