Friday, May 4, 2012
နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် အစီရင်ခံစာ မြန်မာ့အပြောင်းအလဲကို ချီးကျူး
ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံတွေအကြား မြန်မာနိုင်ငံ၊
လစ်ဗျားနိုင်ငံနဲ့ တူနီးရှားနိုင်ငံ သုံးနိုင်ငံမှာ သတင်း
မီဒီယာဖွံ့ဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှုတွေ အဓိက အောင်မြင် တိုးတက်မှုတွေ
မြင်ခဲ့ရတယ်လို့ Freedom House လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့
ဒီကနေ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကမ္ဘာအ၀ှမ်း သတင်း လွတ်လပ်ခွင့်
ကျဆင်းလာမှုအခြေအနေဟာ အခု ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာတော့
တန့်သွားခဲ့တယ်လို့ ၀ါရှင်တန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ရဲ့
ဒီအစီရင်ခံစာမှာ ဖော်ပြပါတယ်။
CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး
CNF ငြိမ်းအဖွဲ့ ချင်းပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေး
CNF
မြန်မာ့နိုင်ငံရေး အခွင့်အလမ်းကောင်းတွေ ပိုရှိဟု အမေရိကန်ရှုမြင်
အတိုက်အခံတွေ လွှတ်တော်တက်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက် မှာ
မြန်မာပြည်မှာ နိုင်ငံရေးအရ ပြန်လည် တည်ဆောက်ရေးတွေကို ပိုပြီး
ချဲ့ထွင်လုပ်ဆောင်သွားနိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေတယ်လို့ အမေရိကန်
ပြည်ထောင်စုက မြင်ပါတယ်။ ဒါ့အပြင်လည်း အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ
နိုင်ငံရေး အပြောင်းအလဲတွေ ဒါ့ထက် ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဆောင်
သွားနိုင်ဖို့လည်း အမေရိကန်ပြည်ထောင်စုက အထောက်အပံ့တွေ ပေးသွားမယ်လို့
ကမ်းလှမ်းပါတယ်။ ဒီအကြောင်းကို တော့ VOA သတင်းထောက် Scott Stearn က
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကနေ သတင်းပေးပို့ထားတာပါ။
ကနေဒါလွှတ်တော်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကြားနာ
ကနေဒါလွှတ်တော်မှာ မြန်မာ့လူ့အခွင့်အရေး အခြေအနေ ကြားနာ
ကနေဒါနိုင်ငံ အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကြီးမှူးပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ကြားနာပွဲ တစ်ရပ် မနေ့က ကျင်းပခဲ့ပါတယ်။
AFP
သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ
သြစတြေးလျရောက် NLD လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးရာများ လေ့လာ
ဒေါ်စန္ဒာမင်းနဲ့အတူ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်တဲ့
ဦးဖြိုးမင်းသိန်းနဲ့ ဦးဇေယျသော်တို့လည်း ဒီခရီးစဉ်မှာ လိုက်ပါလာပြီး
သီတင်းပတ် တစ်ပတ်ကျော် ကြာမြင့်မယ်လို့ ဆိုပါတယ်။
ဒီလေ့လာရေးခရီးစဉ်ကို သြစတြေးလျ လေဘာပါတီက ဖိတ်ကြားဆောင်ရွက်ပေးခဲ့တာပါ။
အခုခရီးစဉ်ဟာ NLD လွှတ်တော် ကိုယ်စားလှယ်တွေအတွက် ပထမဆုံးအကြိမ် ပြည်ပသင်တန်းတွေကို တရားဝင် တက်ရောက်လေ့လာတာ ဖြစ်ပါတယ်။
ခရီးစဉ်အတွင်း သြစတြေးလျနိုင်ငံရဲ့ လွှတ်တော်ကို သွားရောက်လေ့လာမှာဖြစ်သလို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
အွန်လိုင်းမီဒီယာလည်း အခြားမီဒီယာများလို မှတ်ပုံတင်ခွင့်ပြုမည်
ရန်ကုန်၊ မေ ၃။ ၂၀၁၂ ၊ သူရမျိုး-YPI
အွန်လိုင်းမီဒီယာများကိုလည်း သမားရိုးကျ မီဒီယာသမားများနည်းတူသတ်မှတ်ပြီး မှတ်ပုံတင်ခွင့်နှင့် အခွင့်အရေးတန်းတူ ရစေရန် စဉ်းစားဆောင်ရွက်လျှက်ရှိကြောင်း ယနေ့ ရန်ကုန်မြို့၌ ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (၂၀၁၂) အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား ၂ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦး ခေါင်းဖြတ်
ကွပ်မျက်ခံရပြီး (၇) လအကြာတွင် နောက်ထပ် ဘင်္ဂလီ ၂ ဦးကို ဆော်ဒီ
အာရေဗီးယားတွင် မေလ ၁ ရက်နေ့က လူသတ်မူနှင့် ခိုးမူကြောင့် ခေါင်းဖြတ်
ကွပ်မျက်ခဲ့သည်ဟု သိရသည်။
ခေါင်းဖြတ် ကွပ်မျက်ခံရသူ ဘင်္ဂလာဒေခ်ျ့
နိုင်ငံသား အလုပ်သမား (၂) ဦးမှာ Najoum Md Amin abdul sharif နှင့် Abdul
Majid Abu Bakr Manza တို့ဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို ဒီနှစ်ထဲ သွားရောက်လည်ပတ်ဖို့ ရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးဖို့အတွက် ဂျပန်နိုင်ငံကို ဒီနှစ်ထဲမှာ သွားရောက် လည်ပတ်ဖို့ ရှိတယ်လို့ AFP သတင်းဌာနက ဖော်ပြပါတယ်။
ဟိုတယ်ခမြင့်တက်မှုကြောင့် ခရီးစဉ် ဖျက်သိမ်းမှုများရှိလာ
မေလ ၃ ရက်၊ ၂၀၁၂ ခုနှစ်-ပိုင်ပိုင် (YPI)
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။
"
ဟိုတယ်အခန်းခ ဈေးနှုန်းမြင့်တက်လာမှုကြောင့် လာမည့် ခရီးသွားရာသီအတွက် နိုင်ငံခြားခရီးသည်များ၏ ခရီးစဉ်တချို့ ဖျက်သိမ်းခဲ့ကြသည်ဟု ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးသူများက ပြောသည်။
"
လေကြောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းများကဲ့သို့ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထား အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူလုပ်ကိုင်မည့် ပုံစံမျိုးဖြင့် ခွင့်ပြုမည်ဖြစ်ပြီး အများပိုင် ကုမ္ပဏီများဖွဲ့၍လည်း လျှောက်ထား ရယူနိုင်
လေကြောင်း၊ ရထားပို့ဆောင်ရေး လုပ်ငန်းများကဲ့သို့ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရန် စီစဉ်ထားကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့သည်။
BOT စနစ်ဖြင့် နှစ်ရှည်မြှုပ်နှံမည့် ဆိပ်ကမ်းသစ်ကြီးများ တည်ဆောက်မှု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့တင်ပြကာ ခွင့်ပြုချက်ရယူပြီးမှ လုပ်ကိုင်ရမည်ဟု MIC တာဝန်ရှိသူပြောကြား နိုင်ငံပိုင် အလုံသင်္ဘောကျင်းနေရာတွင် MIC ခွင့်ပြုချက်မရှိဘဲ ပုဂ္ဂလိကမှ ဆိပ်ကမ်းတိုးချဲ့မှုအချို့ စတင်လုပ်ဆောင်နေ
ကစားကွင်းနှင့် ၀န်ထမ်းအိမ်ရာအချို့ ရှိခဲ့သည့်နေရာအား ဆိပ်ကမ်းလုပ်ငန်းများဖြင့် ပတ်သက်၍ တိုးချဲ့ထားစဉ်
ဘင်ဘာဒင် ထောက်ခံသူတွေ ပါကစ္စတန်မှာ ဆန္ဒပြ
Al-Qaida ခေါင်းဆောင် အိုစာမား ဘင်လာဒင် သေဆုံးခဲ့ရတာ တနှစ်ပြည့်တဲ့
အထိမ်းအမှတ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ ရာနဲ့ချီတဲ့ ပါကစ္စတန် နိုင်ငံသားတွေဟာ
လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
Subscribe to:
Posts (Atom)