ကင်မွန်းခြုံ၊ ဧပြီ ၃၀၊ ၂၀၁၂ (YPI) -ချစ်ဦးမောင် ရေးသားသည်။
-
အရင်က ရွာထဲမှာ ၀မ်းပျက်၊ ၀မ်းလျှောတွေဖြစ်ပြီဟေ့ဆိုရင် ဒါဟာ
အစားအသောက်မဆင်ခြင်လို့ ဖြစ်ရတာလို့ပဲ ကင်မွန်းခြုံရွာသား အများစုက
မှတ်ယူထားကြပါတယ်။
“အခုနောက်ပိုင်းကျမှ ယင်လုံအိမ်သာတွေ မသုံးလို့
ဝမ်းပျက်ဝမ်းလျှောတွေ အဖြစ်များရတယ်ဆိုတာ သိလာကြတာ” လို့
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်ထဲမှာရှိတဲ့ ကင်မွန်းခြုံရွာရဲ့
ဥက္ကဋ္ဌဦးသန်းမောင်က ပြောပါတယ်။