Saturday, May 26, 2012

 မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။

ဒုက္ခသည်များ အိမ်ကို စပြန်နေ


ထိုင်း-မြန်မာ နယ်စပ် တာ့ခ် ခရိုင် မယ်လ ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များထဲမှ မြန်မာနိုင်ငံသို့ ပြန်လည်အခြေချ နေထိုင်သူများ ရှိနေ ကြောင်း တာဝန်ရှိသူ တဦးက ပြောသည်။
မယ်လ ဒုက္ခသည် စခန်းအတွင်းက နံနက်ပိုင်း မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)

မီးမရရင် ပင်လယ်စာတွေ ပုပ်ကုန်မယ်

စက်ရုံ၊ အလုပ်ရုံများအား လျှပ်စစ်မီး လုံးဝဖြတ်တောက်လိုက်ခြင်းကြောင့် ပြည်ပတင်ပို့ရန် သိုလှောင်ထား သည့် အမေရိ ကန်ဒေါ်လာ သန်း ၂၀၀ ၀န်း ကျင် တန်ဖိုး ရှိသည့် ငါး၊ ပုစွန် များ ဆုံးရှုံးသွားနိုင်ဖွယ် ရှိကြောင်း သိရသည်။
ငါး၊ ပုစွန် စသည့်ရေထွက်များ အအေးဓာတ် မလုံလောက် ပါက ပုပ်သိုးသွား နိုင်သည့်အပြင် လျှပ်စစ်မီး မရရှိသည့် အတွက် ကုန်ကြမ်း ပစ္စည်းများ လည်း ၀ယ်ယူ သိုလှောင်ရန် အ ခက် အခဲများရှိ (ဓာတ်ပုံ- Getty Images)

ထာဝရငြိမ်းချမ်း 67 လက်မှတ်ရေးထိုး လှုပ်ရှားမှု

နယူးဒေလီ (မဇ္ဈိမ) ။       ။ တနှစ်ခန့်ကြာ ကချင်ပြည်နယ်တွင်း ထိုးစစ်များ အပါအဝင် နှစ်ပေါင်း ၆ဝ ကျော်
ပြည်တွင်းစစ် ရပ်စဲခြင်း မရှိသေး၍ “ထာဝရငြိမ်းချမ်း 67” ခေါ် လက်မှတ်ရေးထိုး လှုပ်ရှားမှုတခု စတင်တော့မည်ဟု သိရသည်။

သမဂ္ဂအဆောက်အဦး ပြန်လည်ပေါ်ထွန်းရေး ဗကသ ကြိုးပမ်းနေ

နယူးဒေလီ (မဇ္ဈိမ) ။         ။ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း တကသ အဆောက်အဦး နေရာဟောင်းတွင်
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်ခွင့်ရရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) က တောင်းဆိုလှုပ်ရှားနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပေါ်ထွက်လာရန်ရှိ

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲလျက်ရှိပြီး အသစ်ထွက်ပေါ် လာမည့် ထိုဥပဒေသစ်တွင် ဝင်ငွေခွန်နှင့် အကောက်ခွန် ကင်းလွတ်ခွင့်များ ပါရှိမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးကျော်ထွန်းက ပြောကြားသည်။

အမေရိကန်လူ့အခွင့်အရေးအစီရင်ခံစာမှာ မြန်မာအခြေအနေ တိုးတက်လာ

ပြီးခဲ့တဲ့တနှစ်အတွင်း ကမ္ဘာအ၀ှမ်းမှာ လူ့အခွင့်အရေးအခြေအနေတွေ သိသိသာသာ တိုးတက်ပြောင်းလဲ လာတဲ့အထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါ တယ်။ နှစ်စဉ်ထုတ်ပြန်နေကျ အမေရိကန်နိုင်ငံခြားရေးဌာန အခုနှစ် လူ့အခွင့်အရေး အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ တိုးတက်မှုရှိတယ်ဆိုတာကိုဖော်ပြပေမဲ့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတုန်းပဲဆိုတာကိုလည်း ထောက်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ နှစ်စဉ်ထုတ် လူ့အခွင့်အရေး အစီရင်ခံစာပါ မြန်မာနိုင်ငံအကြောင်း ဖော်ပြချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

ဒေါ်စု ကို Johns Hopkins တက္ကသိုလ် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်

မေလ (၂၄) ရက် မနေ့က အမေရိကန်ပြည်ထောင်စု Maryland ပြည်နယ်၊ Johns Hopkins တက္ကသိုလ်မှာ ကျင်းပတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Humane Letters) ချီးမြှင့်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ AIDS ရောဂါ ကာ ကွယ် ကုသစောင့်ရှေက်မှုတွေ မကြာခဏသွားရောက် လုပ်ဆောင်ခဲ့သူ Johns Hopkins တက္ကသိုလ် လူထု ပညာရေးဌာနက ပါမောက္ခ ဒေါက်တာ ခရစ်(စ်) ဘိုင်ယာ (Dr. Chris Beyrer)

ဒေါ်လာဈေးတက်ချိန်၊ ရွှေဈေး(၁၀)ရာခိုင်နှုန်းကျော်ကျဆင်းနေ

 












တောင်သမန်အင်းတွင်ပြုလုပ်မည့် ပလပ်စတစ်ကောက်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကမ်းပိန်း

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၌ တောင်သမန်အင်းတွင် ပလပ်စတစ်ကမ်းပိန်းနှင့်အတူ ပတ်ဝန်းကျင်ထိမ်း သိမ်းရေးအသိပညာပေးပွဲတစ်ရပ်အား သဘာဝချစ်သူကွန်ယက်မှ အကောင် အထည်ဖော်သွားမည်ဖြစ်သည်။

အာမခံအလုပ်သမားများ လူမှုဖူလုံရေးစရိတ် လုံလောက်စွာမရရှိပါက တိုင်ကြားနိုင်

လူမှုဖူလုံရေးဝန်ကြီးဌာန လက်အောက်ရှိအလုပ်သမားများ လူမှုဖူလုံရေးစရိတ်လုံလောက်စွာမရရှိပါက လူမှုဖူလုံရေးအဖွဲ့သို့ တိုင်တန်းနိုင်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဌက ဆိုသည်။



အလုပ်သမားခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ဆွေးနွေးရုပ် / သံ


လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ 2012-05-25 မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။ Photo courtesy of NLD မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ ခုနှစ် မေလ ၂၅ ရက်နေ့က NLD အလုံမြို့နယ် ရုံးခန်းဖွင့်ပွဲသို့ တက်ရောက်လာစဉ်။ ရန်ကုန် အလုံမြို့နယ်မှာ ကျင်းပတဲ့ NLD ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာ အဲဒီလို ပြောကြားခဲ့တာပါ။ " ကျွန်မတို့ တတွေ ဒီဓာတ်မီးကိစ္စနဲ့ စကြစို့၊ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်မီးကိစ္စဆိုတာ ကျွန်မတို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့ ဒီကိစ္စကိုတော့ လက်တွေ့ကျကျ ပြည်သူတွေကို ရှု့မြင်ချင်၊ မြင်ချင်တယ်။ တစ်နိုင်ငံလုံး ဓာတ်မီးရရှိရေးဆိုတာ နေ့ချင်းညချင်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဆယ်စုနှစ်နဲ့ ချီပြီးတော့ ကျွန်မတို့စနစ်က မမှန်ခဲ့လို့ အခုဓာတ်မီး မှန်မှန်မရတာ ဖြစ်တယ်။ ဆယ်စုနှစ်နဲ့ ချီပြီးတော့ မမှန်ခဲ့တဲ့ ကိစ္စတွေကို ပြန်ပြင်ဖို့ ဆိုတာဟာ နေ့ချင်း ညချင်းတော့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်မတို့သိတယ်။ ဒါပေမဲ့လည်း ဖြစ်အောင်လုပ်၊ ကျွန်မတို့ လုပ်ရမှာပါ။ ပြည်သူတိုင်းရဲ့ တာဝန်ပါပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျွန်မတို့ အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမဲ့ ဥပဒေနဲ့ ကိုက်ညီအောင်လည်းလုပ်ပါ" ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဥပဒေမဲ့လုပ်ရပ်တွေကို ကန့်ကွက်ကြောင်းနဲ့ ဥပဒေမဲ့ ဖမ်းဆီးခံနေရတာတွေကိုလည်း ကန့်ကွက်ကြောင်း ပြောပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ အဓိက ကျတာကြောင့် အခုလို တိုက်တွန်းပြောဆိုရတာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ
2012-05-25
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အချိန်ပြည့် လျှပ်စစ်မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေတာတွေကို ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပြီး တစ်နိုင်ငံလုံး နေ့ချင်းညချင်း လျှပ်စစ်မီး ရရှိဖို့ ဆိုတာ ကတော့ မဖြစ်နိုင်ဘူးလို့ ဒီကနေ့ ပြောဆိုပါတယ်။
Photo courtesy of NLD

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ

ဒေါ်အောင်ဆန်းစုကြည် မယ်လဒုက္ခသည်စခန်း သွားဖို့အစီအစဉ်ရှိ
2012-05-25
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ညီလာခံကို တက်ရောက်မယ့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ခရီးစဉ်အတွင်း ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်နဲ့အတူ နယ်စပ်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်မယ်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေက လာတဲ့သတင်းတွေအရ သိရပါတယ်။

သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ

သံမဏိစက်ရုံလုပ်သားများ အစာငတ်ခံ ဆန္ဒပြပြီ
2012-05-25